KIC News
KNLA ပူးပေါင်းစစ်ကြောင်း ရဲဘော်များအကြား ငှက်ဖျားရောဂါအဖြစ်များနေ
ဇွန်လ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီတပ်များနှင့် စစ်ရေးတင်းမာနေသည့် မြဝတီတောင်ဘက်အခြမ်းဒေသ နှင့် ကော့ကရိတ် တောင်ပိုင်းဒေသဘက်တွင် စစ်ရေးလှုပ်ရှားနေကြသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း စစ်ကြောင်းများမှ စစ်သည်ရဲဘော်များအကြား ယခုတလော ငှက်ဖျားရောဂါ အဖြစ်များလျက်ရှိသည်ဟု သိရှိရသည်။
မြဝတီတောင်ဘက်ရှိ လေးကေကော်၊ သေ့ဘောဘိုး၊ ဝေါလေဘက်အခြမ်းနှင့်...
ဖားအံ-ရန်ကုန်အဝေးပြေးကားလမ်းမပေါ် မေးမြန်းစစ်ဆေးမှုများ ပိုမိုတင်းကြပ်လာ
ဇွန်လ ၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့မှ ရန်ကုန်သို့ သွားသောအဝေးပြေးကားလမ်းမတစ်လျှောက်တွင် ပြည်သူများ ခရီးသွားလာမှုအပေါ် မေးမြန်းစစ်ဆေးမှုများ ပိုမိုတင်းကြပ်နေသည်ဟု ဖားအံအဝေးပြေးကားဂိတ်မှ သိရှိရသည်။
စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူများနှင့် အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM) ပြုလုပ်သူများကို ဖမ်းဆီးနိုင် ရန်ရည်ရွယ်ကာ မြို့ဝင်မြို့ထွက်များနှင့် အဝေးပြေးလမ်းမကြီးတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်...
ဖားအံမြို့တွင်း ရုပ်ရှင်ရုံကြီး ၂ ရုံ ပြန်လည်ဖွင့်လှစ်သော်လည်း ကြည့်ရှုသူမရှိသလောက်နည်းပါး
ဇွန်လ ၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ တွင်းရှိ တက်နေဝင်းရုပ်ရှင်ရုံနှင့် ဦးဆောက်ပန်းရုပ်ရှင်ရုံကြီးနှစ်ခုကို ပြီးခဲ့သည့် ဧပြီလ ကုန်ခါနီးမှစ၍ ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း ယခုဇွန်လအထိ နှစ်လတာကာလအတွင်း လာရောက် ကြည့်ရှုသူ လုံးဝနီးပါးမရှိကြောင်း မြို့ခံများထံမှ သိရသည်။
ကရင်ပြည်နယ် ဖားအံမြို့အတွင်းရှိ (အ.ထ.က-၁) ကျောင်းအနီး တက်နေဝင်းရုပ်ရှင်ရုံနှင့်...
ကော့ကရိတ်နှင့် ကျုံဒိုးမြို့နယ်တွင် ကော်သူးလေစာသင်ကျောင်းနှင့် ကိုယ်ထူကိုယ်ထကျောင်းများဖြင့်သာ ဖွင့်လှစ်သင်ကြားပေးနေ
ဇွန်လ ၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် (တပ်မဟာ ၆နယ်မြေ)၊ ကော့ကရိတ်နှင့် ကျုံဒိုးမြို့နယ်တွင် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန-KECD စာသင်ကျောင်းများနှင့် ကျေးရွာကိုယ်ထူကိုယ်ထကျောင်းများဖွင့်လှစ်၍ ဒေသတွင်း ကျောင်းနေအရွယ်ကလေးမှ အထက်တန်းပညာအထိ သင်ကြားနေကြောင်း ဒေသခံအတွင်း သင်ကြားရေး အစီအစဉ်များတွင် ပါ၀င်သင်ကြားပေးနေသည့် ဆရာ/မများ...
နယ်မြေရှင်းလင်းရေးလုပ်ဆောင်မည့်သတင်းကြောင့် နဘူးဒေသခံပြည်သူများ စိုးရိမ်နေ
ဇွန်လ ၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တပ်မဟာ(၇) ထိန်းချုပ်နယ်မြေ၊ နဘူးမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်မည်ဆိုသည့်သတင်းကြောင့် ဒေသခံပြည် သူများမှာ စိုးရိမ်ကြောက်ရွံ့မှုဖြင့် နေထိုင်နေကြသည်ဟု သိရသည်။
ယခုရက်ပိုင်း ထွက်ပေါ်လာသည့် နယ်မြေရှင်းမည့်သတင်းသည် ဒေသတွင်း လှုပ်ရှားသည့် စစ်ကောင်စီတပ်နှင့်...
နိုင်ငံရေးမတည်ငြိမ်မှုကာလအတွင်း မြင့်တက်လာသည့် ဓာတ်ဆီ၊ ကုန်စျေးနူန်းများကြောင့် ပြည်သူများပိုမို ခက်ခဲလာ
ဇွန်လ ၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်းမှုများကြောင့် ဓာတ်ဆီဈေးနှင့် အခြေခံ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာ၍ ပြည်သူများ အခက်အခဲ ပိုမိုကြုံတွေ့လာရကြောင်း အခြေခံ စားသုံးကုန် ရောင်းချနေကြသည့် ကုန်စုံဆိုင်ပိုင်ရှင်များနှင့် အငှားယာဉ်မောင်းများက ပြောသည်။
အာဏာသိမ်းကာလအလွန် ကုန်ဈေးနှုန်းများသည် အတက်သာရှိပြီး အကျမရှိတော့သောကြောင့်...
စစ်ကောင်စီတပ် ကျေးရွာထဲလက်နက်ကြီးပစ်ခတ်သောကြောင့် ဝီယော်ဒေသခံ ၃,၀၀၀ ကျော် တိမ်းရှောင်နေရ
ဇွန်လ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်မျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ(၁)နယ်မြေ၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာ တပ်စခန်းရှိ စစ်ကောင်စီတပ် ခမရ အမှတ်(၉)တပ်ရင်းက ဇွန်လ ၁ ရက်နေ့မှစတင်၍ ကျေးရွာထဲ လက်နက်ကြီး နှင့် အဆက်မပြတ်ပစ်ခတ်မှုလုပ်ဆောင်သည့်အတွက် ဒေသခံရွာသား ၃,၀၀၀ ကျော်မှာ...















