Hay Htoo
ကော့ကရိတ်မြို့နယ်အတွင်း နအဖနှင့် ဒီကေဘီအေ တပ်ဖွဲ့ ဝင်များ အင်အား ၁၅၀ကျော် တိုးချဲ့လာ
ဇွန်လ ၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
အင်အား ၁၅၀ကျော်ရှိ နအဖနှင့် ဒီကေဘီအေ ဗဟိုလုံခြုံရေး ပူးပေါင်းတပ်ဖွဲ့ဝင်များသည် နယ်ခြားစောင့်တပ်အစီအစဉ်ကို ငြင်းဆန် ထားသော ထိုင်း-မြန်မာနယ်စပ်ရှိ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)အဖွဲ့ကို ဖိအားပေးရန် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဝေါ်လေဂွင်သို့ တပ်အင်အားတိုးချဲ့လာသည်ဟု သိရသည်။...
ရိက္ခာသယ်ယူမှု ပိတ်ပင်ထား၍ ပြည်တွင်းဒုက္ခသည်များ ဆန်ပြုတ်သောက်နေရ
ဇွန်လ ၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း သံလွင်မြစ်ကမ်းနံဘေးရှိ အီတိုးထာ့ ပြည်တွင်း ဒုက္ခသည်စခန်းမှ ဒုက္ခသည်များသည် ထိုင်း နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့ (ထာ့ဟမ်ဖန်း)၏ ဆန်သယ်ယူရန် ပိတ်ပင်ထားမှုကြောင့် ရိက္ခာပြတ်လပ်ကာ ဇွန်လ ၃ရက်နေ့မှ စ၍ ဆန်ပြုတ်သောက်နေရသည်ဟု ကရင်အမျိုးသမီးအစည်းအရုံး (ကေဒဗလျူအို)က ပြောသည်။
အီတိုးထာ့စခန်းရှိ...
ရွှေတူးလုပ်ငန်းကားများ ကြယ်ဝေါ်ထာ့စခန်းတွင် ပြန်ရွှေ့ထား
ဇွန်လ ၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
ဖာပွန်ခရိုင်တွင် ရွှေတူးဖော်ခဲ့သည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များက ရွှေတူးရာတွင် ၎င်းတို့ အသုံးပြုခဲ့သည့် ထရပ်ကားများကို သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကြယ်ဝေါ်ထာ့တပ်စခန်းတွင် ပြန်လည်ရွှေ့ပြောင်းထားသည်ဟု သိရသည်။
ကြယ်ဝေါ်ထာ့တပ်စခန်းသည် ဒီကေဘီအေ ရွှေတူးရန် ရောက်ရှိလာစဉ်ကတည်းက အမာခံတည်ဆောက်ထားသော စခန်းဖြစ် သည့်အပြင် ရွှေတူးဖော်သည့်နေရာနှင့်...
အစာအဆိပ်သင့်ကာ ဒုက္ခသည်နှစ်ဦး သေဆုံး
ဇွန်လ ၄ရက်။ နော်ဖြူဖြူသင်း (ကေအိုင်စီ)</h5ၟ
ထိုင်း-မြန်မာနယ်စပ်ရှိ် အုန်းဖျန်ဒုက္ခသည်စခန်း ဇုံဘီ၊ အမှတ်(၉)ရပ်ကွက်တွင် နေထိုင်သူ မွတ်ဆလင်လူမျိုး သားအဖနှစ်ဦး သည် မေလ ၃ဝရက်နေ့က အစာအဆိပ်သင့်ကာ ဆေးရုံသို့တက်ရောက်ကုသပြီးနောက် သေဆုံးသွားခဲ့သည်ဟု သိရသည်။
အစာအဆိပ်သင့်သူ မိသားစုသည် စခန်းအပြင်ဖက်တွင် အလုပ်သွားလုပ်ပြီး ထိုရွာရှိ စိုက်ခင်းဟောင်းမှ ဟင်းရွက်အညွှန့်များ ပြန်ခူးလာကာ...
သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးမှုများရှိ
ဇွန်လ ၃ရက်။ နော်အောင်လေး (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ဒေသ တစ်လျှောက်တွင် ယခုလ ပိုင်းအတွင်း သွေးလွန်တုပ်ကွေး ရောဂါ အဖြစ်များ၍ လူသေဆုံး သည်အထိ ရှိခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဖြစ်ပွားရာ၌ ဒုက္ခသည်စခန်းများ၊ မြန်မာနိုင်ငံဘက်ခြမ်းရှိ မြဝတီနှင့် ထိုင်းဘက်ခြမ်းရှိ ကျေးလက်ဒေသတချို့တွင် လူကြီး ရော ကလေးပါ ဖြစ်ပွားခြင်းဖြစ်ပြီး...
ဗိုလ်မှူးကြီးစောနယ်ဒါးမြ ဥရောပနိုင်ငံသို့ ရောက်ရှိနေ
ဇွန်လ ၂ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြ၏ သားဖြစ်သူ ဗိုလ်မှူးကြီးစောနယ်ဒါးမြသည် မိခင်အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် လက်ရှိအချိန်တွင် ဥရောပနိုင်ငံတစ်ခုသို့ ရောက်ရှိနေသည်ဟု သိရသည်။
မိတ်ဆွေတစ်ဦး၏ ဖိတ်ကြားစီစဉ်ပေးချက်အရ ဗိုလ်မှူးကြီးစောနယ်ဒါးမြသည် မိခင်အဖွဲ့အစည်း ကေအဲန်ယူ၏ ခွင့်ပြုချက်ဖြင့် မေလ ၃၁ရက်နေ့တွင် ဥရောပခရီးစဉ်အဖြစ် နော်ဝေနိုင်ငံကို စတင်ရောက်ရှိခဲ့ပြီး...
ရေမရသောကြောင့် နွေစပါး အသီးမအောင်
ဇွန်လ ၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ နွေစပါးစိုက်ပျိုးကြသော တောင်သူလယ်သမားများသည် ပြီးခဲ့ သည့်လများက လုံလောက်သည့် ရေမရရှိသောကြောင့် ယခုနှစ် စိုက်ပျိုးသည့် နွေစပါးများမှာ အသီးမအောင်ကြောင်း ဒေသခံတစ် ဦးက ပြောသည်။
သူက “ထန်းတပင်မြို့နဲ့ ကပ်လျက် ဆိပ်ကြီး၊ ကွင်းနောက် ဆိပ်ကြီးနဲ့...
အကယ်ဒမီ ထက်ထက်မိုးဦးအား စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ရှုတ်ချ
ဇွန်လ ၂ရက်။ နော်ဖြူဖြူသင်း (ကေအိုင်စီ)
7 Day News သတင်းထောက် မအေးသူစံကို ကိုယ်ထိလက်ရောက် ရိုင်းပျစွာ ဆက်ဆံခဲ့သူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးအား အမှုကျေအေးစေရန်အတွက် နှစ်ဖက်စလုံးကို ဖိတ်ခေါ်ကာ ညှိ်နှိုင်းခဲ့သော်လည်း လိုက်လျောသဘောတူ ညီမှု မရှိသည့် ထက်ထက်မိုးဦးကို မြန်မာနိုင်ငံ စာပေနှင့်...
မီးရှို့ခံရ၍ ပျက်စီးဆုံးရှုံး သွားသည့် ဥယျာဉ်ခြံ ဧက ၅၀ဝ ဝန်းကျင်ရှိကြောင်း ခန့်မှန်း
ဇွန်လ ၁ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်နှင့် သံတောင်မြို့နယ်တို့တွင် နအဖ လှုပ်ရှားတပ်များ၏ လိုက်လံမီးရှို့မှု ကြောင့် ၂၀၁ဝခုနှစ်အတွင်း ဒေသခံပြည်သူ ဥယျာဉ်ခြံ ဧက ၅၀ဝ ဝန်းကျင် ပျက်စီးဆုံးရှုံးမှုရှိသည်ဟု ခန့်မှန်းရကြောင်း ပြည် တွင်းဌာနေမဲ့ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ (စီအိုင်ဒီကေပီ) အဖွဲ့ဝင်တဦးက ကေအိုင်စီကို...
မဟာမဆန်တဲ့ စည်းလုံးမှု
လူမျိုးတစ်မျိုးအတွင်း၊ လူမျိုးစုတစ်ခုနှင့် တစ်ခုကြား၊ ပါတီ အဖွဲ့အစည်းများအတွင်း စည်းလုံးမှုကို ဖြိုခွင်းသည့်အရာသည် မဟာဝါဒ ကြီးစိုးမှုပင် ဖြစ်သည်။ ဗမာပြည်တွင် ခေတ်အဆက်ဆက် အုပ်ချုပ်လာသူများ၏ နိုင်ငံရေးအရ အာဏာလုမှု၊ လူမျိုး ရေး ဘာသာရေး ခွဲခြားမှုများကြောင့် လက်နက်ကိုင် တော်လှန်ပုန်ကန်မှုများ ဖြစ်ပွားလာခြင်း၏ အဓိက အကြောင်းတရားထဲ...





