Home သတင်း အတ္တရံမြစ်ကူးတံတားတစ်စင်း တည်‌ဆောက်မည်

အတ္တရံမြစ်ကူးတံတားတစ်စင်း တည်‌ဆောက်မည်

3877
စက်တင်ဘာ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

DSC04482ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ဆက်သွယ်ထားသည့် မုဒုံ-မြဝတီလမ်းမ‌ပေါ် ကရင်ပြည်နယ် ကြာအင်းဆိပ် ကြီးမြို့နယ်၊ ‌ချောင်းနှစ်ခွ‌ကျေးရွာတွင် အတ္တရံမြစ်ကူးတံတားတစ်စင်း (‌ချောင်းနှစ်ခွတံတား) တည်‌ဆောက်ရန် ရှိသည်ဟု သိရသည်။

‌ချောင်းနှစ်ခွတံထားကို မွန်ပြည်နယ် မုဒုံမြို့မှ ကရင်ပြည်နယ်နယ်စပ် မဲသ‌ရောအထိ အရှည် ၃၂ မိုင်၊ ၅ ဖါလုံခန့် ရှိရာ လမ်းပိုင်း၏ မိုင် ၂ဝ ခန့်အကွာ ဝင်း‌ယော်မြစ်နှင့် ဇမိမြစ်ဆုံရာ(အတ္တရံမြစ်) ‌ချောင်းနှစ်ခွ‌ကျေးရွာတွင် တည် ‌ဆောက်သွားမည်ဖြစ်ပြီး အစိုးရခွင့်ပြုချက်ဖြင့် ၂၀၁၃-၂၀၁၄ ခုနှစ်တွင် စတင်အ‌ကောင်အထည်‌ဖော်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု မွန်ပြည်နယ် ‌ဆောက်လုပ်‌ရေးဌာမှ သိရသည်။

“ဒီလမ်းက‌တော့ ကျ‌နော်တို့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် ဆက်စပ်အ‌ရေးပါတဲ့လမ်းဖြစ်တယ်။ အဲဒါ‌ကြောင့်မို့ လို့ နိုင်ငံ‌တော်က ခွင့်ပြုတာ‌ပေါ့။ ပြည်နယ်အစိုးရကလည်း ဒါကို လုပ်ချင်တယ်။ ကရင်နဲ့ မွန် သွားဆက်တာ‌ပေါ့။ တံတားဒီဇိုင်း‌တွေလည်း ထုတ်ထားပြီးပြီ”ဟု မွန်ပြည်နယ် ‌ဆောက်လုပ်‌ရေးအင်ဂျင်နီယာမှူးကြီး ဦးမြင့်‌ဇော်က ‌ပြောသည်။

တည်‌ဆောက်ရန် လျာထားသည့် အဆိုပါ ‌ချောင်းနှစ်ခွတံတားအရှည်သည် ချဉ်းကပ်မပါ တံတားအရှည် ၂၃၂ မီတာရှိကာ ယာဉ်သွားလမ်းအတွက် အကျယ် ၂၄ ‌ပေ တည်‌ဆောက်ရန် လျာထားသည်ဟု သိရသည်။

လက်ရှိတွင် ထို‌ဒေသရှိ အတ္တရံမြစ်ကို ဇက်(စက်‌လှေ)ဖြင့် ဖြတ်သန်းသွားလာ‌နေကြရပြီး မိုးများသည့်အချိန်တွင် ဇက် ဖြတ်သန်းမှု ရပ်ထားရသည့်အတွက် ထိုလမ်းကို အသုံးပြု‌နေကြသည့် ကရင်နှင့် မွန်‌ဒေသခံများအတွက် အခက်အခဲကြုံ‌တွေ့ကြရသည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

DSC04484တံတားတည်‌ဆောက်ရန်ရှိသည် ‌နေရာတွင် ‌နေထိုင်‌နေကြသည့် ‌ဒေသခံများက ထိုလျာထားသည့် ‌နေရာသည် ၎င်းတို့ ‌နေထိုင်မှုအတွက် ထိခိုက်မှုများရှိ‌နေသည်ဟုဆိုပြီး လျာထား‌နေရာ ‌ပြောင်း‌ရွေ့‌ပေးရန် ‌တောင်းဆိုမှုရှိ‌နေ ‌ကြောင်းလည်း သိရသည်။

သို့‌သော် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများအ‌နေဖြင့် တံတား‌ဆောက်လုပ်ရန် လျာထား‌နေရာတွင် ပါဝင်သည့် နယ်‌မြေခံပြည်သူလူထုတို့နှင့် ညှိနှိုင်းပြီး အဆင်‌ပြေစွာ ‌ဆောင်ရွက်သွားမည်ဟု ဆိုသည်။
မုဒုံ-မြဝတီလမ်းသည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွက် အ‌ရေးပါသည့် လမ်း‌ကြောင်းတစ်ခုဖြစ်သည့် အတွက် ယခုတည်‌ဆောက်မည့် တံတားသည်လည်း မွန်နှင့် ကရင်ပြည်နယ်အတွက် သွားလာ‌ရေးလွယ်ကူ‌စေ မည့် လမ်း‌ကြောင်းတစ်ခုဖြစ်‌ကြောင်း သိရသည်။

ထို့အပြင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ဆက်သွယ်သွားလာနိုင်သည့် “‌သေမင်းတမန် ရထားလမ်း” နှင့် အပြိုင် သံဖြူဇရပ်-ဘုရားသုံးဆူ ‌မော်‌တော်ကားလမ်းကိုလည်း စတင်‌ဖောက်လုပ်‌နေပြီးဖြစ်သလို ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်သို့ အလွယ်တကူ ဆက်သွယ်သွားလာနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့အ‌နေဖြင့် လမ်းများ၊ တံထားများ ‌ဖောက်လုပ်လျက်ရှိ‌နေပြီး ထိုလမ်းများမှတဆင့် ထိုင်းနယ်စပ်သို့လည်း လွယ်ကူစွာ သွားလာနိုင် ‌တော့မည်ဖြစ်သည်ဟု အစိုးရ တာဝန်ရှိသူများက ‌ပြောသည်။