KIC News
ဖားအံတွင် ကား၊ ဆိုင်ကယ်များကို ဖမ်းပြီး သုံးသောင်းဖြင့်ပြန်လည်ရွေးခိုင်းနေ
မတ်လ ၂၄ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၉)ရပ်ကွက်ရှိ ဇွဲကပင်ပလာဇာအရှေ့တွင် ယမန်နေ့ မတ်လ(၂၃)ရက် နံနက်က အသွားအလာ ကား၊ ဆိုင်ကယ်များကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များက အကြောင်းမဲ့ဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် ငွေကျပ် ၃ သောင်းဖြင့် ပြန်လည်ရွေးခိုင်းနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ပြောသည်။
အဆိုပါ ဇွဲကပင်ပလာဇာအရှေ့တွင် စစ်ကောင်စီရဲတပ်ဖွဲ့များနှင့်မော်တော်ပီကယ်များသည်...
ရေတာရှည်တွင် စစ်ကောင်စီ၏လက်နက်ကြီးကြောင့် ဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်နေရ
မတ်လ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ဆွာမကျေးရွာအုပ်စုတွင် စစ်ကောင်စီနှင့် နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ကူ တိုက်ခိုက်မှုလုပ်ဆောင်သဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ(၁၇)ရက်နေ့က အဆိုပါ...
စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ဒုတပ်ရင်းမှူးအပါအဝင် ၁၀ ဦးသေဆုံးခဲ့
မတ်လ ၂၄ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ−ကရင်မျိုးသားအစည်အရုံး တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကွီလုံတိုင်စခန်းသို့ ရိက္ခာပို့ရန်နှင့်လူနာသယ်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOFနှင့် နဂါးနီစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့ များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒုတပ်ရင်းမှူးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း SOF က...
အမျိုးသားရေးသီချင်းများ ရေးစပ်သီဆိုသူ ဆရာစောလပေါ်အွာ (ခ) စောဝင်းစိုး မိမိကိုယ်ကို အဆုံးစီရင်ခဲ့
မတ်လ ၂၄ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
ကရင်လူမျိုးတို့၏ အမျိုးသားရေး လက္ခဏာ၊ ဓလေ့ထုံးတမ်းယဉ်ကျေးမှုသမိုင်းအကြောင်းအရာများကို အရှေ့ပိုးကရင်ဘာသာဖြင့် သီချင်းရေးစပ်သီဆိုသူ ဆရာစောလပေါ်အွာ (ခ) စောဝင်းစိုးသည် ယမန်နေ့ မတ်လ ၂၃ ရက်နေ့တွင် ၎င်း၏နေအိမ်၌ မိမိကိုယ်ကို သေနတ်ဖြင့် အဆုံးစီရင်သွားခဲ့သည်ဟု ကရင် အနုပညာရှင်များထံမှ...
စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ၉ နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် ၄ ဦးဒဏ်ရာရ
မတ်လ ၂၃ ရက်၊ ၂၀၂၃ခုနှစ်။ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းရှိ ကြောင်လျှာကုန်းကျေးရွာထဲသို့ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ရွာသားများက ကေအိုင်စီသို့ ပြောသည်။
ယနေ့မတ်လ ၂၃ရက်၊ နေ့လည် ၃နာရီဝန်းကျင်တွင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်...
လှိုင်းဘွဲ ရွှေဂွန်းအနီးအနားတွင် လေယာဥ်နိမ့်စွာပျံသန်းသောကြောင့် ဒေသခံပြည်သူများကြောက်လန့်
မတ်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းစံပြကျေးရွာအနီးအနားတွင် ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က စစ်ကောင်စီ၏ စစ်ဖက်ဆိုင်ရာသုံး ဟက်စကီးတစ်စင်း နေ့လည် ၁၂ နာရီနှင့် ၁ နာရီကြားတွင် နိမ့်စွာ လှည့်ပတ်ပျံသန်းနေသောကြောင့် စိုးရိမ်ကြောက်လန့်ခဲ့ရသည်ဟု ဒေသခံများက...
ပီလောပီနံဥ စျေးကောင်းရသည့်အတွက် သီးနှံအစားထိုးစိုက်ပျိုးမှု ပိုများလာနေ
မတ်လ ၂၃ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ်တွင် လက်ရှိ ပီလောပီနံဥစျေးနှုန်းနှစ်ဆနီးပါးမြင့်တက်လာသည့်အတွက် ဥယျာဉ်ခြံနှင့် လယ်ယာကိုင်းကျွန်းများအတွင်း အစားထိုးစိုက်ပျိုးလာမှု ပိုများလာသည်ဟု စိုက်ပျိုးတောင်သူများထံမှ သိရသည်။
နေအခြောက်လှန်းထားသည့် ပီလောပီနံဥတစ်တန်လျှင် ကျပ် ၅ဝဝ,ဝဝဝ (ငါးသိန်း)ကျော်အထိ စျေးနှုန်း ရှိပြီး ၁ ပိဿာလျှင် ပြည်တွင်းဝယ်စျေး...
ကျိုက်ထိုတွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂,၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရ
မတ်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများတွင် မတ်လ ၁၆ ရက်နေ့မှ စ၍ လက်ရှိ အချိန်ထိ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂,၀၀၀ (နှစ်ထောင်)ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
လက်ရှိတွင်...














