Home Authors Posts by KIC News

KIC News

22007 POSTS 0 COMMENTS

ကရင်နီတွင် သွားလာရေးခက်ခဲပြီး ဆန်ဈေးများမြင့်တက်

မတ်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်နီ(ကယားပြည်နယ်)တွင် ယခုရက်ပိုင်း ပြည်နယ်အတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင် သည့်အခြေအနေကြောင့် အသွားအလာခက်ခဲလာပြီး ဆန်ဈေးများလည်းမြင့်တက်လာသည်ဟု ဒေသခံများက ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းများက စစ်ကောင်စီ၏ စစ်အင်အားဖြည့်တင်းနေခြင်းများကြောင့် ဒေသခံများ၊ စစ်ဘေးရှောင်များအနေဖြင့် ဗုံးခိုကျင်းများတူး၍ အသင့်အနေအထားပြင်ဆင်ထားရသလို လမ်းများပိတ်ထားသည့်အတွက် အသွားအလာခက်ခဲနေသောကြောင့် ဒေသတွင်း...

ကရင့်လက်နက်ကိုင်များပြန်လည်ပေါင်းစည်းရေးအတွက် တိကျသည့်အဖြေမပေးနိုင်ခဲ့သည့်အပေါ် ပြည်သူများဝေဖန်

မတ်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်ရေးကော်မတီနှင့် ကရင်လူထုအကြား ယမန်နေ့က ပြုလုပ်ခဲ့သည့်တွေ့ဆုံပွဲတွင် ကရင့်လက်နက်ကိုင်များ ပြန်လည်ပေါင်းစည်းရေးနှင့်ပတ်သက်ပြီး ဒေသခံလူထု များ၏ မေးမြန်းချက်ကို လက်နက်ကိုင်ခေါင်းဆောင်များက တိကျသေချာသည့် အဖြေမပေးနိုင်ခဲ့ သည့်အပေါ် ဝေဖန်ခံခဲ့ရကြောင်း ကိုယ်တိုင်တက်ရောက်သူများက ပြောသည်။ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ထိန်းချုပ်ရာ...

စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ကလေးငယ် ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

မတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင် ကော့လှိုင်းကျေးနယ်၊ ကျုံမိန်ကျေးရွာအတွင်းသို့ မတ်လ(၈)ရက် နံနက် (၇)နာရီအချိန်တွင် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း(ခလရ−၂၄) ပစ်ခတ်လိုက် သော လက်နက်ကြီးကြောင့် ကလေးငယ် ၂ ဦးသေဆုံးပြီး အခြားအရပ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု...

ဒုံရင်းမြို့နယ်ရှိ ကျောင်းသားလူငယ်များအား KYO က နွေရာသီအင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်ပေး

မတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ ဒုံရင်းမြို့နယ်ရှိ ကျောင်းသားလူငယ်များ နွေရာသီ ကျောင်းပိတ်ရက်တွင် အချိန်လေလွှင့်မှုမရှိဘဲ အသိပညာ၊ အတတ်ပညာများတတ်မြောက်စေရန် ရည်ရွယ်ပြီး မြို့နယ် ကရင်လူငယ်အစည်းအရုံး (KYO) ဦးဆောင်၍ မတ်လ ၈ ရက်မှစတင်ကာ နွေရာသီ အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်ပေးနေကြောင်း...

စစ်ကောင်စီ တပ်စခန်းတစ်ခု ရေးဘီလူးအဖွဲ့ တိုက်ခိုက်သိမ်းပိုက်

မတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခံသင်းတံတားအနီးရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို ယနေ့ နံနက်အစောပိုင်းတွင် ရေးဘီလူးအဖွဲ့က သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။ ရေးမြို့နယ်၊ ခံသင်းတံတားအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့ နံနက် ၇း၀၀ နာရီအချိန်ခန့်တွင် ရေးဘီလူးတပ်ဖွဲ့ဝင်များက...

ကုန်တင်ကားများကို စစ်ကောင်စီက မကြာခဏ ချောဆွဲနေကြောင်း ကားသမားများပြော

မတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီက ဒေသခံပြည်သူ ကုန်တင် ကားများကို မကြာခဏချောဆွဲခြင်းများ ပြုလုပ်လျက်ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသည့် ယာဉ်မောင်း သမားများက ပြောသည်။ ကော့သောင်းမြို့နယ်တွင် အာဏာသိမ်းကာလအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေသလို ယခင်ဖေဖော်ဝါရီလမှစ၍လည်း...

တစ်ရက်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရ

မတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅) နယ်မြေ၊ ကတိုင်တိ ကျေးရွာအခြေစိုက် ရဲစခန်းကို ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ရဲမေတစ်ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ (၅)...

ညောင်လေးပင်ခရိုင်တွင် လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိပြီး စစ်ဘေးရှောင်ဦးရေ တိုးလာ

မတ်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက် သေဆုံးမှုများရှိပြီး စစ်ဘေးရှောင်ဦးရေလည်း ပိုမိုများပြားလာကြောင်း Free Burma Ranger အဖွဲ့က မတ်လ(၈)ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ...

ရွှေကုက္ကိုလ်ရှိ လောင်းကစားဝိုင်းများတွင် ပြည်မမှလူငယ်အများအပြား လာရောက်လုပ်ကိုင်နေ

မတ်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)ထိန်းချုပ်ရာ ရွှေကုက္ကိုလ်မြို့ရှိ ကာစီနို လောင်းကစားရုံများတွင် ဒေသခံမဟုတ်သည့် ပြည်မမှ လူငယ်အများအပြား လာရောက် လုပ်ကိုင်လျက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။ BGF ခေါင်းဆောင်များနှင့် တရုတ်၊ ထိုင်းစသည့်နိုင်ငံများမှ...

BGF ခေါင်းဆောင်သား စီးနင်းလာသည့်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ KNU ခေါင်းဆောင်လိုက်ပါသည့် ယာဉ်တန်းတိုက်ခိုက်ခံရခြင်းမဟုတ်ဟု ဆို

မတ်လ ၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်၊ ကစိုနှင့်ရသေ့ကုန်းကျေးရွာအနီးတွင် နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင် ဗိုလ်ချုပ်ဖားနွီးသားဖြစ်သူ စီးနင်းလာသည့် ယာဉ်ကို အမည်မသိ လူတစ်စုက ယနေ့ မတ်လ ၉ရက်၊ နံနက် ၉နာရီ ဝန်းကျင်အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။ BGF ခေါင်းဆောင်...
Donate