Home Authors Posts by KIC News

KIC News

22512 POSTS 0 COMMENTS

နှစ်ဝက်ကာလတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ နှစ်ထောင်ကျော်သေဆုံးကြောင်း ကေအဲန်ယူထုတ်ပြန်

ဇူလိုင်လ(၉)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေအတွင်း ယခု ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၁)ရက် နေ့မှ ဇွန်လ(၃၀)ရက်နေ့အထိ ခြောက်လတာကာလအတွင်း စစ်ကောင်စီနှင့်ဖြစ်ပွားခဲ့သောတိုက်ပွဲများအနက် စစ်ကောင်စီဘက်မှ စုစုပေါင်း (၂,၆၃၂)ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူဘက်က ယနေ့ထုတ်ပြန်ထားသည်။ ကေအဲန်ယူ အုပ်ချုပ်မှုလက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုး သားကာကွယ်ရေးတပ်ဖွဲ့-KNDOအပြင် ၎င်းတို့၏ကွပ်ကွဲမှုအောက်ရှိ တော်လှန်ရေး အင်အားစုများနှင့်...

လေးကေကော်ရှိ နေအိမ်များ ခိုးယူဖျက်ဆီးခံထားရသောကြောင့် နေရပ်ပြန်နေထိုင်သူများ အခက်အခဲကြုံနေရ

ဇူလိုင် ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ တိုက်ပွဲကြောင့် စွန့်ပစ်ထားခဲ့ရသည့် လေးကေကော်မြို့သစ် နေအိမ်များတွင် အိမ်အသုံးအဆောင်ပစ္စည်းများ ခိုးယူဖျက်ဆီးခံထားရမှုများကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်လည် နေထိုင်ရန် အခက်အခဲများ ကြုံတွေ့ နေရကြောင်း နေရပ်ပြန် လေးကေကော်ဒေသခံများ ကပြောသည်။ လေးကေကော်မြို့သစ်နေရာတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်...

နယ်မြေစိုးမိုးရေးအတွက် တော်လှန်ရေးအင်အားစုများ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် စစ်ကြောင်း လှည့်လည်ပြ

ဇူလိုင်လ(၈)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်အတွင်း နယ်မြေစိုးမိုး မှုရရှိရန်အတွက် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမကြီးပေါ်သို့ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ စစ်ကြောင်းလှည့်လည်ခဲ့ကြကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။ ထိုသို့စစ်ကြောင်း လှည့်လည်လုပ်ဆောင်ခြင်းသည် KNLA တပ်ရင်း(၃) နယ်မြေ၊ ဘီးလင်းမြို့နယ်အတွင်းရှိ သော...

သထုံတွင် စစ်ကောင်စီတပ်၏လက်နက်ကြီးကြောင့် ကလေးငယ်(၂)ဦးအပါအဝင် (၆)ဦး ထိခိုက်ဒဏ်ရာရ

ဇူလိုင်လ(၈)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စုရှိ ရွှေရောင်ပြကျေးရွာတွင် ယမန်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကလေးငယ်(၂)ဦးအပါအဝင် ဒေသခံ(၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။ လက်နက်ကြီးပစ်ခတ်မှုကို သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီ၏အမြှောက်တပ်ရင်း (အမတ-၃၁၄) မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ပစ်ခတ်ခဲ့သည့်လက်နက်ကြီး သုံးလုံးအနက်...

တောင်ငူ-သံတောင် ကားလမ်းမကြီးနံဘေးရှိ ကျွန်းခင်းမှ ကျွန်းသစ်များ ခိုးထုတ်ခံနေရ

ဇူလိုင်လ ၇ ရက်၊ ၂၀၂ ၃ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့သစ်(၁၃)မိုင်နှင့် ပျား စခန်းအကြား တောင်ငူ-သံတောင်ကားလမ်းမကြီးနံဘေးတွင်ရှိသော ကျွန်းခင်းမှ ကျွန်းသစ်များ စစ်တပ်အာဏာသိမ်းယူပြီးသည့်နောက်ပိုင်း တဖြည်းဖြည်းချင်း ခိုးထုတ်ခံနေရကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ နိုင်ငံပိုင်ကျွန်းခင်းမှကျွန်းသစ်များအား စစ်ကောင်စီအာဏာသိမ်းယူပြီးကာစ တရားဥပဒေစိုးမိုးမှုပျက်ပြားသွားသည့်အချိန်တွင် အနည်းအကျဥ်းခိုးထုတ်ရာမှ ယခုနှစ်အစောပိုင်းမှစ၍ ဖောကားများဖြင့်...

စစ်ကောင်စီတပ်၏ ဆက်သွယ်ရေးတာဝါတိုင်စခန်းတိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

ဇူလိုင်လ ၇ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ၁၄ မိုင်ကျေးရွာအနောက်ဘက်ရှိ စစ်ကောင်စီ၏ ဆက်သွယ်ရေး တာဝါတိုင် စခန်းကုန်းကို ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့ ည(၁၁)နာရီအချိန်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲ ယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ (YGF)က ယနေ့...
Donate