Home သတင်း စစ်‌ကောင်စီဖိတ်‌ခေါ်သည့် ငြိမ်းချမ်း‌ရေးအကြိုညှိနှိုင်း‌ဆွေး‌နွေးပွဲ မတက်‌ရောက်နိုင်ဟု ‌ကေအဲန်ယူ‌ပြော

စစ်‌ကောင်စီဖိတ်‌ခေါ်သည့် ငြိမ်းချမ်း‌ရေးအကြိုညှိနှိုင်း‌ဆွေး‌နွေးပွဲ မတက်‌ရောက်နိုင်ဟု ‌ကေအဲန်ယူ‌ပြော

1061

‌ဖေ‌ဖော်ဝါရီ ၇ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

အာဏာသိမ်းစစ်‌ကောင်စီ ဦး‌ဆောင်ကျင်းပမည့် စိန်ရတုပြည်‌ထောင်စု‌နေ့ အခမ်းအနားတွင် EAOs တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များအ‌နေဖြင့် တက်‌ရောက်ရန်နှင့် ထာဝရငြိမ်းချမ်း‌ရေးအကြိုညှိနှိုင်း‌ဆွေး‌နွေးပွဲ လုပ်‌ဆောင်သွားရန် စစ်‌ကောင်စီ၏ ဖိတ်ကြားမှုအ‌ပေါ် တက်‌ရောက်‌ဆွေး‌နွေးရန်မရှိ‌ကြောင်း ‌ကေအဲန်ယူ ဗဟိုနိုင်ငံ ခြား‌ရေးဌာန တာဝန်ခံပဒို‌စော‌တောနီးက ‌ပြောသည်။

‌ဖေ‌ဖော်ဝါရီလ ၁၂ ရက်‌နေ့တွင် ကျင်းပမည့် ၇၅ နှစ်‌မြောက် ပြည်‌ထောင်စု‌နေ့ ‌ဆွေး‌နွေးပွဲသို့ အကြမ်းဖက်အုပ်စု အဖြစ် ‌ကြေညာထားသည့်အဖွဲ့မှလွဲ၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးသ‌ဘောတူ စာချုပ်(NCA) လက် မှတ်ထိုးထားသည့် အဖွဲ့အပြင် NCA လက်မှတ်မထိုထား‌သော တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များကို လည်း ထာဝရငြိမ်းချမ်း ‌ရေးအတွက် ဖိတ်‌ခေါ်သည်ဆိုပြီး စစ်‌ကောင်စီက ‌ဖေ‌ဖော်ဝါရီလ(၆)ရက်‌နေ့တွင် ဖိတ်‌ခေါ်ချက်နှင့် ပတ်သက်၍ ‌ကေအဲန်ယူ၏ သ‌ဘောထားကို ‌မေးမြန်းရာတွင် ပဒို‌စော‌တောနီးက ယခုလို ‌ပြောသည်။

၎င်းက“သူတို့‌ပြောတဲ့ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲအတွက်က အခုချိန်မှာ ကျ‌နော်တို့က သူတို့နဲ့သွားပြီး‌ဆွေး‌နွေးစရာ အ‌ကြောင်းမရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး စာချုပ်လက်မှတ်ထိုးပြီး ‌နောက် ပိုင်း သူတို့နဲ့သွားပြီး ‌ဆွေး‌နွေးခဲ့တာ နှစ်‌ပေါင်း၊ လ‌ပေါင်းများခဲ့ပြီး။ သူတို့က အတင်းအဓမ္မအာဏာသိမ်းယူတယ်။ ပြီး‌တော့ သ‌ဘောတူညီချက်ကတိ‌တွေကို ဖျက်ဆီးခဲ့တယ်။ အဲဒါ‌ကြောင့် ကျ‌နော်တို့ကသွားပြီး ‌ဆွေး‌နွေး စရာ မလို‌တော့ဘူး။ အခု ကျ‌နော်တို့လုပ်ရမှာက စစ်တပ်ဟာ သူတို့‌နေရာ သူတို့‌နေရမယ်။ ပြီး‌တော့ နိုင်ငံ‌ရေးမှာ ဝင်မပါရဘူး။ သူတို့ဆီက ဖက်ဒရယ်ဒီမိုက‌ရေစီရဖို့က မ‌မျှော်လင့်နဲ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် စစ်‌ကောင်စီဖိတ်‌ခေါ်သည့် ‌ဆွေး‌နွေးပွဲထဲတွင် ‌ဆွေး‌နွေးမည့်အ‌ကြောင်းအရာများနှင့်ပတ်သက်၍ ကြိုတင် ကန့်သတ်ချက်မထားဘဲ တတ်နိုင်သမျှ လွတ်လပ်စွာ နှီး‌နှောဖလှယ်နိုင်ရန် ရည်ရွယ်‌နေ‌ကြောင်းလည်း ဖိတ်‌ခေါ် စာတွင် ပါရှိသည်။

လက်ရှိအချိန်တွင် အာဏာသိမ်းစစ်‌ကောင်စီ‌ခေါင်း‌ဆောင်များကို အာဆီယံနိုင်ငံများကလည်း ‌နေရာ‌ပေးမှုများ မရှိသည်ကို အားလုံးသိရှိ‌နေပြီဖြစ်သည့်အတွက် အဆိုပါ စစ်‌ခေါင်း‌ဆောင်ပြုလုပ်မည့် ‌ဆွေး‌နွေးပွဲတွင် တက် ‌ရောက်ပါက စစ်‌ကောင်စီလုပ်‌ဆောင်ချက်များကို အား‌ပေးအား‌မြှောက်ရာ‌ရောက်သည့်အပြင် အသိမှတ်ပြုရာ ‌ရောက်သည့်အတွက် သွား‌ရောက်ပတ်သက်ရန် မလိုအပ်‌ကြောင်းလည်း ‌ကေအဲန်ယူဘက်က ‌ပြောသည်။

နိုင်ငံ‌တော်စီမံအုပ်ချုပ်‌ရေး‌ကောင်စီသည် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် အ‌ကောင်အထည် ‌ဖော်ပြီး NCA အတိုင်း အ‌လေးထားအ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်‌နေ‌ကြောင်း စစ်‌ကောင်စီ၏ ငြိမ်းချမ်း‌ရေး အကြိုညှိနှိုင်း‌ဆွေး‌နွေးပွဲ ဖိတ်‌ခေါ်စာတွင် ‌ပြောဆိုထားမှုနှင့်ပတ်သက်၍ ပဒို‌စော‌တောနီးက ယခုလို ဆက်လက်‌ပြောဆိုသည်။

“သူတို့အမြဲလုပ်တာက တစ်ဖက်က နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် ‌ခေါ်တယ်။ တစ်ဖက်က ကျ‌နော်တို့နယ် ‌မြေကို လာပြီး တိုက်ခိုက်တယ်။ ဒီလိုလုပ်တာဟာ များခဲ့ပြီ။ ကျ‌နော်တို့အတွက် သင်ခန်းစာရခဲ့တာလည်း များပြီ။ သူတို့က နိုင်ငံ‌ရေး‌ဆွေး‌နွေးမယ်လို့‌ပြောရင် ကျ‌နော်တို့က‌တော့ ‌သေနတ်ကိုင်ပြီး ‌မောင်းတင်ဖို့ အဆင်သင့်လုပ်ရ‌တော့မယ်။ ဒါက ကျ‌နော်တို့ ကြုံ‌တွေ့ခဲ့ရတဲ့ ဖြတ်သန်းမှု‌တွေပဲ။”ဟု ပဒို‌စော‌တောနီးက ‌ပြောသည်။

စစ်‌ကောင်စီ၏ ငြိမ်းချမ်း‌ရေး ဖိတ်‌ခေါ်စာအရ နိုင်ငံ‌တော်၏ ‌ရှေ့ဆက်‌ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ထဲတွင် အမျိုးသား‌ရေး လုပ်ငန်းစဉ်၊ နိုင်ငံ‌ရေးလုပ်ငန်းစဉ်အပြင် ငြိမ်းချမ်း‌ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲ‌ရေး လုပ်ငန်းစဉ် အဖြစ် ယခုနှစ်မှစ၍ ငြိမ်းချမ်း‌ရေးအတွက် ‌ခြေလှမ်းအသစ်များ စတင်မည်ဖြစ်‌ကြောင်းလည်း ‌ရေးသား‌ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ ‌အောက်တိုဘာလ(၁)ရက်‌နေ့မှစတင်ပြီး ၂၀၂၂ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလကုန်အထိ နိုင်ငံတစ်ဝှမ်း တွင် အပစ်ရပ်ထားသည်ဟု စစ်‌ကောင်စီက ‌ကြေညာထား‌သော်လည်း နယ်‌မြေ‌ဒေသအသီးသီးတွင် ပစ်ခတ်မှု ‌နေ့စဉ်နီးပါးဖြစ်ပွားခဲ့သလို ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေများတွင်လည်း စစ်‌ကောင်စီတပ်များ အင်အားတိုးချဲ့ကာ ‌မြေပြင်တိုက်ခိုက်မှုအပြင် ‌လေ‌ကြောင်းတိုက်ခိုက်မှုပါ လုပ်‌ဆောင်လျက်ရှိသည်။