Home Authors Posts by KIC News

KIC News

22007 POSTS 0 COMMENTS

စစ်ကောင်စီ လေယာဉ် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝင်းရေးဒေသခံ ၅ဝဝ ကျော် တိမ်းရှောင်နေရ

မေလ ၈ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(မွန်ပြည်နယ် ရေးမြို့နယ်) ဘဲလမု ကျေးရွာအုပ်စု ဝါပသဲရွာထဲကို ယမန်နေ့ မေလ ၇ရက်နေ့တွင် စစ်ကောင်စီမှ စစ်တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံပြည်သူ ၅ဝဝ ကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု...

ဇမိမြစ်ကမ်းနံဘေးက ကြာအင်းဆိပ်ကြီးမြို့ အကျဉ်းကျနေပြီလား?

ဇမိမြစ်ကမ်းနံဘေးက ကြာအင်းဆိပ်ကြီးမြို့ အကျဉ်းကျနေပြီလား? စောမြတ်ဦးသာ (မေ ၈ရက်၊ ၂ဝ၂၃ခုနှစ်) “နေမဝင်ခင် ဈေးဆိုင်တွေ အမြန်သိမ်းပြီး နေအိမ်ကို တန်းပြန်ကြရတယ်။”ဟု ကြာအင်းဆိပ်ကြီးမြို့တွင် သီးစုံကြော် ရောင်းနေသူ အသက် ၅ဝအရွယ်ခန့်ရှိ အသားညိုညို ပါးနှစ်ဖက်တွင် သနပ်ခါးကွက်ကြား အမြဲလိမ်းထားသူ ဒေါ်သူဇာ(နာမည်လွှဲ) က ပြောသည်။ ကြာအင်းဆိပ်ကြီးမြို့တွင် ညနေ ၆ နာရီမှ...

ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေတွင် ဧပြီလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်‌သေဆုံးခဲ့

မေလ ၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်တွင် ဧပြီလအတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားသော နှစ်ဖက်ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၁၀၇)ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ ဒူးပလာယာခရိုင်၏ သတင်းနှင့်ပြန်ကြားရေးက...

စစ်ကောင်စီ၏ လက်နက်ကြီးကျည်စထိမှန်၍ အလူးရွာ‌သား ၂ ဦး ထိခိုက်ဒဏ်ရာရ

မေလ ၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာအုပ်စု၊ အလူးအနောက်‌ကျေးရွာသို့ ယမန်နေ့ မေလ (၆)ရက်နေ့က အလုံတောင်ခြေ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်စထိမှန်၍ ဒေသခံရွာသား(၂)ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။ ထိုနေ့ည (၉)နာရီဝန်းကျင်ခန့်မှစ၍ စစ်ကောင်စီတပ်များသည် အလူးကျေးရွာဘက်သို့ လက်နက်ကြီး...

ဘီးလင်းတွင် တစ်ရက်အတွင်း ရဲစခန်းနှစ်ခု တိုက်ခိုက်ခံရ၊ ရဲတပ်ဖွဲ့ဝင်(၂)ဦး သေဆုံးခဲ့

မေလ ၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ဝင်းကရဲစခန်းနှင့်တောင်စွန်းရဲစခန်းတို့အား ယမန်နေ့ မေလ(၆)ရက်နေ့တွင် နယ်မြေခံတော်လှန်ရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင်(၂)ဦး သေဆုံးခဲ့ကြောင်း ပစ်ခတ်မှုတွင်ပါဝင်သော တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။ ဘီးလင်းမြို့နယ်၊ ဝင်းကရဲစခန်းကို နယ်‌မြေခံကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ နေ့လည်ပိုင်းတွင် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်(၂)ဦး...

လေးကေကော်ဒေသ စစ်ရှောင် ၁,၀၀၀ ကျော် နေရပ်ပြန်နိုင်ရေး ခက်ခဲနေဆဲ

မေလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ပလောတပို့ စစ်ရှောင်စခန်းတွင် ခိုလှုံနေထိုင်ကြသည့် လေးကေကော် ဒေသ စစ်ဘေးရှောင် ၁,၂၀၀ ကျော်သည် စစ်ရှောင်ကာလ တစ်နှစ်ကျော်လာပြီဖြစ်သော်လည်း နယ်မြေတွင်း တည်ငြိမ်မှုမရှိသေးသောကြောင့် ယခုအချိန်ထိ နေရပ်ပြန်နေထိုင်နိုင်ရေး ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။ လေးကေကော်မြို့သစ်တွင် ပြီးခဲ့သည့်...

ရာဇဝတ်မှုနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းကိစ္စ စုံစမ်းစစ်ဆေးအဖွဲ့ ဖွဲ့စည်းပြီး စစ်‌ဆေးမည်ဟု KNU ထုတ်ပြန်

မေလ ၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ မြဝတီတောင်ဘက် မောထိုတလေးနယ်မြေရှိ ရာဇဝတ်မှုနှင့်ဆက်စပ်သော စီးပွားရေးလုပ်ငန်းများတွင် ခေါင်းဆောင်အချို့ပါဝင်နေကြောင်း ဝေဖန်ပြောဆိုမှုများနှင့်ပတ်သက်၍ လွတ်လပ်ပြီးဘက်မလိုက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း ယမန်နေ့ မေလ(၅)ရက် နေ့စွဲဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ကြေညာချက်ထုတ်ကာ ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၃)ရက်နေ့က ကရင်အဖွဲ့အစည်းပေါင်း (၆၈)ဖွဲ့မှ တရားမဝင်လုပ်ငန်းများ...

KNU ဆောထိမြို့နယ်၏ (၅)ကြိမ်မြောက်ကွန်ဂရက်ကျင်းပပြီးစီး

မေလ ၆ ရက်၊ ၂၀၂၃ခုနှစ်။ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်(တပ်ရင်း-၇)၏ (၅)ကြိမ်မြောက် ကွန်ဂရက်ကို ပြီးခဲ့သည့် မေလ ၃ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည်ဟု သိရသည်။ အဆိုပါ‌ ဆောထိမြို့နယ်ကွန်ဂရက်သည် မြို့နယ်အမြဲတမ်းကော်မတီ ၂၁ဦး‌ ရွေးချယ်တင်မြောက်ပြီး ၎င်းမြို့နယ်အမြဲတမ်းကော်မတီဝင် ၂၁ ဦးမှ မြို့နယ်ထိပ်ပိုင်းခေါင်းဆောင် ၄ ဦး...

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ကျည်စထိမှန် ဒဏ်ရာရ

မေလ ၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း-ခလရ (၉၇)က ယနေ့ နံနက် ၇နာရီခွဲဝန်းကျင်တွင် ပစ်ခတ်လိုက်သောလက်နက်ကြီးကြောင့် မြို့၏တောင်ဘက်ပိုင်းရှိ မောင်းမရွာသစ်ကျေးရွာမှ အသက် ၅၈ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ မောင်းမရွာသစ်ကျေးရွာ အမျိုးသမီးတစ်ဦးက “မနေ့ညကလည်း...

ကရင်နီတွင် စစ်ဘေးရှောင်ဦးရေ တိုးလာပြီး စားနပ်ရိက္ခာပိုမိုခက်ခဲလာ

မေလ ၄ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်နီ (ကယား)ပြည်နယ်တွင် ၂၀၂၃ ခုနှစ်မှစတင်၍ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှု ပိုမိုလုပ်ဆောင် လာသည့်တချိန်တည်းတွင် စစ်ဘေးရှောင်ဦးရေ တိုးများလာသဖြင့် စားနပ်ရိက္ခာရရှိမှုလည်း ပိုမိုခက်ခဲလာကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ ကရင်နီပြည်နယ် ဒီမောဆိုမြို့နယ်တွင် ယခုလပိုင်းအတွင်း ထပ်မံတိမ်းရှောင်လာသူတိုးများလာပြီး ကူညီထောက် ပံ့မှုနည်းလာသဖြင့် အခက်အခဲအမျိုးမျိုးကြုံတွေ့နေရကြောင်း...
Donate