Home Authors Posts by KIC News

KIC News

21995 POSTS 0 COMMENTS

ခလယ်-တံခွန်တိုင်ရဲစခန်းအနီး တိုက်ပွဲဖြစ်ပွား၍ အရပ်သား ၁ ဦးကျည်ထိမှန်သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိ

ဧပြီ ၂၃ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာ ရဲစခန်းအနီးတွင် ယနေ့ ဧပြီလ ၂၃ရက်နေ့ နေ့လည် ၁နာရီဝန်းကျင်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားပြီး အရပ်သား ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံထံမှ သိရသည်။ အဆိုပါ...

ငြိမ်းချမ်းရေးဆွေးနွေးစဉ်အပစ်ရပ်ထားမည်ဟုဆိုသော်လည်း လေးကေကော်တွင် စစ်အင်အားတိုးချဲ့မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေဆဲ

ဧပြီ ၂၃ ရက်၊ ၂၀၂၂ ခုနှစ် ။ ကေအိုင်စီ ငြိမ်းချမ်းရေးဆွေးနွေးစဉ်ကာလ အပစ်ရပ်ထားမည်ဟုဆိုသော်လည်း မြဝတီမြို့တောင်ဘက်ရှိ လေးကေကော် ဒေသတွင် စစ်အင်အားတိုးချဲ့နေမှုနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများအား စစ်ကောင်စီတပ်များဘက်က လုပ်ဆောင်နေဆဲဖြစ်သည်ဟု မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။ စစ်ကောင်စီက ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့တွင်...

ကော့ကရိတ်မြို့တွင် ဖမ်းဆီးစစ်ဆေးမှုများ စစ်ကောင်စီ ဆက်တိုက်လုပ်ဆောင်နေ

ဧပြီ ၂၂ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ကော့ကရိတ်မြို့ထဲတွင် ယခုရက်ပိုင်းအတွင်း လူငယ်များ ဖမ်းဆီးစစ်ဆေးခံရမှုများလာပြီး ငွေလွှဲ၊ ငွေထုတ်လုပ်ဆောင်သူအချို့ကိုလည်း စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့များမှ ဝင်ရောက်စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်လာသည်ဟု မြို့ခံများက ပြောသည်။ ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့တွင် Non-CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် မပါဝင်သူ) ကျောင်းဆရာ တစ်ဦးအား...

ပိတ်ထားသော ချောင်းအား မဖွင့်ပေး၍ စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၅ဝဝ ကျော် ထပ်မံတိမ်းရှောင်ရ

ဧပြီ ၂၂ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကွီလုံတိုင်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအသုံးပြုနေသည့် ချောင်းရေအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ ပိတ်ဆို့ထားမှုကို ပြန်မဖွင့်ပေးသဖြင့် ယမန်နေ့ ဧပြီ ၂၁ရက်နေ့တွင် စစ်ကောင်စီတပ်က လေယာဉ် ၂ စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု သိရသည်။...

ပညာရေးအရင်းအမြစ် မွေးထုတ်ပေးတဲ့ သူးမွဲခီးကျောင်း

ဧပြီ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ အနက်၊ အဖြူ၊ အနီရောင် စပ်ထားတဲ့ ဘွဲ့ရဝတ်စုံ ကိုယ်စီဝတ်ဆင်ထားတဲ့ လူငယ်မောင်မယ်တွေဟာ တစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်စကားပြောဆိုရင်း သူတို့မျက်နှာလေးတွေပေါ်မှာ အပြုံးပန်းတွေ ဝေဆာလို့နေပါတယ်။ ဒါကတော့ ထိုင်း- မြန်မာနယ်စပ် မြန်မာရွှေ့ပြောင်းကျောင်း တစ်ကျောင်းဖြစ်တဲ့ သူးမွဲခီးကျောင်းမှာ ပြီးခဲ့တဲ့ ဧပြီလ...

ဖလူးရွာတွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ညဘက် လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်

ဧပြီ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ လေးကေကော်ဒေသ ဖလူးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် KNLA ပူးပေါင်းတပ်များအကြား ထိတွေ့ပစ်ခတ်တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က ညဘက် လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။...
Donate