KIC News
စစ်ကောင်စီ၏ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေသစ်ကြောင့် ကရင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ အခက်ကြုံ
ဇန်နဝါရီ ၁၇ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်း အသင်းအဖွဲ့များ ပြန်လည်မှတ်ပုံတင်ရန် စစ်ကောင်စီ၏ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေသစ်ကြောင့် အခက်ကြုံတွေ့နေကြရသည်ဟု ကရင်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့များနှင့်နီးစပ်သူများထံမှ သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ယခု ဇန်နဝါရီလအတွင်း နောက်ဆုံးထားပြီး မည်သည့် အရပ်ဘက်အသင်းအဖွဲ့များမဆို စစ်ကောင်စီမှ ပြန်လည်အသစ်ရေးဆွဲထားသည့် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေနှင့်အညီ ပြန်လည်မှတ်ပုံတင်ရမည်ဟု...
ပြည်သူများ၏ သတင်းများကို ရပ်ကွက်/ကျေးရွာများတွင် နေထိုင်ကြသည့် တပ်မိသားစုများမှတစ်ဆင့် စစ်တပ်သို့ ပေးပို့နေရ
ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်းရှိ မြို့တွင်းလူနေရပ်ကွက်နှင့်ကျေးရွာအတွင်း ပြည်သူများအကြား နေ့စဉ်ဖြစ်ပေါ်နေသည့် သတင်းများကို ရပ်ကွက်ကျေးရွာများတွင် နေထိုင်ကြသည့် တပ်မိသားစုများမှတစ်ဆင့်စစ်တပ်သို့ ပုံမှန်ပြန်လည်သတင်းပေးပို့နေသည်ဟု တပ်မိသားစုများနှင့် နီးစပ်များက ပြောသည်။
အဆိုပါ တပ်မိသားစုဝင်များသည် မိမိတို့ ဆန္ဒသဘောတူညီမှုအရ ပြည်သူများ၏ သတင်းများ ရရှိရန် ပုံစံအမျိုးမျိုးဖြင့်ရယူပြီး...
သံမိုးတောင် စစ်ကောင်စီစခန်းအနီးတွင် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံးခဲ့
ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံမိုးတောင် စစ်ကောင်စီတပ်စခန်းအနီးတွင် ထင်းသွားခွေသည့် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိကာ သေဆုံးသွားခဲ့သည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ရက်နေ့၊ နံနက် ၁၁နာရီအချိန်ခန့်တွင် သံမိုးတောင်ရွာနေ...
မြဝတီမြို့နှင့်အနီးဝန်းကျင်တွင် ပစ်ခတ်မှုများရှိနေသော်လည်း အာဝါဒေးလောင်းကစားဝိုင်းများတွင် လူစည်းကားဆဲ
ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယမန်နေ့ ဇန်နဝါရီလ(၁၅)ရက် ည(၉)နာရီအချိန်ခန့်တွင် ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သော်လည်း အာဝါဒေးလောင်းကစားဝိုင်းများတွင်မူ လူစည်ကားလျက်ရှိနေကြောင်း မြဝတီ မြို့ခံများက ပြောသည်။
မြဝတီ−ကော့ကရိတ် အာရှလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)တပ်များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိနေသော်လည်း...
သုံးဘီးဆိုင်ကယ်ဖြင့် သယ်ဆောင်လာသော မူးယစ်ဆေးဝါးများကို တော်လှန်ရေးပူးပေါင်းအဖွဲ့ဖမ်းဆီး
ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်-ထီးခီးလမ်းပိုင်းတွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသော သုံးဘီးဆိုင် ကယ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ စစ်ဆေးဖမ်းဆီးမိကြောင်း ယနေ့ ဇန်နဝါရီလ ၁၆ရက်နေ့ တွင် သတင်းထုတ်ပြန်ထားသည်။
ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီဝန်းကျင်အချိန်က ဒေသခံအသွင်ယူပြီး သုံးဘီး ဆိုင် ကယ်တွင် ဝှက်၍...
တိုက်ပွဲပြင်းထန်သဖြင့် ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူလမ်းအားအသုံးပြုမှု ၈ ရက်တာ တားမြစ်ကြောင်း KNU ထုတ်ပြန်
ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် နယ်မြေခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေသောကြောင့် ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူလမ်းအား ယခုလ ၁၆ ရက်မှစ၍ လာမည့် ၂၃ ရက်နေ့အထိ ၈...
ကျုံဒိုးမြို့၊ အမှတ်-၂ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရခြင်းဖြစ်စဉ်ကြောင့် အနီးအနားရှိ အုပ်ချုပ်ရေးမှူးများ စိုးရိမ်ကြောက်လန့်နေ
ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အမှတ်၂ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမြင့်အောင် ပစ်သတ်ခံရမှုဖြစ်စဉ်ကြောင့် မြို့အနီးအနားရှိ အခြားအုပ်ချုပ်ရေးမှူးများမှာ စိုးရိမ်ကြောက်လန့်မှုများဖြစ်နေကြောင်း သိရှိရသည်။
အသက် ၆၅နှစ် ဝန်းကျင်ရှိ စစ်ကောင်စီခန့် ကျုံဒိုးမြို့ အမှတ် ၂...
၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းကို အခြေပြု၍ နေပြည်တော်သို့ တင်ပြရန် ပြည်နယ် လွှတ်တော်၊ ထွေအုပ်၊ လ၀က၀န်ထမ်းများအား အမြန်ပြုလုပ်ခိုင်းနေ
ဇန်နဝါရီလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
PR (အချိုးကျ) စနစ်ဖြင့် စစ်ကောင်စီမှ ကျင်းပမည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအတွက် ကရင်ပြည်နယ်လုံးဆိုင်ရာ မဲစာရင်းများအား နေပြည်တော် စစ်ကောင်စီထံ တင်ပြရန် ယခင် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းများကို အခြေပြု၍...














