KIC News
အခွန်အခများ မြှင့်တက်လာ၍ ကွမ်းသီးခြံပိုင်ရှင်များ လုပ်ငန်းရပ်နားထားနေရ
နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ် ကျေးရွာများရှိ ကွမ်းသီး လုပ်ငန်းလုပ်ကိုင်ကြသူများအနေဖြင့် လမ်းကြေးအခွန်အခများတိုးလာပြီး ကွမ်းသီး စျေးမတည်ငြိမ်မှုများကြောင့် ဝင်ငွေနည်းပါးလာကာ ကွမ်းသီးလုပ်ငန်းကို ရပ်နားထား ရသည်အထိကြုံတွေ့နေကြရကြောင်း ကွမ်းသီးလုပ်ငန်းလုပ်ကိုင်သူ ဒေသခံများက ပြောသည်။
ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ရှိကျေးရွာများတွင် ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ ယခုလ...
စစ်ကောင်စီ၏ ဒရုန်းဗုံးသီးဖြင့်တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ
နိုဝင်ဘာ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာအတွင်းကို ယမန်နေ့ နိုဝင်ဘာလ ၁၄ရက်တွင် စစ်ကောင်စီ၏ ဒရုန်းဗုံးသီးဖြင့် တိုက်ခိုက်မှုလုပ်ဆောင်သောကြောင့် ကျေးရွာနေပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ် ကဒဲကျေးရွာအတွင်းကို ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက် နေ့လည်...
ပြည်နယ်လ၀ကရုံးအနီး ဗုံးပေါက်ဖြစ်စဉ်ပြီးနောက် ချစ်သူလမ်းကြားလမ်းပိုင်းအား ဖြတ်သန်းခွင့် ပိတ်ထား
နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်နေ့ပွဲတော် ကျင်းပခဲ့သည့် နို၀င်ဘာလ ၆ ရက်နေ့တွင် ပြည်နယ် လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(လ၀က) ရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကန်သာယာပတ်လမ်းနှင့် ချစ်သူလမ်းကြားလမ်းပိုင်းအား လမ်းပိတ်ထားကာ ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း ဖားအံဒေသခံများက ပြောသည်။
ဖားအံဒေသခံတစ်ဦးက“ပြည်နယ်ပွဲရက်က...
ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို ထောက်ခံကြိုဆိုကြောင်း PPST ပြောဆို
နိုဝင်ဘာ ၁၅ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခွင့်ရမှသာ ၎င်း၏ နိုင်ငံရေးသဘောထားကို ထုတ်ဖော်ပြောကြားနိုင်မည်ဟူသော ဒေါ်အောင်ဆန်းစုကြည် ၏ပြောကြားချက်ကို ထောက်ခံကြိုဆိုကြောင်း အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က ယမန်နေ့ နိုဝင်ဘာလ (၁၄)ရက်နေ့ ဦးဆောင်မှုကော်မတီ အစည်းအဝေးအပြီးတွင် ထုတ်ပြန်ပြောဆိုလိုက်သည်။
PPST ထုတ်ပြန်ချက်ပါ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွှန့်က...
လက်နက်ကြီးများ နယ်ကျော်ကျရောက်နိုင်သဖြင့် ထိုင်းကျေးရွာနေထိုင်သူများ ရွှေ့ပြောင်းနေကြရန် အသိပေးထား
နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြ၀တီ-ဝေါလေလမ်းပိုင်းရှိ သေ့ဘောဘိုးကျေးရွာဘက်သို့ စစ်ကောင်စီက လက်နက်ကြီး နေ့စဉ်ပစ်ခတ်မှုများ လုပ်ဆောင်နေသည့်အတွက် ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း ကျေးရွာများဘက်သို့ လက်နက်ကြီးကျည်များကျရောက်နိုင်သည့်အခြေအနေကြောင့် ကျေးရွာနေထိုင်သူများအား နေရာရွှေ့ပြောင်းနေကြရန် ရွာသူကြီးများက အသိပေးထားကြောင်း သိရသည်။
ဖလူးဘုရားကုန်းရှိ စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၇ရက်နေ့မှစတင်ကာ...
ဖာလာစေ့ ထွက်နှုန်းတိုးသော်လည်း စျေးနှုန်းကျဆင်းလျှက်ရှိ
နိုဝင်ဘာ ၁၄ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ်မြောက်ပိုင်း၊ သံတောင်ကြီးမြို့နယ်အတွင်း ယခုနှစ် ဖာလာစိုက်ပျိုးရာတွင် ဖာလာစေ့အထွက်နှုန်း တိုးလာသော်လည်း အရောင်းစျေးနှုန်းကျဆင်း လျှက်ရှိကြောင်း ဒေသခံ စိုက်တောင်သူများထံမှ သိရသည်။
ယခင်နှစ်တွင် ဖာလာစေ့ တစ်ပိသာလျှင် ကျပ် ၁ဝဝဝဝ ကျော်အထိ စျေးနှုန်းရရှိခဲ့ပြီး ယခုနှစ် အောက်တိုဘာလ ဖာလာသီးခူးသည့်ရာသီမှ...
ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာ ဖြစ်ပေါ်နေ
နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည်ဂိတ်တွင် စစ်ကောင်စီတပ်များက အီတလီနိုင်ငံထုတ် (X-Ray) စကဲန်ဖတ်စက်များဖြင့် လုံခြုံရေးပိုမိုတင်းကြပ်စွာစစ်ဆေးလာမှုများကြောင့် ယာဉ်ကြော ပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပေါ်နေကြောင်း သိရသည်။
ရန်ကုန်−မော်လမြိုင်ကားလမ်းပေါ်ရှိ ညောင်ခါးရှည်ဂိတ်တွင် စစ်ကောင်စီတပ်များက လူနာတင် ယာဉ်များကိုပါ စစ်ဆေးမှုများပြုလုပ်နေသောကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ...
စစ်သားများက ကားကိုတားဆီး၍ လမ်းကြုံလိုက်ပါမှုများကြောင့် ကုန်တင်ယာဉ်မောင်းများ စိုးရိမ်နေ
နိုဝင်ဘာ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် စစ်ကောင်စီတပ်သားများက အရပ်သားကုန်တင်ကားများကိုတားပြီး လမ်းကြုံလိုက်ပါစီးနင်းခြင်းများပြုလုပ် သောကြောင့် ကုန်တင်ယာဉ်မောင်းသူများအနေဖြင့် အသက်အန္တရာယ် စိုးရိမ်ကြောက်လန့်နေကြကြောင်း ယာဉ်မောင်းသမားများက ပြောသည်။
ပြီးခဲ့သည့်အောက်တိုဘာလမှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကုန်ချပြီး ပြန်လာသော ကုန်တင်ကားများကို လမ်းတွင်တားကာ လမ်းကြုံလိုက်ပါစီးနင်းခြင်းများကို ပြုလုပ်လာသောကြောင့် ကုန်တင်ကားမောင်းသမားများအနေဖြင့်...
KNU အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ဒေသခံလူထု ၁၅၀၀ကျော် တက်ရောက်ခဲ့
နိုဝင်ဘာ ၁၄ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံးက ဦးဆောင်၍ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူလူထုတွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို လှိုင်းဘွဲမြို့နယ်၊ တကော(ကြာအင်း)ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံလူထု ၁၅၀၀ကျော် တက်ရောက်ခဲ့သည်ဟု KNU ၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာလ ၁၂ရက်နေ့က ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၁ရက်နေ့တွင် ကျင်းပခဲ့သည့် အဆိုပါ လူထုတွေ့ဆုံဆွေးနွေးပွဲသို့...
ဘုရားသုံးဆူမြို့ ရွှေဆိုင်တစ်ဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်ကိုလည်း ပစ်ခတ်သွားခဲ့
နိုဝင်ဘာ ၁၄ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရှိ သစ်ဆန်းယဉ်ရွှေဆိုင်အား ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးမှ သေနတ်ဖြင့် လာရောက်ဓားပြတိုက်သွားပြီး ငွေများလုယူသွားသည့်အပြင် ဆိုင်ရှင်ကိုလည်း သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း မြို့ခံများထံမှ သိရသည်။
မြို့မစျေးအနီး...














