Hay Htoo
ဘုရားသုံးဆူမြို့တွင် ချိန်ကိုက်ဗုံးတစ်လုံးပေါက်ကွဲ ၅ဦးဒဏ်ရာရရှိ
ဩဂုတ်လ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်စပ် ဘုရားသုံးဆူမြို့၌ ယနေ့ညနေ ၅နာရီခန့်တွင် ချိန်ကိုက်ဗုံး တစ်လုံး ပေါက်ကွဲခဲ့ရာ နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့ဝင် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ကေအိုင်စီကို ပြောသည်။
၎င်းက “ဒီနေ့ ကရင်လက်ချည်ပွဲ အခမ်းအနားရှိတယ်လေ။ ဗုံးကိုထောင်ထားတာက နေ့လည်အချိန်လောက်က...
ကရင်ရွာသားများ နအဖ စစ်တပ်၏ အကြောင်းမဲ့ ခြိမ်းခြောက်အကြပ် ကိုင်ခံရ
ဩဂုတ်လ ၂၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်း လှုပ်ရှားနေသည့် နအဖစစ်တပ်များသည် ယခုလ ပထမ အပတ်မှစ၍ ယနေ့အချိန်ထိ ရွာသားများကို ခြိမ်းခြောက်အကြပ်ကိုင်မှုများ လုပ်ဆောင်လျှက်ရှိသည်ဟု ဒေသခံများ၏ ပြောပြ ချက်အရ သိရသည်။
ဩဂုတ်လ ၁ဝရက်နေ့မှ ယနေ့အချိန်ထိ ထန်းတပင်မြို့နယ် ဘောဂလိကျေးရွာမှာ အခြေစိုက်လှုပ်ရှားလျှက်ရှိသည့်...
ဗမာစစ်သား မလုပ်လိုသည့် ဒီကေဘီအေ ကလေးစစ်သား နှစ်ဦး ထွက်ပြေး
ဩဂုတ်လ ၂၄ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
အရွယ်မရောက်သေးသည့် ဒီကေဘီအေ ကလေးစစ်သားနှစ်ဦးသည် နယ်ခြားစောင့်တပ်၏ စစ်သားအဖြစ် မခံယူလိုသည့်အ တွက် ကေအဲန်ယူ တပ်မဟာ(၇)ထံသို့ ဩဂုတ်လ ၂၂ရက်နေ့က ထွက်ပြေးရောက်ရှိလာခဲ့သည်။
ယင်းသို့ ထွက်ပြေးလာသည့် တပ်သားနှစ်ဦးမှာ စောခူ့မူး ၁၄နှစ်၊ ကိုယ်ပိုင်အမှတ်(၁၁၇၁၁)နှင့် စောဒါးအဲ့ ၁၅နှစ် (ကိုယ်ပိုင်အ မှတ်မရှိ)တို့ဖြစ်ကြပြီး...
Burma 2010 election: For the military by the military
August 24, 2010: KIC
Voters in remote areas of Karen State have not received any electoral information to help them decide whom to vote for....
Migrant workers shun 2010 election
August 24, 2010: (KIC)
Burmese migrant workers in Thailand say exercising their right to vote in Burma’s first national election for 20 years is confusing,...
BURMA ELECTION 2010 – KAREN STATE: OVERVIEW
August 24, 2010: (KIC)
Voters in Karen State will have five political parties to choose from in the national elections to be held on 7th...
ကရင်ငြိမ်းအဖွဲ့များ စုပေါင်းထားသည့် နိုင်ငံရေးပါတီ ရွေးကောက်ပွဲဝင်မည်
ဩဂုတ်လ ၂၃ရက်။ နန်းထူးစံ (ကေအိုင်စီ)
လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့ဝင်များ စုပေါင်း၍ ကရင်ပါတီတခု ထူထောင်ကာ ကရင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်အရွေးခံရန် စီစဉ်နေပြီးဖြစ် ကြောင်း သိရသည်။
ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP)သည် ယခုလ ၁၂ရက်နေ့၌ ပြည်ထောင်စု...
ရွှေ့ပြောင်းကျောင်းသားများ ကရင်ရိုးရာချည်ဖြူဖွဲ့မဂင်္လာပွဲ စည်ကားစွာ ကျင်းပ
ဩဂုတ်လ ၂၃ရက်။ နော်ဖြူဖြူသင်း (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဆာသူးလေကျောင်းတွင် ဆာသူးလေကျောင်းနှင့် (CDC) ကျောင်းတို့မှ ကျောင်းသူကျောင်းသားများ စုပေါင်းသည့် ကရင်ရိုးရာချည်ဖြူဖွဲ့ မဂင်္လာပွဲတခု ယနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ထိုအခမ်းအနားတွင် (CDC) ကျောင်းမှ ကျောင်းသူကျောင်းသားများအပါအဝင် ဆရာ၊ ဆရာမများ၊ ဧည့်သည်တော်များအားလုံး စုစုပေါင်း ၈၀ဝခန့်...
မြဝတီမြို့ ဂက်စ်အိုးကားပေါက်ကွဲ ဒဏ်ရာရသူရှိ
ဩဂုတ်လ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အထက(၁) အနောက်ဖက်တွင် ယမန်နေ့ည (၇)နာရီခွဲကျော်အချိန်၌ ဂက်စ်အိုးများ တင်ဆောင်နေ သည့်ကား ပေါက်ကွဲခဲ့ရာ လူသေဆုံးမှု မရှိသော်လည်း ၄ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
မြဝတီမြို့ အမှတ်(၄)ရပ်ကွက်တွင် ၃ဂ/၉၀၉၇ နံပါတ်ရှိ မှန်လုံကားမှ ဖြစ်ပွားခဲ့သည့်...
လက်ပစ်ဗုံးကြောင့် ခလရ(၂၉၉) တပ်ဖွဲ့ဝင် ၂ဦး ဒဏ်ရာရရှိ
ဩဂုတ်လ ၂၁ရက်။ ကေအိုင်စီ
မြဝတီမြို့၊ မေတ္တာလင်းမြိုင်ရပ်ကွက်၌ ယနေ့မနက် စောစောတွင် လက်ပစ်ဗုံးဖြင့် ပစ်ချလိုက်ခြင်းကြောင့် လုံခြုံရေးတာဝန်ယူ ထားသည့် နအဖ တပ်ဖွဲ့ဝင်နှစ်ဦး ခေါင်းနှင့် လက်များတွင် ဒဏ်ရာရရှိသွားခဲ့ကြောင်း မြဝတီမြို့ခံတစ်ဦးက ပြောပြသည်။
သူက “မနက်က ၂နာရီလောက် မေတ္တာလင်းမြိုင်ရပ်ကွက်မှာ စစ်တပ် လုံခြုံရေးနေရာကို လက်ပစ်ဗုံးနဲ့ လှမ်းပစ်ခံရလို့...





