KIC News
စစ်သင်တန်းတက် ကျောက်ခက်လူငယ်များကို ရပ်ရွာကာကွယ်ရေးအတွက် DKBA ပြန်လည်အသုံးပြုမည်
ဇန်နဝါရီ ၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ထိန်းချုပ်နယ်မြေ၊ ကျောက်ခက်ကျေးရွာရှိ စစ်သင်တန်းအတွက်ခေါ်ယူစုဆောင်းထားသူ လူငယ်များအား မိမိတို့ရပ်ရွာကာကွယ်ရေးအတွက် သင်တန်းအပြီး နေရာပြန်လည်ချထားမည်ဖြစ်ကြောင်း DKBA ပြောခွင့်ရ ဗိုလ်မှူးကြီးစောဖားဘလက်က ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းတွင် ကျောက်ခက်ကျေးရွာအုပ်စုရှိ လူငယ်များကို DKBAက...
မဲဆောက်မြို့ ဘင်္ဂလားရပ်ကွက် အိမ်တန်းလျား မီးလောင်မှုဖြစ်ပွား၊ အိမ်ခန်း ၆ ခန်းပျက်စီး
ဇန်နဝါရီ ၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မဲဆောက်ဈေးကြီးအနီးရှိ ဘင်္ဂလားအိမ်ခန်းတန်းလျားတွင် ယနေ့ ဇန်နဝါရီ ၉ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ်တန်းလျားတစ်ဆောင်ရှိ အိမ်ခန်း ၆ ခန်း...
DKBA ခေါင်းဆောင်ပိုင်း ပြန်လည်ဖွဲ့စည်းပြီးနောက် တရားဝင် ရာထူးတာဝန်ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်
ဇန်နဝါရီ ၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်-DKBA ၏ ထိပ်ပိုင်း ခေါင်းဆောင်များ ပြောင်းလဲမှု တရားဝင် ရာထူးပေးအပ်ပွဲကို ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့တွင် ၎င်းတို့ ဌာနချုပ် တည်ရှိရာ ဆုံဆည်းမြိုင်၊ ကော်သူးမွဲခီး၌ အခမ်းအနားဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့်...
မြဝတီမြို့တွင် အမျိုးသမီးတစ်ဦးကို ကြိုးဖြင့်တုပ်ချည်၍ သတ်ဖြတ်ခဲ့သူဟု ယူဆရသူ ၂ ဦး ဖမ်းဆီးရမိ
ဇန်နဝါရီ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၃) ရပ်ကွက်၊ မိကျောင်းကုန်းဘုရားဝင်း အနောက်ဘက်၊ ဝေဘာဂီ လမ်းရှိ နေအိမ်တစ်လုံးအတွင်း အမျိုးသမီးတစ်ဦးအား ခြေ၊ လက်များကို ကြိုးဖြင့်တုပ်ချည်ကာ ရိုက်နှက် သတ်ဖြတ်ခဲ့သည်ဟု ယူဆရသူ လူငယ် ၂...
နယ်မြေထိန်းချုပ်နိုင်မှုမရှိဘဲ အစိုးရတည်ဆောက်၍မရကြောင်း KNU ပြော
ဇန်နဝါရီလ (၈) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရတစ်ရပ်တည်ဆောက်၍မရနိုင်ကြောင်း စောနယ်ဒါးမြဦးဆောင်သည့် ကော်သူးလေသမ္မတနိုင်ငံထူထောင်မှုနှင့်ပတ်သက်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ပြောသည်။
မြန်မာအစိုးရယန္တရား ပြိုကွဲပျက်စီးနေပြီဖြစ်သောကြောင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရန် ဒီမိုကရေစီအုပ်ချုပ်မှုစနစ်ကိုအခြေခံ၍ ကော်သူးလေသမ္မတနိုင်ငံသစ် တည်ထောင်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလ(၅)ရက်နေ့က ကော်သူးလေအာမီ-KTLA မှကျင်းပသည့် ကရင်အမျိုးသားလွတ်လပ်ရေးနေ့အခမ်းအနားတွင် စောနယ်ဒါးမြက...
ဖလူး-ဝေါလေလမ်းပိုင်းရောက် စစ်အုပ်စုစစ်ကြောင်းကို KNLA မဟာမိတ်ပူးပေါင်းတပ်များ ဆက်လက်တိုက်ခိုက်နေ
ဇန်နဝါရီ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့ နယ်ကျွံဝင်ရောက်လာသည့် စစ်အုပ်စုစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူးပေါင်းတပ်များက ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်မှု ဆက်လက်လုပ် ဆောင်နေကြောင်း မြေပြင်စစ်ရေး သတင်းအရင်းအမြစ်ထံမှ သိရသည်။
အဆိုပါဒေသအတွင်း စစ်အုပ်စုက...
ကျားဖြန့်ကြောင့် ဖားအံဟိုတယ်ခများ ဆက်လက်မြင့်တက်
ဇန်နဝါရီလ (၅)ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ ရှောင်တိမ်းပြီး ဖားအံမြို့ပေါ်တွင်လာရောက်တည်းခိုကြသည့် ကျားဖြန့်လုပ်သားများကြောင့် မြို့ပေါ်ဟိုတယ်နှင့်တည်းခိုခန်းခများ ဈေးဆက်လက်မြင့်တက်နေကြောင်း ဒေသခံများထံမှသိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း ထိုင်းမြန်မာနယ်စပ်ရှိကျားဖြန့်လုပ်ငန်းများကို စစ်အုပ်စုပူးပေါင်းတပ်ဖွဲ့က နှိမ်နင်းပြခြင််းကြောင့် ၎င်းလုပ်သားအများစု၊ ဖားအံမြို့ပေါ်ရှိ ဟိုတယ်နှင့်တည်းခိုခန်းများသို့...
တိုက်ပွဲသတင်းကြောင့် ရွှေကုက္ကိုလ်နေပြည်သူများ လုံခြုံရေးစိုးရိမ်
ဇန်နဝါရီလ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ် အသွင်ပြောင်းလဲလိုက်ပြီး တိုက်ပွဲဖြစ်လာနိုင်သည့်သတင်းကြောင့် ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်နေပြည်သူများ လုံခြုံရေး စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။
ရွှေကုက္ကိုလ်မြို့ရှိစစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ ၎င်းတို့အခြေစိုက်နေရာများမှ ထွက်ခွာပြီးနောက် စစ်ရေးခြေ အနေတင်းမာလာနိုင်သဖြင့် KNA တာဝန်ရှိသူများက...
KNA ဘက်တံဆိပ်ပြောင်း BGF တပ်ရင်းများမှ စစ်အုပ်စု ဦး/ရေး/ထောက် တပ်ဖွဲ့များ တပ်မ ၂၂ နှင့် ရတခသို့...
ဇန်နဝါရီ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့မှ KNA (ကရင်အမျိုးသားတပ်မတော်) အဖြစ် BGF တပ်နယ်/တပ်ရင်းအချို့ ဘက်တံဆိပ်ပြောင်းလဲတပ်ဆင်ပြီးနောက် ဇန်နဝါရီလ ၂ ရက်မှစတင်၍ စစ်အုပ်စု၏ တပ်ရင်းအုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရသည့် (ဦး/ရေး/ထောက်) အရာရှိများနှင့် အကြပ်စစ်သည်များသည်...















