Home Authors Posts by KIC News

KIC News

22460 POSTS 0 COMMENTS

နိုင်ငံရေးရည်မှန်းချက်များ ပြီးပြည့်စုံရေး တစ်စုတစ်စည်းတည်း ကြိုးပမ်းအားထုတ်ရန် KNU ဥက္ကဋ္ဌ တိုက်တွန်း

ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်များ ပြီးပြည့်စုံစေရေးအတွက် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအပါအဝင် လူမှုရေး၊ ဘာသာရေးအစုအဖွဲ့အားလုံးအနေဖြင့် တစ်ခုတည်းသော ကရင်အမျိုးသားအလံတော်အောက်တွင် တစ်စုတစ်စည်းတည်း ကြိုးပမ်းအားထုတ်ကြရန် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းလိုက်သည်။ ယနေ့ ဒီဇင်ဘာလ...

မသန်စွမ်းရွာသားတစ်ဦး လက်နက်ကြီးကျည် ထိမှန်ကာ ဒဏ်ရာရရှိခဲ့

ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ပိုင်း ကော့နွဲကျေးရွာထဲတွင် ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၁၀နာဝန်းကျင်ခန့်က စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မသန်စွမ်းအမျိုးသားတစ်ဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ကော့နွဲကျေးရွာထဲတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများနှင့် အဆက်မပြတ်ပစ်ခတ်သည့်အတွက် လူနေအိမ်များ၊ အိမ်မွေးတိရစ္ဆာန်၊ နွားအမြောက်အများ ထိခိုက်ပျက်စီးသေဆုံးသည့်အပြင်...

ကရင်နှစ်သစ်ကူးအခါသမယ စစ်ကောင်စီတပ်က ကျေးရွာများဘက်သို့ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်နေ

ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ယနေ့ ကျရောက်သည့် ကရင်အမျိုးသားများ၏ ၂၇၆၂ ခုနှစ် နှစ်သစ်ကူးနေ့အခါသမယအချိန်တွင်ကော့ကရိတ်ရှိ စစ်ကောင်စီတပ်သည် ၎င်းတို့လက်နက်ကြီး အခြေချနေရာများမှ ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများ အဆက်မပြတ်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်၏ ထိုသို့ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် စစ်ဘေးရှောင်ကျေးရွာများမှ ဒေသခံနေအိမ်၊...

စစ်ရေးအခြေအနေများကြောင့် ဝင်းရော်ဒေသ နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူးကျင်းပနိုင်ခြင်းမရှိသေး

ဒီဇင်ဘာ ၂၂ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ် ) ဝင်းရော်ဒေသတွင် စစ်ရေးအခြေအနေများကြောင့် နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ၂ နှစ်မြောက်လာသည့်အထိ စုပေါင်းကျင်းပနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် စတင်ကျင်းပလာခဲ့ကြသည့် ဝင်းရော်ဒေသနယ်လုံးဆိုင်ရာ နှစ်သစ် ကူးနေ့သည်...

ရေးဘီလူးအဖွဲ့ က သွားရောက်ပစ်ခတ်၍ စစ်ကောင်စီ တပ်သား(၄)ဦးသေဆုံးပြီး (၃)ဦးပြင်းထန်ဒဏ်ရာရ

ဒီဇင်ဘာ၂၀ရက်၊၂၀၂၂ခုနှစ်။ကေအိုင်စီ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ-၅၈၆)ကို ရေးဘီလူးအဖွဲ့က သွားရောက်ပစ်ခတ်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား (၄)ဦးသေဆုံးပြီး (၃)ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့​ကြောင်း ရေးဘီလူး အဖွဲ့ခေါင်းဆောင်ကပြောသည်၊၊ ရေးမြို့နှင့် တစ်မိုင်အကွာတွင်ရှိသော စစ်ကောင်စီတပ် (ခလရ-၅၈၆)တပ်ရင်းကို ဒီဇင်ဘာလ ၂၀ ရက်နေ့ ယနေ့ နေ့လည် ၁၁နာရီ ၄၉မိနစ်...
Donate