Hay Htoo
နိုင်ငံတကာ မြန်မာ့သတင်း(ဘီအဲန်အိုင်) ဖွံ့ဖြိုးရေးတာဝန်ခံ နိုင်ကဆော့မွန်နှင့် ကရင်သတင်းစဉ် တွေ့ဆုံမေးမြန်းခန်း
မေး - ဘီအဲန်အိုင်ဟာ ဖွဲ့စည်းလာခဲ့တာ (၆)နှစ်ခွဲရှိပြီဆိုတော့ ဒီကာလအတောအတွင်းမှာ ဖြတ်သန်းလာခဲ့တဲ့ အနေအထားအရ ဘာတွေလုပ်ဆောင်နိုင်ခဲ့ပါသလဲ၊
ဖြေ - ဒီကျနော်တို့ ဘီအဲန်အိုင်က အလုပ်ဆောင်ပေးနိုင်ဆုံးကတော့ ကျနော်တို့ ဘီအဲန်အိုင်ထဲမှာ ပါဝင်နေတဲ့ အဖွဲ့ဝင်တွေရဲ့ (Capacity Building ) အရည်အသွေးဆိုင်ရာ မြင့်တင်မှုလုပ်ငန်းတွေမှာ ကျနော်တို့အများကြီး လုပ်ဆောင်နိုင်ခဲ့တယ်။...
စစ်သားကြီးကို ကြောက်လို့ပါ
ခိုင်မာကျော်ဇော
အဖွားရယ်...
နင်ဘယ်သွားသွား ချန်မထားနဲ့
နင်ဘယ်ပြေးပြေး ငါလိုက်ပြေးမယ်
နင်ငတ်သေလည်း ငါလိုက်သေမယ်
စစ်သားကြီးကို ငါကြောက်တယ်။
အဖွားရယ်...
ငါတို့ အိမ်မှာ နေချင်ပါတယ်
ဒါပေမယ့်လည်း
မနေရဲဘူး၊
စစ်သားကြီးကို ငါကြောက်တယ်၊
ငါတို့ ပညာသင်ချင်ပါတယ်
ဒါပေမယ့်လည်း
ငါတို့ကျောင်းကို မသွားရဲဘူး၊
စစ်သားကြီးကို ငါကြောက်တယ်။
ငါတို့တောင်ယာ မဝေးပါဘူး၊
ဒါပေမယ့်လည်း
မသွားရဲဘူး၊
စစ်သားကြီးကို ငါကြောက်တယ်၊
ငါတို့ နွားကို သူဆွဲသွားတာ ငါမြင်ပါတယ်၊
ဒါပေမယ့်လည်း
မပြောရဲဘူး
စစ်သားကြီးကို ငါကြောက်တယ်။
ငါ့မိဘကို သူနှိပ်စက်တာ ငါမြင်ပါတယ်၊
ဒါပေမယ့်လည်း
မအော်ရဲဘူး
စစ်သားကြီးကို ငါကြောက်တယ်။
ငါ့မိဘကို သူတို့ သတ်တာ ငါမြင်ပါတယ်
ဒါပေမယ့်လည်း
မငိုရဲဘူး
စစ်သားကြီးကို ငါကြောက်တယ်။
ဟိုမှာ......
လူငယ်များ၏စကားလက်ဆောင် (ဇွန်လိုင် -၂၀၀၉)
အမည် - စောထောင်းထော့စူ ၂၃နှစ်
ပညာအရည်အချင်း - အထက်တန်းလွန်အဆင့်
နေရပ် - ဖားပြကျေးရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်
ကျနော်က မောင်နှမ ၄ ယောက်မှာ ဒုတိယမြောက်သားဖြစ်တယ်။ ကြာအင်းဆိပ်ကြီးမြို့နယ် တွဲဖက် အထက ဖားပြကျောင်းကနေ ခလယ်တံခွန်တိုင်၊ တွဲဖက်အထက၊ ပြီးတော့ ကြာအင်းဆိပ်ကြီးမြို့မှာ ဆယ်တန်းအောင်တယ်၊ ဆယ်တန်းမအောင်ခင် ၂၀၀၁...
သဃင်္န်းညီနောင် တံတားကျိုးဂိတ်တွင် ရတခ-စစ်ဗျူဟာမှူးတဦး ကိုယ်ကျိုးရှာနေ
ဩဂုတ် ၁။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် သဃင်္န်းညီနောင်ရှိ ကော့ကရိတ်-မြဝတီကားလမ်း တံတားကျိုးစခန်းမှ အရှေ့တောင်တိုင်း စစ်ဌာနချုပ် အခြေချစစ်ဗျူဟာမှ တာဝန်ခံ စစ်ဗျူဟာမှူးတဦးသည် အဖွဲ့အစည်းအမည်ခံကာ ကိုယ်ကျိုးရှာ အခွန်ကောက်ခံလျှက်ရှိသည်ဟု သိရသည်။
အဆိုပါ စစ်ဗျူဟာမှူး ဗိုလ်မှူးခင်မောင်ဝင်းသည် ၂၀၀၈ခုနှစ်မှစ၍ ယခုအချိန်ထိ ထိုင်း-မြန်မာနယ်စပ် မြဝတီမှ တင်သွင်းလာသော လိုင်စင်မဲ့...
စစ်အစိုးရ၏ မှားယွင်းစီမံမှုကြောင့် လက်ဖက်တောင်သူများ ထိခိုက်
ဇူလိုင်လ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
လက်ဖက်ဖျက်ပိုး အစီရင်ခံစာ
စစ်အစိုးရ၏ မှားယွင်းသည့် စီမံခန့်ခွဲမှု။ ခြစားလာဘ်စားမှုတို့ကြောင့် လက်ဖက်တွင် အဝါရောင်ဆိုးဆေးပါဝင်ှု လက်ဖက်များကို ပိတ်ပင်တားမြစ်ခြင်းသည် လက်ဖက်တောင်သူများသာ ထိခိုက်ပြီး မှန်ကန်သည့် ဖြေရှင်းမှုမဟုတ်ဟု တအာင်း (ပလောင်)လုပ် ငန်းအဖွဲ့က ဆိုသည်။
ထိုင်းနယ်စပ်တွင် ယနေ့ပြုလုပ်သည့် တအာင်း (ပလောင်)လုပ်ငန်းအဖွဲ့၏ “လက်ဖက်ဖျက်ပိုး”အမည်ရှိ...
ဘိန်းရောင်းဝယ်ဖြန့်ဖြူးသူ ဒုက္ခသည်နှစ်ဦး ဖမ်းဆီးခံရ
ဇူလိုင် ၂၆ရက်။ administrator ကေအိုင်စီ
မယ်လဒုက္ခသည်စခန်းတွင် ဘိန်းမဲရောင်းဝယ်ဖြန့်ဖြူးသည့် ဒုက္ခသည်နှစ်ဦးကို ထိုင်းစစ်တပ်က ဇူလိုင်လ ၂၅ရက်နေ့တွင် လာ ရောက်ဖမ်းဆီးသွားခဲ့ကြောင်း စခန်းတွင်း နေထိုင်သူ ဒုက္ခသည်တဦး၏ ပြောပြချက်အရ သိရသည်။
သူက “ဒီနေ့မွန်းလွဲ(၃)နာရီကျော်လောက်မှာ ထိုင်းက စခန်းဆေးရုံရှေ့မှာ ဘိန်းရောင်းဝယ်တဲ့လူနှစ်ယောက်ကို လာရှာဖမ်း သွားတယ်”ဟု ကေအိုင်စီကို ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍...
တပ်မဟာ(၆) နယ်မြေတွင် တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားဖွယ်ရှိ
ဇူလိုင်လ ၂၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေတွင် တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားဖွယ်ရှိကြောင်း ဘုရားသုံးဆူမြို့မှ ကေပီအက်ဖ် ထိပ် ပိုင်းခေါင်းဆောင်တဦးက ယနေ့ ပြောဆိုလိုက်သည်။
သူက “လက်ရှိ အခြေအနေအရ ဆိုလို့ရှိရင် နအဖကော၊ ဒီကေဘီအေဘက်ကော တပ်မဟာ (၆)နယ်မြေကို ထိုးစစ်ဆင်ဖို့ အတွက်...
ရွာသား(၅၀၀)ကျော် ထိုင်းဘက်ခြမ်းသို့ ထပ်မံရောက်ရှိလာ
ဇူလိုင် ၂၄။ နန်းထူးစံ (ကေအို်င်စီ)
ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်မှ ရွာသူရွာသား (၅၀၀)ကျော်သည် ယခုရက်သတ္တပတ်အတွင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်း မြို့နယ် မဲ့အူစူရွာအနီးရှိ ပြည်တွင်းဒုက္ခသည်များ ယာယီခိုလုံရာနေရာသို့ ထပ်မံရောက်ရှိလာ သည်ဟု သိရသည်။
အဆိုပါဒုက္ခသည်များသည် ပိုင်ကျုံမြို့နယ်အတွင်းရှှိ ဝါးမီကလားကျေးနယ်၊ မဲ့လာအားခီး၊ မဲ့လာအားထာ့မှ ရွာသူ ရွာသားများဖြစ်ကြ...
မယ်လစခန်းတွင် ယခင်နှစ်ထက် တုပ်ကွေးရောဂါ အဖြစ်များလာ
ဇူလိုင်လ ၂၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မြောက်ဘက် ၄၅ကီလို အကွာအဝေးတွင်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် ယခုနှစ် ဇူလိုင် လအတွင်း တုပ်ကွေးရောဂါ ဖြစ်ပွားမှုမှာ ယခင်နှစ်ထက် ပိုမိုများပြားလာသည်ဟု စခန်းဆေးရုံအုပ် စောနေစဲန်က ကေအိုင်စီကို ပြောသည်။
၎င်းက “တုပ်ကွေးက ဒီနှစ် အဖြစ်များတယ်လို့ ဆိုရမယ်။ ဒီဇူလိုင်လအတွင်းမှာပဲ...
နယ်စပ်ရှိ ဒီကေဘီအေ တပ်သားများ စိတ်ဓာတ်ကျဆင်း
ဇူလိုင်လ ၁၆ရက်။ နန်းထူးစံ (ကေအိုင်စီ)
နအဖ စစ်အစိုးရ၏ ညွန်ကြားမှုကြောင့် ကေအဲန်ယူနယ်မြေများကို ထိုးစစ်ဆင်နေရခြင်းသည် ကရင်အချင်းချင်း တိုက်ခိုက်နေ ခြင်းသာဖြစ်နေသည့်အပေါ် စိတ်ဓာတ်ကျရကြောင်း ဒီကေဘီအေတပ်ဖွဲ့ဝင်အချို့က ထုတ်ဖော်ပြောဆိုလိုက်သည်။
ကရင်အမျိုးသားရေးအတွက် လုပ်ပေးချင်သော်လည်း လူမျိုးအချင်းချင်း ပြန်တိုက်ရသည့်အလုပ်ကို မလုပ်နိုင်တော့ကြောင်း ဇူလိုင်လ ၁၅ ရက်နေ့က ကေအဲန်ယူ တပ်မဟာ(၇)၊ တပ်ရင်း(၁၀၁)ထံသို့...





