Home Authors Posts by KIC News

KIC News

22002 POSTS 0 COMMENTS

သကျက်တောရဲစခန်းကို လောင်းလုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မီးရှို့ရှင်းလင်းခဲ့

ဇန်နဝါရီလ ၁၇ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ရှိ သကျက်တောရဲစခန်းကို ယမန်နေ့ဇန်နဝါရီလ ၁၆ရက် ညပိုင်းတွင် လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -LLPDF နှင့် အထူးပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်း၍ ဝင်ရောက်မီးရှို့ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထား သည်။ အဆိုပါ သကျက်တောရဲစခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ရက်နေ့ကတည်းက စစ်ကောင်စီတပ်သား...

စစ်တပ်ထောက်ခံသူ (မဘသ)ဘုန်းကြီး ဦးဝီရသူ ရောက်ရှိနေသောကြောင့် ဖားအံမြို့တွင်း လမ်းများပိတ်ဆို့ထား

ဇန်နဝါရီလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ အမှတ်(၃)ရပ်ကွက် မဲဘောင်ဘုန်းကြီးကျောင်း၌ ယနေ့ နံနက်ပိုင်းတွင် စစ်တပ်ထောက်ခံသူ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ဘုန်းကြီးဖြစ်သူ ဦးဝီရသူ ရောက်ရှိလာသောကြောင့် မြို့တွင်းလမ်းပိုင်းများကို ပိတ်ဆို့ထားကြောင်း ဖားအံမြို့ခံများက ပြောသည်။ ဖားအံမြို့အတွင်းရှိ နာရီစဉ် လမ်းဂွ၊ လမ်းဆုံလမ်းဂွနှင့်...

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမကြီး ဖြတ်သန်းသွားလာခွင့် စစ်ကောင်စီတပ် ပိတ်ပင်တားမြစ်

ဇန်နဝါရီ ၁၇ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူနှင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်သို့ ဆက်သွယ်ထားသည့် ပြည်နယ်ချင်းဆက် လမ်းမကြီးအား ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့မှစပြီး အနန်းကွင်း စစ်ကောင်စီဗျူဟာ စခန်းတာဝန်ရှိများက ဖြတ်သန်းသွားလာခွင့် ပိတ်ပင်တားမြစ်လိုက်ပြီးဟု ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။ KNU-ကရင်အမျိုးသားအစည်းအရုံး...

ကော့ဘိန်းရွာရဲကင်းစခန်းတိုက်ခိုက်ခံရစဉ် ရဲများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားထိခိုက်သေဆုံးမှုရှိ

ဇန်နဝါရီလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်ခရိုင် ကျုံဒိုးကျေးနယ် ကော့ဘိန်းကျေးရွာရှိ ရဲကင်းစခန်းတိုက်ခိုက်ခံရစဉ် ကျေးရွာရှိ မွန်ငြိမ်းချမ်းရေးတပ်ဖွဲ့ရုံးတွင် ခိုအောင်းနေသည့် ရဲများရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာသား ထိခိုက်သေဆုံးဒဏ်ရာရှိမှုရှိခဲ့သည်ဟု အနီးအနားရှိ ဒေသခံများက ပြောသည်။ ကော့ဘိန်း-ကော့ပေါက်ကျေးရွာ၊ ကော့တာအပိုင်းရှိ လောင်းကစားဝိုင်းများနှင့် ကော့ဘိန်းရွာတွင်း ရဲကင်းစခန်းအား ယမန်နေ့...
Donate