KIC News
ချင်းပြည်သူများနှင့်အတူ ရပ်တည်ကြောင်း KNU သဘောထားထုတ်ပြန်
အောက်တိုဘာ ၃၁ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် အသက်အိုးအိမ် စည်းစိမ်ထိခိုက်ပျက်စီးခံခဲ့ရသည့် ချင်းပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ယမန်နေ့ အောက်တိုဘာလ ၃ဝ ရက်နေ့ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ကြေညာခဲ့သည်။
လက်နက်မဲ့ အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ပြုမူသော မြန်မာ့တပ်မတော်ကို ၎င်းတို့...
စစ်ကောင်စီတပ်များ လေးကေကော်မြို့သစ်ရှိ ရပ်ကွက်နေအိမ်များကို ဝင်ရောက် စစ်ဆေးမေးမြန်းမှု ပြုလုပ်ခဲ့
အောက်တိုဘာ ၃၁ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့ တောင်ဘက် KNU -ကရင်အမျိုးသားအစည်းအရုံး တက်မဟာ ၆ နယ်မြေ လေးကေကော် မြို့သစ် အတွင်းသို့ ယနေ့ အောက်တိုဘာ ၃၁ နံနက် ၉ နာရီ အချိန်ခန့်က အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဒုတိယဗိုလ်မှူးကြီး...
လပွတ္တာမြို့တွင် ကိုဗစ်ဆေးထိုးရန် လိမ်ညာခေါ်ယူကာ စစ်တပ်ထောက်ခံပွဲလုပ်ခဲ့
အောက်တိုဘာ ၃ဝရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့တွင် ယနေ့ အောက်တိုဘာလ ၃ဝရက်နေ့၌ မြို့နယ်စစ်ကောင်စီက ဦးဆောင်၍ မြို့နယ်တွင်းရှိ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုးရမည်ဟု လိမ်ညာခေါ်ယူပြီး စစ်ကောင်စီနှင့် တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့ကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
အဆိုပါမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် မြို့ခံများကို...
ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲအတွက် လက်ဝှေ့တွဲဆိုင်း ၃၂ ပွဲကို တစ်ရက်အတွင်း ကျင်းပသွားမည်
အောက်တိုဘာ ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
လာမည့်နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၆၆) နှစ်မြောက် ကရင်ပြည်နယ်နေ့တွင် ရိုးရာလက်ဝှေ့တွဲဆိုင်း ၃၂ ပွဲကို ဖားအံမြို့ မိုးလုံ၊ လေလုံအားကစားရုံ၌ တစ်ရက်အတွင်းအပြီး အစီး ကျင်းပသွားမည်ဖြစ်သည်ဟု လက်ဝှေ့ကလပ် တာဝန်ရှိသူများထံမှ သိရှိရသည်။
ကရင်ပြည်နယ်ရှိ...
လက်ရည်တစ်ပြင်တည်း စားချင်တယ် (ကဗျာ)
လက်ရည်တစ်ပြင်တည်း စားချင်တယ်
နွေဦးလေက သစ္စာမြေကို
မညှာမတာ တိုက်ခတ်လို့...
ဒီလှိုင်းဂယက်ကြားကပဲ
တို့တစ်တွေ ရှင်ကွဲ ကွဲခဲ့ရတယ်။
ဆုံမှတ်တူတယ် ဆိုပေမဲ့
ရင်းခဲ့ရတဲ့ နေ့တွေက
ရက်စွဲတွေ မတူဘူး ...
ရင်းခဲ့ရတဲ့ အရင်းအနှီးတွေက
နောက်ဆုံးထွက်သက်ထိ ဆိုတော့
တန်ဖိုးချင်း မတူဘူး ...။
တစ်မွန်းတည့် ဟန်ပြရုံနဲ့
ခရီးရောက်နိုင်ရိုးလား...
ဆယ်ဖီတစ်ချက်ဆွဲပြရုံနဲ့
ပန်းတွေ ဝေနိုင်ရိုးလား...
တစ်ဝမ်းတစ်ခါး ရရုံလေးနဲ့
လူရင်းကို ရှင်ကွဲ ကြံရက်တယ်။
ရဲရင့်ရမယ်...တဲ့
ပြတ်သားရမယ်...တဲ့
အမှန်တရားဘက် ရပ်တည်ရင်း...
တကယ့် အမှန်တရားက ကိန်းအောင်းမနေဘူး
အမှန်တရားနောက်လိုက်ရင်း...
လူသားတစ်ယောက်ရဲ့ အခွင့်အရေး
ပိုဝေးသွားသလို...
သတ္တိရှိပြပြီးမှ...
မရေရာတဲ့ မျှော်လင့်ချက်တွေ...
ဖားအံမြို့နယ် တပ်မတော်ထောက်ခံပွဲတွင် မြိုင်ကြီးငူဒေသခံများ ပါဝင်ခဲ့
အောက်တိုဘာ ၃ဝရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
လူအင်အားထောင်နှင့်ချီသော စစ်ကောင်စီ(မြန်မာ့တပ်မတော်) ထောက်ခံသည့် လမ်းလျှောက်ချီတက်ပွဲကို ကရင်ပြည် နယ်၊ ဖားအံမြို့နယ်တောင်ဘက် ဇွဲကပင်တောင်ခြေရှိ လုမ္ပဏီဥယျာဉ်တွင် အောက်တိုဘာလ ၃ဝရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ မြိုင်ကြီးငူဒေသခံများလည်း ပါဝင်ခဲ့ကြသည်။
လမ်းလျှောက်ချီတက်ကြသူများမှာ ‘မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံပါသည်’ ‘တိုင်းရင်းသားစည်းလုံးညီ ညွတ်မှု...
ကွယ်လွန်သွားသည့် KNLA တပ်မဟာ(၆) ဗျူဟာမှူး ဗိုလ်မှူးကြီးစောဂျိုးဆွာ ဈာပနပြီးစီး
အောက်တိုဘာ ၂၉ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ KNLA တပ်မဟာ(၆) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောဂျိုးစွာသည် ပြီးခဲ့ သည့်နှစ်ရက်က ကွယ်လွန်သွားခဲ့ပြီး အောက်တိုဘာ ၂၉ရက်၊ ယနေ့တွင် ၎င်းနေထိုင်သည့် မက်ကသာရွာသစ်ရှိ နေအိမ် ခြံဝင်းတွင် ဂူသွင်းသဂြိုလ်သည့် ဈာပနအခမ်းအနားကို ပြုလုပ်ပြီးစီးပြီဖြစ်သည်။
အသက် ၇၅နှစ်ရှိပြီဖြစ်သည့် ဗိုလ်မှူးကြီးစောဂျိုးဆွာသည် ကိုဗစ်ကူးစက်ခံရပြီး...














