KIC News
တားမြစ်နယ်မြေထဲ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ ၆ တို့ကြား ပစ်ခတ်မှုဖြစ်ပွား
စက်တင်ဘာ ၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိတ်ကျေးရွာတွင် တားမြစ်နယ်မြေထဲကို ကျော်လွန်ဝင်ရောက်သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ ၆) တပ်ဖွဲ့တို့အကြား ယနေ့ (စက်တင်ဘာ ၁ ရက်) နံနက်အစောပိုင်းက ပစ်ခတ်မှုဖြစ်ပွားသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်အရ...
ထားဝယ်ခရိုင်ရှိ ကျေးဇူးတော်ရွာဒေသခံအများစု နေအိမ် ပြန်မလာရဲသေးကြောင်း ဒေသခံများပြော
ဩဂုတ် ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏ နယ်မြေရှင်းလင်းရေး သတင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် တနသင်္ာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ကျေးဇူးတော်ကျေးရွာရှိ ဒေသခံအများစုမှာ ယနေ့အချိန်ထိ ပြန်မလာရဲ သေးကြောင်း ဒေသခံများထံမှ သိရသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) ထိန်းချုပ် နယ်မြေအတွင်းရှိနေသည့် အဆိုပါ...
KNU တပ်မဟာ(၅)နယ်မြေတွင် ဩဂုတ်လအတွင်း စစ်ကောင်စီတပ် ၁၀ဝ ကျော် ထပ်မံကျဆုံး
ဩဂုတ် ၃၁ ရက်၊ ၂၀၂၁ ခုနှစ် ။ ကေအိုင်စီ
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ(၅)နယ်မြေတွင် ဩဂုတ်လ တစ်လအတွင်း တိုက်ပွဲပေါင်း (၁၃၀)ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ (၁၁၈) ဦး ထပ်မံကျဆုံးခဲ့သည်ဟု ကေအဲန်ယူ မူတြော်ခရိုင် သတင်းစဉ်က ဩဂုတ်လ...
မြဝတီမြို့၌ Testkit ဖြင့် ကိုဗစ်-၁၉ ရှိမရှိ ယခုရက်ပိုင်းအတွင်း စစ်ဆေးပြီးသူ ၁,၃၀ဝ ခန့်ရှိရာ ၁...
ဩဂုတ် ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့တွင် Testkit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ ယခုရက်ပိုင်း အတွင်း အခမဲ့ စစ်ဆေးပေးလျက်ရှိရာ လူဦးရေ ၁၃၀ဝ နီးပါးစစ်ဆေးခဲ့ပြီး ၎င်းတို့အနက် အမျိုးသမီး ၁ ဦးသာ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း...
ဒေသတွင်း စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ BGF ၊ DKBA ခေါင်းဆောင်များကျေးရွာအုပ် ချုပ်ရေးမှူးများနှင့် သွားရောက်တွေ့ဆုံ
ဩဂုတ် ၃ဝရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း လတ်တလော ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခအခြေအနေနှင့် ပတ်သက်၍ နယ်ခြား စောင့်တပ်(BGF)နှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ခေါင်းဆောင်များက ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် တွေ့ဆုံမှုတစ်ရပ်ကို ဩဂုတ်လ ၃ဝရက်(ယနေ့) ပြုလုပ်ခဲ့သည်။
BGF အနေဖြင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား လုပ်ဆောင်ရမည့် ပစ်ခတ်တိုက်ခိုက်မှုမျိုး...
ပန်းတနော်မြို့နယ် ကျေးရွာတချို့တွင် နယ်မြေခံရဲများမှ သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှု များပြုလုပ်နေ
ဩဂုတ် ၃ဝ ရက်၊ ၂၀၂၁ခုနှစ်။ကေအိုင်စီ
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်ရှိ ကျေးရွာတချို့တွင် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ စစ်ကောင်စီ လိုလားသူ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များသည် ကျေးရွာအတွင်း ညတွင်း လှည့်လည်၍ သေနတ် ပစ်ဖောက် ခြောက်လှန့်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် လများမှ စ၍...














