Home Authors Posts by KIC News

KIC News

22508 POSTS 0 COMMENTS

စစ်ကောင်စီတပ် စစ်ကြောင်းဆက်ထိုးလာသဖြင့် ညောင်လေးပင်ခရိုင်ရှိ စစ်ရှောင်အချို့ ထပ်မံပြောင်းရွှေ့ရ

မေလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ နယ်မြေတွင် စစ်ကောင်စီတပ် စစ်ကြောင်းများ ဆက်လက်ထိုးလာနေဆဲဖြစ်သည့်အတွက် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ရှောင်များသည် ထပ်မံပြောင်းရွှေ့နေရပြန်သည်ဟု စစ်ရှောင်ကူညီသူထံမှ သိရသည်။ ညောင်လေးပင်ခရိုင် မုန်း၊ ဆောထိနှင့် ကျောက်ကြီးမြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းများ...

တောင်ငူတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုနှင့် လူထိခိုက် ဒဏ်ရာရမှုများရှိနေ

မေလ ၁၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့မြောက်ဘက်ရှိ နတ်စင်ကုန်းမြို့သစ် ငါးဖယ်အင်းကျေးရွာတွင် ယမန်နေ့ မေလ(၁၄)ရက်နေ့က မိုခါအမည်ရှိ ဆိုင်က လုန်းမုန်တိုင်းအဖျားခတ်မှုကြောင့် မိုးသက်လေပြင်းတိုက်ခတ်သဖြင့် လူနေအိမ် ခြေ(၃၀)ခန့်ထိခိုက်ပျက်စီးပြီး ဒေသခံ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။ အဆိုပါထိခိုက်ပျက်စီးသွားသော နေအိမ်များရှိ ဒေသခံ(၆၀)ဦးခန့်အား...

ရွှေကုက္ကိုလ်ဒေသတွင် စစ်သားဆက်ကြေးမပေးဆောင်နိုင်သူများကို ဖမ်းဆီးမှုများရှိလာ

မေလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်၊ ရွှေကုက္ကိုလ်ဒေသတွင် မေလ(၁၂)နေ့မှစ၍ နယ်ခြားစောင်တပ် (BGF)တပ်များနှင့် ရပ်ကွက်လူကြီးများက စစ်သားဆက်ကြေး မပေးဆောင်နိုင်သည့် ဒေသခံရွာသားများကို ဖမ်းဆီးချုပ်နှောင်မှုများရှိလာကြောင်း ၎င်းဒေသတွင် ပြောင်းရွှေ့အလုပ်လုပ်ကိုင်လာသူများထံမှ သိရသည်။ အဆိုပါ ရွှေကုက္ကိုလ်ဒေသတွင် စစ်သားဆက်ကြေးဟုဆိုကာ ယခုမေလအတွင်း ရပ်ကွက်နေ...

ဖမ်းဆီးခံရသည့် KNU ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၏ ညီနှင့်တူတို့ ပြန်လည်လွတ်မြောက်

မေလ ၁၅ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ KNU-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်(ခလယ်လွီထူး) ကျောက်ကြီးမြို့နယ်ရှိ ကျေး ရွာများတွင် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်က မေလ ၁၄ ရက်နေ့တွင် နတ်သံ ကွင်းကျေးရွာအုပ်၊ ရေတွင်းကုန်းကြီးကျေးရွာနေ ကေအဲန်ယူ ဒုဥက္ကဋ္ဌ ပဒိုဆဲဂေ၏ ညီနှင့်တူတို့ ကို...

KNLA ပူးပေါင်းတပ်နှင့် (၃)ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၈)ဦးသေဆုံးခဲ့

မေလ ၁၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့၊ လက်ခတ်တောင်နှင့် ကျောက်မိုင်းဒေသတို့တွင် ပြီးခဲ့သည့် မေလ(၁၁) ရက်မှ (၁၃)ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ကော်ဘရာ စစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၈)ဦးသေဆုံးကြောင်း ကော်ဘရာစစ်ကြောင်းက ယမန်နေ့ မေလ(၁၄) ရက် နေ့တွင်...
Donate