Home သတင်း ဒီ‌ကေဘီ‌အေတပ်ဖွဲ့ ‌စောင့်ကြည့်စစ်‌ဆေးမှု‌ကြောင့် ရွာသားများ အ‌နေကြပ်

ဒီ‌ကေဘီ‌အေတပ်ဖွဲ့ ‌စောင့်ကြည့်စစ်‌ဆေးမှု‌ကြောင့် ရွာသားများ အ‌နေကြပ်

1888
စက်တင်ဘာလ ၂၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)တပ်ဖွဲ့တို့က ကရင်ပြည်နယ် ဝင်း‌ရေးမြို့နယ်ရှိ မဲ့က သာရွာသားများ၏ သွားလာ‌ရေးကို စက်တင်ဘာလ ၂ဝရက်‌နေ့ ‌နောက်ပိုင်းတွင် ‌စောင့်ကြည့်စစ်‌ဆေး‌နေသည့်အတွက် ရွာ သားများ အ‌နေကြပ်ကြရသည်ဟု သိရသည်။

ရွာသားတဦးက “ဒီ‌ကေဘီ‌အေက ရွာသား‌တွေ ပျံ့ကျဲ‌နေမှာကို စိုးရိမ်တဲ့အတွက် ရွာသား‌တွေ မဲ့ကသာက‌နေ ဘုရားသုံးဆူကို ဘုရား‌ကျောင်းသွားတက်လို့ရှိရင် ဘယ်သွားဘယ်လာ စစ်‌ဆေး‌မေးမြန်းတယ်။ မဲ့ကသာက‌နေ မိုင်းဘက်ကိုသွားရင်လည်း အ ထုပ်အပိုးအကြီးကြီး သယ်မသွားရဘူး။ ‌တောင်ယာသွားရင်လည်း မနက်ပိုင်းသွားပြီး‌တော့ ‌နေ့ချင်းပြန်ပဲ။ အိမ်ကိုပဲ ပြန်လာ အိပ်ရမယ်။ အဲသလိုမျိုး ရွာသား‌တွေကို အကြပ်ကိုင်တယ်။ ‌ကော်သူး‌လေ(‌ကေအဲန်ယူ)‌နေတုန်းက‌တော့ သားငါး‌တွေကို ရွာ သား‌တွေ လွတ်လွတ်လပ်လပ် ရှာစားလို့ရတယ်။ အခု‌တော့ ဘာမှလုပ်လို့ မရ‌တော့ဘူး”ဟု ‌ပြောသည်။

ဒီ‌ကေဘီ‌အေတပ်ဖွဲ့၏ ရွာတွင်းပစ်ခတ်မှု‌ကြောင့် မဲ့ကသာရွာသူရွာသား ၁၆ဦးပါ အိမ်‌ထောင်စု (၄)စုသည် စက်တင်ဘာလ ၁၈ ရက်‌နေ့တွင် ထိုင်းနိုင်ငံ‌တောင်ပိုင်း စံခရဘူရီမြို့နယ်ထဲသို့ ထွက်‌ပြေးတိမ်း‌ရှောင်သွားခဲ့ပြီး ‌နောက်ထပ် ရွာသားများ ထွက်မ‌ပြေး နိုင်‌အောင် လုပ်‌ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းသို့ ရွာသားများထွက်‌ပြေးရခြင်းမှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ရက်‌နေ့က ဗိုလ်ကြီး‌အေဝမ်း ဦး‌ဆောင်သည့် ဒီ‌ကေဘီ ‌အေ (၉၀၅)တပ်ရင်း တပ်ခွဲ(၅)တပ်ဖွဲ့တို့က ရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရွာသားများက ရွာတွင် မ‌နေရဲကြ ‌တော့ဘဲ နယ်စပ်သို့ ထွက်‌ပြေးခဲ့ရခြင်းဖြစ်သည်ဟု အဆိုပါ‌ဒေသခံက ‌ပြောသည်။

၎င်းက “စက်တင်ဘာ (၁၆)ရက်‌နေ့က ဒီ‌ကေဘီ‌အေ တပ်ရင်း(၉၀၅) တပ်ခွဲ(၅)မှူး ဗိုလ်‌အေဝမ်းက မဲ့ကသာရွာကိုသွားဖို့အ တွက် သဘာဝရွာကို‌ရောက်‌တော့ ‌ချောင်းကိုဖြတ်ကူးမဲ့အချိန်မှာ (M-79)နဲ့ သုံးလုံး လှမ်းပစ်တယ်။ လက်နက်ငယ် အချက် ၃ဝပစ်တယ်။ ဒါ‌ပေမယ့် ရွာသား‌တွေကို‌တော့ တ‌ယောက်မှ မထိဘူး။ အဲဒီ‌နောက် မဲ့ကသာ‌ချောင်းအတိုင်း သူတို့တက်သွားပြီး ‌တော့ ‌ချောင်း‌ဘေးနား ‌တောင်ယာတဲ ၄လုံးကို ‌သေနတ်နဲ့ ‌နောက်ထပ် ၁ဝချက် ထပ်ပစ်တယ်။ လူ‌တွေလည်းရှိတာ‌ပေါ့။ အဲသ လို လိုက်ပစ်‌တော့ ရွာသား‌တွေ‌ကြောက်ပြီး မဲ့ကသာရွာပြင်မှာရှိတဲ့ တဲ‌တွေ၊ အိမ်‌တွေက အိမ်‌ထောင်စု (၄)စု ထိုင်းဘက်ခြမ်း ထီးပယ်ခီးရွာကို ထွက်‌ပြေးသွားတယ်”ဟု ဆိုသည်။

လက်ရှိအချိန်တွင် မဲ့ကသာရွာတွင် တပ်အင်အား (၅၀)‌ကျော်ရှိ ဒုဗိုလ်မှူးကြီး ‌စော‌နော်တယာ ဦး‌ဆောင် သည့် ဒီ‌ကေဘီ‌အေ (၉၀၇)တပ်ရင်းက မျက်‌ခြေမပြတ် ‌စောင့်ကြပ်ထားပြီး သဘာဝရွာဘက်တွင် လူအင်အား(၄၀)ရှိ ဗိုလ်ကြီး‌အေဝမ်း ဦး‌ဆောင် သည့် ဒီ‌ကေဘီ‌အေ (၉၀၅) တပ်ခွဲ(၅)တပ်ဖွဲ့က ‌စောင့်ကြပ်ထား‌ကြောင်း သိရသည်။

မဲ့ကသာ‌ကျေးရွာသည် ဘုရားသုံးဆူမြို့၏‌မြောက်ဘက် ၁ဝကီလိုမီတာ အကွာအ‌ဝေးတွင်ရှိပြီး အိမ်‌ခြေ ၁၅၀‌ကျော်ရှိသည်။ လက်ရှိအ‌ခြေအ‌နေအရ ရွာ၏အ‌ရှေ့ဘက်ခြမ်းတွင် ဒီ‌ကေဘီ‌အေ (၉၀၇)တပ်ရင်းက အ‌ခြေချ‌နေပြီး ရွာ၏ပတ်ပတ်လည်တွင် ‌ကေအဲန်ယူ-‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၆)တပ်ဖွဲ့ဝင်တို့က လှုပ်ရှားလျှက်ရှိသည်။