Home သတင်း ‌လေး‌ကေ‌ကော်‌ဒေသ ဒီဇင်ဘာ ၁၈ရက် ‌နေ့လည်ပိုင်းအထိ အ‌ခြေအ‌နေ

‌လေး‌ကေ‌ကော်‌ဒေသ ဒီဇင်ဘာ ၁၈ရက် ‌နေ့လည်ပိုင်းအထိ အ‌ခြေအ‌နေ

1560

ဒီဇင်ဘာ ၁၈ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌လေး‌ကေ‌ကော် အ‌မြှောက်ကုန်း(လက်နက်ကြီးကုန်း)‌နေရာမှ ရိက္ခာပြတ်လပ်‌နေသည့် စစ်‌ကောင်စီတပ်များ ယ‌နေ့ ဒီဇင်ဘာ ၁၈ရက် မနက်ပိုင်း ‌သောက်‌ရေဆင်းခပ်ရာတွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA၊ ကရင်အမျိုးသား ကာကွယ်‌ရေးတပ်ဖွဲ့ – KNDO နှင့် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့-PDF ပူး‌ပေါင်းတပ်ဖွဲ့များ၏ ‌စောင့်၍ ပစ်ခတ်မှု‌ကြောင့် စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၁ဦး ကျဆုံးကာ ၁ဦးဒဏ်ရာရရှိခဲ့သည်။

ထိုအ‌ခြေအ‌နေ‌ကြောင့် နှစ်ဖက် တပ်ဖွဲ့များ စစ်‌ရေးအရ ရင်ဆိုင်အ‌နေအထားရှိ‌နေပြီး လမ်းမကြီးများ‌ပေါ်တွင် ဖြတ်သန်း သွားလာမှု ပိတ်ပင်ထား‌ကြောင်း သိရသည်။

‌လေး‌ကေ‌ကော်‌မြောက်ဘက်ရှိ မယ်‌ထော်သ‌လေးရွာကို သိမ်းထားနိုင်ပြီး နယ်ခြား‌စောင့်တပ်-BGF တပ်နယ်(၃) တပ်ရင်း(၁၀၂၂) ဗိုလ်မှူး‌စောမုတ်သုန်တပ်ဖွဲ့ အ‌ခြေစိုက်ရာ ‌မေတ္တာလင်းမြိုင်ရွာရှိ BGF နှင့် စစ်‌ကောင်စီ ပူးတွဲစစ် ‌ကြောင်း အထိုင်ချထား‌သော‌နေရာကို KNLA နှင့် KNDO ပူး‌ပေါင်းတပ်ဖွဲ့က ဆက်လက် ပိတ်ဆို့ထား‌နေဆဲဖြစ်သည်။

ဒီဇင်ဘာလ ၁၇ရက် ညက ‌လေး‌ကေ‌ကော်မြို့သစ်အ‌ရှေ့ဘက် အင်ကြင်းမြိုင်‌ကျေးရွာရှိ နယ်ခြား‌စောင့်တပ် -BGF စစ် ကတုတ်ကုန်း‌နေရာအား KNLA၊ KNDO၊ PDF ပူး‌ပေါင်းတပ်ဖွဲ့များ ဝင်‌ရောက်‌နေရာယူ ထိန်းချုပ်ထားနိုင်ပြီဟု ပူး‌ပေါင်း တပ်ဖွဲ့သတင်းအရင်းအမြစ်အရ သိရသည်။

ထို့အပြင် ယမန်‌နေ့ညဦးပိုင်းက စစ်‌ကောင်စီ၏ စစ်‌လေယာဉ် ၅ကြိမ်ထက်မနည်း လာ‌ရောက်ပျံဝဲခဲ့သလို ယ‌နေ့ ‌နေ့ လည် ၁၁နာရီခွဲ‌ကျော်အချိန်ကလည်း ‌လေယာဉ်တစ်စီး လာ‌ရောက်ပျံသန်းခဲ့သည့်အပြင် စစ်ကားများနှင့် တင့်ကားများ လည်း ‌လေး‌ကေ‌ကော်‌ဒေသဘက် တက်လာ‌နေ‌ကြောင်း ‌မြေပြင်သတင်းအရ သိရသည်။

ယ‌နေ့ ဒီဇင်ဘာလ ၁၈ရက် နံနက်ပိုင်းတွင် စစ်‌ဘေး‌ရှောင်၏ ‌နောက်ဆုံးအ‌ခြေအ‌နေမှာ ဒီဇင်ဘာ ၁၆၊ ၁၇ ရက်များတွင် ‌မေတ္တာလင်းမြိုင်၊ မယ်‌ထော်သ‌လေး၊ ဖလူး‌လေး၊ ပဟိက‌လော်၊ ထီးမယ်ဝါးခီး၊ ‌လေး‌ကေ‌ကော် ရပ်ကွက် ၆ခု အပါအဝင် ‌ဒေသခံတစ်‌သောင်း‌ကျော်အထိရှိလာရမှ ထိုင်း-မြန်မာနယ်စပ် ‌သောင်ရင်းမြစ်ကမ်းတစ်‌လျှောက် ထိစပ်‌နေ‌သော အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ ဖလူး‌လေး‌ကျေးရွာ ကမ်းစပ်များမှတစ်ဆင့် ကူးဖြတ်ခြင်း၊ စက်‌လှေများဖြင့် ကမ်းကူးခြင်း များ ပြုလုပ်ကာ ထိုင်းနိုင်ငံ မဲ‌ဆောက်ခရိုင် မယ်‌တောင်‌ကျေးရွာအုပ်စု မယ့်ကိုကင်းရွာရှိ စိုက်ပျိုး‌ရေးခြံ၊ နွား‌မွေးမြူ‌ရေး ခြံများနှင့် စာသင်‌ကျောင်းများ၌ စစ်‌ဘေး‌ရှောင်ပြည်သူ ၂၀၀၀‌ကျော် ‌ရောက်ရှိခိုလှုံ‌နေကြသည်။

အဆိုပါစစ်‌ရှောင်ပြည်သူများအား ထိုင်းနယ်ခြား‌စောင့်တပ်၊ ထိုင်းလဝက၊ ထိုင်းရဲတပ်ဖွဲ့၊ ထိုင်း‌စေတနာဝန်ထမ်းအဖွဲ့ များက မယ်‌တော်‌ကျေးရွာအုပ်စုရှိ စာသင်‌ကျောင်း၊ ဘုန်းကြီး‌ကျောင်းများသို့ စိစစ်စာရင်း‌ကောက် ‌ရွှေ့‌ပြောင်း‌ပေးကာ ယာယီ‌နေရာချ‌ပေးထား‌ကြောင်း ကူညီသူများထံမှ သိရသည်။

ဒီဇင်ဘာ ၁၈ရက်‌နေ့ နံနက်ပိုင်းတွင် နယ်စပ်ကမ်းကူးဂိတ်များ ယာယီပိတ်ထားသဖြင့် မြန်မာဘက်ခြမ်း ‌သောင်ရင်းမြစ် ကမ်းတစ်‌လျှောက်ရှိ ‌ဒေသခံပြည်သူများမှာ အိမ်ခြံဝင်းများ၊ စာသင်‌ကျောင်းများနှင့် DKBA အပစ်ရပ်အဖွဲ့ပိုင် တပ်ဝင်း ခြံဝင်းများတွင် ယခုအချိန်အထိ ယာယီ ခိုလှုံ‌စောင့်ဆိုင်း‌နေကြရ‌ကြောင်း သိရှိရသည်။