Home Authors Posts by KIC News

KIC News

22007 POSTS 0 COMMENTS

စစ်ကောင်စီ၏ လူမျိုးရေးနှင့်ဘာသာရေး ပဋိပက္ခဖြစ်စေသည့်လုပ်ရပ်အား အပြင်းအထန်ရှုတ်ချ ကြောင်း PNFC ပြော

မတ်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ စစ်ကောင်စီက ပအိုဝ်းနှင့်ကရင်နီ(ကယား)လူမျိုးများအကြား လူမျိုးရေးနှင့်ဘာသာရေး ပဋိပက္ခ ဖြစ်စေရန် လှုံ့ဆော်သည့်လုပ်ရပ်အား အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က မတ်လ(၁၄)ရက်နေ့တွင် ကြေညာချက်ထုတ်ကာ ပြောဆိုခဲ့သည်။ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့၊ နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် သံဃာတော် (၃)ပါးနှင့် အရပ်သား(၁၉)ဦး...

နယ်သာလန်တွင် ချီးမြှင့်သည့် Geuzenpenning Award 2023 ကို AAPP က လက်ခံရရှိ

မတ်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ နယ်သာလန်နိုင်ငံ၌ မတ်လ(၁၃)ရက်နေ့တွင် Geuzen Medal Foundation က လူအခွင့်အရေးကာကွယ် စောင့်ရှောက် သူများအတွက် ချီးမြှင့်သည့် Geuzenpenning Award 2023 ဆုကို နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)...

ဇင်းကျိုက်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရှင်းလင်းခဲ့ကြောင်း S.O.F တပ်ဖွဲ့ ထုတ်ပြန်

မတ်လ ၁၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ ဇင်းကျိုက်မြို့ပေါ်ရှိ စစ်ကောင်စီ၏ ဖလပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်စိုးမိုး (ခေါ်)စတီးကို ယမန်နေ့ မတ်လ ၁၄ ရက်၊ နေ့လည် ၁၂နာရီ ကျော်အချိန်တွင် ရှင်းလင်းပစ်ခတ်ခဲ့ကြောင်း အထူး စစ်ဆင်ရေးတပ်ဖွဲ့ −S.O.Fက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်စိုးမိုး(ခေါ်)စတီးသည်...

ယာဉ်ထိန်းရဲများ လက်နက်ကိုင်ဆောင်လာခြင်းကြောင့် ဒေသခံများ စိုးရိမ်မှုများရှိနေ

မတ်လ ၁၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှာစတင်ကာ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲများသည် သေနတ်များကို ပေါ်ပေါ်ထင်ထင် ကိုင်ဆောင်လာ သောကြောင့် မြို့နေဒေသခံများအနေဖြင့် စိုးရိမ်မှုများရှိနေကြောင်း မြို့ခံများက ပြောသည်။ မြို့နေဒေသခံတစ်ဦးက “အရင်ကသူတို့ထဲမှာ သေနတ်ရှိတာတစ်ခါမှ မမြင်ဖူးဘူး။ သူတို့က...

ကော့ကရိတ်တောင်ပိုင်းရှိစစ်ဘေးရှောင်များအား အခြေခံအစားအစာ ထပ်မံထောက်ပံ့

မတ်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိစစ်ဘေးရှောင် ဒေသခံများအား ပြီးခဲ့သည့် မတ်လ (၁၂)ရက်နေ့တွင် ဒေသတွင်း ကရင်လူမှုအဖွဲ့အစည်းက အခြေခံအစားအစာများ ထပ်မံထောက်ပံ့‌မှု လုပ်ဆောင်ခဲ့သည်ဟု သိရသည်။ အဆိုပါ နေရပ်စွန့်ခွာတိမ်းရှောင်သူ ဒေသခံရွာသူ/ရွာသားများအား ကရင်လူမှုအဖွဲ့အစည်းများက ကူညီ ထောက်ပံ့မှုများရှိသော်လည်း လိုအပ်ချက်များရှိနေဆဲဖြစ်ကာ...

BGFခေါင်းဆောင်၏သားယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်စဉ် KNLA အရာရှိတစ်ဦးအပါအဝင် ၄ ဦး ဖမ်းဆီးခံရ

မတ်လ ၁၅ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ဖားအံခရိုင်၊ ပိုင်ကျုံမြိုနယ် ကစိုနှင့်ရသေ့ကုန်းကျေးရွာအနီးတွင် မတ်လ ၉ ရက်နေ့က ဖြစ်ပွားခဲ့သော နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင် ဗိုလ်ချုပ်ဖားနွီးသားဖြစ်သူ၏ ယာဉ်မိုင်းဆွဲခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA အရာရှိတစ်ဦးအပါအဝင် ၄ ဦးသံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်း သိရှိရသည်။ ၎င်းမိုင်းဆွဲခံရမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် အနီးအနားရှိ ရော်ဘာခြံတွင် နေထိုင်သူ...
Donate