Hay Htoo
ထိုင်မလား၊ ထမလား၊ သွားမလား
မန်းကိုကို
ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲနဲ့ နေရာတိုင်းမှာ ရွေးကောက်ပွဲဆိုပြီး ဖြစ်နေကြပါတယ်။
မစားရ ဝမခန်းပြောပြီး အားခဲထားကြသူတွေ၊ အတားအဆီး အကြပ်အတည်းတွေကြားထဲက ကြိုးစားရုန်းကန် လှုပ်ရှားနေသူ တွေ၊ လက်မြှောက်အရှူံးပေးစပြုလာသူတွေ၊ “ဘူးဆိုမှဘူး” လုံးဝလက်မခံဘူး ဆိုသူတွေနဲ့ သောသောညံနေကြပါတယ်။ အမျိုးမျိုး အဖုံဖုံ တင်ပြဆွေးနွေးနေကြတာ၊ အထူးသဖြင့် ရွေးကောက်ပွဲကို ဆန့်ကျင်ပြောဆိုနေကြတာတွေဟာ စိတ်ဝင်စား...
အဖေ
စောတူလဲမူး
မြစ်ချောင်းတွေပတ်စီး
တောအုပ်ကြီးတွေရဲ့ကြားမှာ
လယ်ကွက်ငယ်တွေဝိုင်းထားတဲ့
ရွာကလေးတရွာမှာပေ့ါ...
မိုးလင်းလု့ိနေမထွက်ခင်
ကောက်ညှင်းဆိုတာ အဖေ့အတွက်အဆာပြေပေ့ါ
မိသားတစ်စုရဲ့ စားဝတ်နေရေး
အဖေလယ်ထဲ ဆင်းခဲ့ရတယ်နော်.....
နေ့ရက်စဉ်ပြု
အဖေ့ရဲ့အမှုတွေဟာ
မိသားစုအတွက်တော့
အရာရာဟာ ပြီးပြည့်စုံခဲ့ပေ့ါ...
(၂)
ဒါပေမဲ့လေ...
လူမဆန်အောင်ရက်စက်
ရွံစရာ စစ်ရမ္မက်တွေနဲ့
ဆာလောင်နေတဲ့ ဘီလူးတွေလို
အပျို အအိုတွေလည်းမချန်
သေတမန်ပြောင်းဝကို မလွန်ဆန်နိုင်လို့
ဆက်သလိုက်ရတဲ့ အရိုင်းပန်းငယ်တွေ
အဟင့်...အဟင့်နဲ့
ကြွေကျခဲ့ရတာကလည်း အဖေ့ရဲ့သမီးပေ့ါ.......
ကျေးရွာတွေ တောင်ယာထင်ပြီး
မီးလောင်တိုက်သွင်းလိုက်ကြတာ
မခံနိုင် ရင်ဆိုင်ချင်တဲ့အဖေ့ရဲ့ သားတွေလည်း
အရွယ်ငယ်ငယ်နဲ့ လောကကြီးကို စွန့်ခွာခဲ့ရတယ်...
ဒီကြားထဲမှာ
သဂြင်္ ိုလ်ခွင့်တောင်မရလိုက်တဲ့ အပြစ်မဲ့ဝိဉာဉ်တွေလည်းပါတယ်...
လူ့အခွင့်အရေးဆိုတာ ချိုးဖောက်စရာလို့တောင်
ထင်ရချည်ရဲ့....အဖေရယ်.......
(၃)
တကယ်တော့လေ...
အခက်အခဲနဲ့ ဒုက္ခဆိုတာ
သူတို့က စခဲ့တာပါ
ဖဆပလ မဆလ နဲ့ နအဖတွေပေ့ါ...အဖေ...
(၄)
သစ်ရွက်တွေနဲ့
အရှက်ကိုမဖွက်တတ်တဲ့....အဖေ
အေးအေးချမ်းချမ်းနေတတ်ပေမဲ့
ဖိနှိပ်တာကို...
ဒီကေဘီအေ (၉၉၉)မှ တပ်ဖွဲ့ဝင် ၂ဝဦးခန့် လက်နက်များနှင့်အတူ ဗိုလ်မှူးကြီးစောလားပွယ်ထံ ပူးပေါင်း
ဩဂုတ်လ ၁ဝရက်။ နန်းထူးစံ (ကေအိုင်စီ)
စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့်အရေးကို လက်မခံသည့် ဒီကေဘီအေ (၉၉၉)တပ်မဟာမှ အရာရှိငယ်တစ်ဦး ပါဝင်သည့် တပ်ဖွဲ့ဝင် ၂ဝခန့်သည် ယခုရက်ပိုင်းအတွင်း ဗိုလ်မှူးကြီးစောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး) ဦးစီးသော ဒီကေဘီအေ တပ်မဟာ(၅) တပ်ဖွဲ့သို့ သွားရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။
ဒီကေဘီအေ တပ်မဟာ (၉၉၉)လက်အောက်ခံ ဒုဗိုလ်မှူးကြီးစောကတုံး...
နယ်စပ်ရှိ တရားမဝင်ဂိတ်များမှ ကုန်ပစ္စည်းများကို ရှင်းလင်းထားရန် ညွှန်ကြားခံရ
ဩဂုတ်လ ၁ဝရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ မြန်မာဘက်ခြမ်းရှိ တရားမဝင်ဂိတ်များမှ ကုန်ပစ္စည်းများကို ယခုလ (၁၅)ရက်နေ့ နောက်ဆုံး ထား၍ အကုန်ရှင်းလင်းထားရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ မြဝတီမြို့ရှိ စစ်အစိုးရ အာဏာပိုင်များက ဂိတ်တာဝန်ခံများကို ယနေ့ ပြောဆိုလိုက်သည်ဟု သိရှိရသည်။
အမည်မဖော်လိုသူ ဂိတ်မှူးတစ်ဦးက...
တရုတ်-မြန်မာ ရေကာတာသစ် အစီအစဉ်များအပေါ် ကရင်နီဖွံ့ဖြိုးရေးသုတေသနအဖွဲ့ ကန့်ကွက်ရှုတ်ချ
ဩဂုတ်လ ၁ဝရက်။ နော်ဖြူဖြူသင်း (ကေအိုင်စီ)
ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့မှ ကရင်နီပြည်နယ်တွင် တည်ဆောက်မည့် ရေကာတာသစ် အစီအစဉ်များကို ပြင်းပြင်းထန် ထန် ရှုတ်ချကန့်ကွက်ပြီး နအဖနှင့် ဒါထာ ကုမ္ပဏီတို့၏ အစီစဉ်များကို ချက်ချင်း ရပ်တန့်ရန် တောင်းဆိုထားကြောင်း ကရင်နီ ဖွံ့ဖြိုးရေး သုတေသနအဖွဲ့ (KDRG)၏ ထုတ်ပြန်ချက်တွင်...
အာဇာနည်သစ္စာ
လကင်္ာဒီပ
လက် ပြောင်တဲ့ကြယ်စင်
နက် နဲအလင်းတွေ ပေးခဲ့သူ
ချ ထားမူတွေအတိုင်းရယ်
စ လယ်ဆုံး မနားတမ်းအကြား
ကား ပြန့်သွားဝကင်္ဘာထဲလေ
အ ဖြေရှာ လျှောက်လှမ်းသွားရင်း
လျဉ်း လျဉ်းလေးစိမ့်ဝင်သွားထင့်
မ မျှော်လင့်သဘောတရား
ပြော သွားခဲ့မူသစ္စာများ
ရ ထားသက္ကရာဇ်များနှင့်အတူ ကိုင်စွဲထားဆဲပါသခင်။
က လူကျီစယ်လိုက်တဲ့
ရင် ဘတ်မဲ့ဇာတ်ဆရာ
ပြည် ပျက်ရာသူဖန်တီး
ပြီး မဆုံးသေး အမှုအရေး။
ပြည့် စုံမှု ဆောင်ကြဉ်းနိုင်ခွင့်တွေ
စုံ ရေရှာဆန်ခရီးမှာဖြင့်
ရ သင့်တဲ့ တန်းတူရေး
မည်(မြည်) သံကြွေးရယူ သက်ပေးခဲ့ကြရှာပေါ့။
က နဦးစနုနု
ရင့် ကျက်မှုမရှိခင်များ
လက် ဖဝါးသွယ်သွယ်ဟန်
နက် မှောင်ဆံကောသာဖြန့်ကာ
က ခုန်ကာသီဆိုရင်း
ရင့် ကျက်ခြင်းများ ရှာဖွေခဲ့ကြ
လက် တွေ့ဘဝအခန်းတွင်
ထဲ ထဲဝင်ဝင် ကြင်ကြင်နာနာ
တွင် တွင်ရှာ သူလိုလူတွေ
ရှိ ပါလေအုံးမလား ဖွေရှာ
ရ(ယ) ထာဘူတကျကျ တွေးနေဆဲ
မည်(မြည်) မြဲကျွဲချိုသံလည်း မသာယာတော့။
က ဆုန်ပေါက်ပြေးလွှား
ရင့် သီးခါးတူးခြင်းဟာ
ကြ မ္မာမုန်တိုင်းများနှင့်အတူပါ
မာ ထန်ကာ ရောမွှေနေ
က ချေသည်မျက်စောင်း
ရင် ခေါင်းကိုထိုးသွင်းလာလေလားတဲ့
ဖန် လာခဲ့ကံအငြိုးမုဆိုး
တီး ထိုးလိုက်ဖားစည်သံအောက်
ရ ပိုင်ခွင့်လျှောက်လဲချက်တွေလည်း
မည်(မြည်) သံစွဲ၊ ရန်ကာမြဲတိုက်နေဆဲပါ အာဇာနည်တို့။ ။
မှတ်ချက် ။ ။...
ရွှေပြန်လည်တူးဖော်မှုကြောင့် ရွာသား ၃ဝဝကျော် နေရပ်မှ ပြောင်းရွှေ့
ဩဂုတ်လ ၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ဒွယ့်လိုးမြို့နယ်တွင် ဒီကေဘီအေတပ်ဖွဲ့ဝင်များ ရွှေတူးဖော်မှုများ ဆက်လက်လုပ်ဆောင်ရာတွင် မြေမြှုပ်မိုင်းများ လိုက်လံထောင်ထားသဖြင့် ဒေသခံရွာသား ၃၀၀ကျော်မှာ ဧပြီလမှစ၍ ယခုအချိန်ထိ နေရပ်စွန့်ခွာခဲ့ရသည်ဟု သိရသည်။
ထိုဒေသရှိ ကွီးဒေးလော၊ ဝါ့သိုးကလားနှင့် မယ်တဲကျေးရွာများမှ အဆိုပါ ရွာသူရွာသားများသည် ရွှေတူးဖော်ရန်...
ခရက ဥက္ကဌ အလှူ စည်းရုံးရေးဖြစ်နိုင်
ဩဂုတ်လ ၉ရက်။ နော်ဖြူဖြူသင်း (ကေအိုင်စီ)
မြဝတီမြို့ရှိ ဘုန်းတော်ကြီးကျောင်းတကျောင်းတွင် ယခုလဆန်းပိုင်းက (ခရက) ဥက္ကဌက ဦးထွန်းထွန်းဝင်းမှ မြို့နေလူထုအား ၇ရက်တိုင် အလှူပေးခဲ့ခြင်းသည် စည်းရုံးရေးတစ်ခုဖြစ်နိုင်ကြောင်း မြို့ခံအချို့က ပြောဆိုနေကြသည်။
“ဘုရင့်နောင် လမ်းမကြီးက ဘုရားကြီးကျောင်းတိုက်မှာ အလှူလုပ်နေတာတော့ တွေ့တယ်။ ကျွေးနေတာ တစ်ပတ်တောင်မှ ဆိုပဲ။ မေးကြည့်တော့ ခရက...
သုံးလောင်းပြိုင် လူသတ်မှု ကနေဒါရောက် ကရင်မိသားစုတွင် ဖြစ်ပွား
ဩဂုတ်လ ၉ရက်။ နော်ဖြူဖြူသင်း (ကေအိုင်စီ)
ကနေဒါနိုင်ငံ REGINA မြို့မြောက်ပိုင်းရှိ ကရင်ဒုက္ခသည်မိသားတစုတွင် ပြီးခဲ့သည့်အပတ်က သုံးလောင်းပြိုင် လူသတ်မှု ဖြစ် ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ဒေသဆိုင်ရာရဲများက စစ်ဆေးစုံစမ်းလျှက်ရှိကြောင်း သိရသည်။
သေဆုံးသူများသည် မြန်မာပြည်မှ ကရင်ဒုက္ခသည်တစ်ဦးဖြစ်ပြီး အမျိုးသားမှာ Crown Shred & Recycling...
(၂၂)နှစ်မြောက် မြန်မာနိုင်ငံ၏ ရှစ်လေးလုံး ကျောင်းသားအရေးအခင်းတွင် ပါဝင်ခဲ့သူအချို့၏ စကားဝိုင်း
စောထွန်းထွန်း (ဆေးတက္ကသိုလ် ပထမနှစ်)
၈လေးလုံး အရေးအခင်းမှာ ကျနော်က ရန်ကုန် ဆေးတက္ကသိုလ် ပထမနှစ်မှာ တက်နေတဲ့အချိန်။ ဇွန် ၂၁မှာပဲ ဆေးတက္ကသိုလ် ကျောင်းသားတွေကို စစ်အစိုးရက နှိမ်နှင်းလိုက်တဲ့အခါကျတော့ ကျနော်တို့ သူငယ်ချင်း ၂၀ကျော်လောက် သေသွားတဲ့အခါကျ တော့ ဒီ ၈လေးလုံးထဲမှာ ပါဝင်ဖို့ ကျနော်တို့အဖွဲ့တွေက...





