Hay Htoo
ပြောင်းစိုက် တောင်သူတွေရဲ့ ဘဝ သံသရာ
စက်တင်ဘာလ ၉ရက်။ မနိုက်အွာ (ကေအိုင်စီ)
ဒီနှစ် ရာသီဥတု ဖောက်ပြန်မှုနဲ့ နယ်စပ်ဒေသ တည်ငြိမ်မှုမရှိသေးတဲ့ကြားမှာ အရင်နှစ်ထက် ပြောင်းဈေးကောင်းလာတဲ့အ တွက် ပြောင်းစိုက်တောင်သူတွေ အသက်ရှူချောင်မယ့် နှစ်တနှစ်ဖြစ်လိမ့်မယ်လို့ တောင်သူအများစုက ယုံကြည်နေကြ တယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်တဲ့ ဒေသတလျှောက်မှာ နေထိုင်ကြတဲ့ လူထု...
ဂျပန်အစိုးရက ကရင်ဒုက္ခသည်များအတွက် ကြိုတင်ပြင်ဆင်နေပြီ
စက်တင်ဘာလ ၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
တတိယနိုင်ငံ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့ ယခုလအတွင်း ထွက်ခွာတော့မည့် ကရင်ဒုက္ခသည်များအတွက် ဂျပန်အစိုးရနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး(UNHCR)က ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ကေအိုင်စီ က စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့်လ ၂၅ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပြုလုပ်ခဲ့သည့် ကရင်ဒုက္ခသည်များ လာရောက်မည့်အရေး...
“သံလွင်အားမာန်” တော်လှန်ရေးဇာတ်လမ်းခွေ မကြာခင် ဖြန့်ဝေတော့မည်
စက်တင်ဘာလ ၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်လူထုပေါ် မြန်မာစစ်အာဏာရှင် အဆက်ဆက်၏ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ရပ်မှန်ကို အခြေခံထားသည့် “သံလွင် အားမာန် ရေစီးသံ” တော်လှန်ရေး ဇာတ်လမ်းခွေ လာမည့် အောက်တိုဘာလတွင် ထုတ်ဝေဖြန့်ချိသွားတော့မည် ဖြစ်သည်။
ကရင့်အမျိုးသားနှင့် တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီး၏ မူလေးချက်ကို အခြေခံကာ ကရင်၊ ထားဝယ်၊...
ဗိုလ်မှူးကြီးချစ်သူ ကုမ္ပဏီပိုင်ရှင်အနေဖြင့်သာ ဆက်လက်ရပ်တည်သွားဖွယ်ရှိ
စက်တင်ဘာလ ၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)က နယ်ခြားစောင့်တပ်အဖြစ်သို့ ဩဂုတ်လအတွင်း အသွင်ပြောင်းလဲခဲ့ပြီးနောက်ပိုင်း ယခင် (၉၉၉)တပ်မဟာမှ ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီးစောချစ်သူသည် စီးပွားရေးလုပ်ငန်း ကုမ္ပဏီပိုင်ရှင်တဦးအနေဖြင့်သာ ဆက်လက် ရပ်တည်တော့မည်ဖြစ်ကြောင်း ဝေဖန်ပြောဆိုနေကြသည်။
နယ်ခြားစောင့်တပ်နှင့် နီးစပ်သူတဦးက “ဗိုလ်ချစ်သူက နယ်ခြားစောင့်တပ်လည်း မလုပ်ဘူး။...
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ထွက်မည်
စက်တင်ဘာလ ၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
တရုတ်သမတ မစ္စတာ ဟူကျင်းတောင်၏ ဖိတ်ကြားချက်အရ နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီးဖြစ်သူ ဒေါ်ကြိုင် ကြိုင်တို့သည် မကြာမီကာလအတွင်း တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးထွက်မည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၆ရက်...
နိုင်ငံရေးကိစ္စရပ်ကို ဆွေးနွေးညှိနှိုင်းအဖြေရှာပြီးမှ တပ်အသွင်ကူးပြောင်းရေး မွန်ပြည်သစ်ပါတီ လုပ်ဆောင်မည်
စက်တင်ဘာ ၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဖိအားပေးခြင်းခံရသည့် မွန်ပြည်သစ်ပါတီ(NMSP)သည် အစိုးရနှင့် နိုင်ငံရေး ကိစ္စရပ်ကို ဆွေးနွေးညှိနှိုင်းပြီးမှသာ တပ်အသွင်ကူးပြောင်းရေးကို လုပ်ဆောင်မည်ဟု မွန်ပြည်သစ်ပါတီမှ ထိပ်တန်းခေါင်းဆောင်တဦးက ပြောသည်။
မွန်ပြည်သစ်ပါတီ နိုင်ငံခြားရေးဌာန တာဝန်ခံ ပါတီပြောခွင့်ရ နိုင်ဟံသာဗွန်ခိုင်က “ကျနော်တို့ကတော့ နောက်တက်မယ့်အစိုးရ နဲ့သော်လည်းကောင်း၊ လက်ရှိအစိုးရနဲ့သော်လည်းကောင်း နိုင်ငံရေးကိစ္စရပ်ကို...
ပစ်မှတ်ထား စစ်ဆင်ခံနေရသည့် လူထုအား ဝိုင်းဝန်းကူညီရန် ကရင်လူ့အခွင့်အရေးအဖွဲ့ နိုးဆော်
စက်တင်ဘာလ ၂ရက်။ နန်းထူးစံ (ကေအိုင်စီ)
နအဖ စစ်အစိုးရ၏ စစ်ဆင်ရေးအောက်တွင် ဒုက္ခအမျိုးမျိုး ရင်ဆိုင်နေရသည့် ကရင်ပြည်နယ် မြောက်ပိုင်း ကေအဲန်ယူ တပ် မဟာ(၅)၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ ကရင်လူထု ၂၇,၀၀၀ကျော်ကို စာနာနားလည်ပြီး ဝိုင်းဝန်းကူညီပေးကြရန် ကရင် လူ့အခွင့်အရေးအဖွဲ့(KHRG)က ယနေ့ရက်စွဲဖြင့် အစီရင်ခံစာစောင် ထုတ်ပြန်ကာ...
နအဖက တိုက်ခိုက်လာပါက စစ်ရေးပြင်ဆင်ပြီးဟု ကရင်ငြိမ်းချမ်းရေးကောင်စီဆို
စက်တင်ဘာလ ၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် တရားဝင် ငြင်းဆန်လိုက်သည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးကျေးရွာအခြေစိုက် ကေအဲန်ယူ-ကေအဲန်အယ်လ်အေ ကရင်ငြိမ်းချမ်းရေးကောင်စီသည် နအဖက တိုက်ခိုက်လာသော် ပြန်လည် တိုက်ခိုက်ရန် စစ်ရေး ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဟု ထိုအဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ယနေ့ ပြောသည်။
ငြိမ်းချမ်းရေးကောင်စီ၏ နိုင်ငံခြားရေးရာ တာဝန်ခံ...
PSDP ပါတီတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း (၄)ဦး ပါဝင်
စက်တင်ဘာလ ၂ရက်။ နော်ဖြူဖြူသင်း (ကေအိုင်စီ)
မကြာခင် ကျင်းပတော့မည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကရင်ပြည်နယ်ကို အခြေခံကာ ဖွဲ့စည်းတည် ထောင်ထားသည့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)တွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၄ဦး ပါဝင်အ ရွေးခံမည်ဖြစ်ကြောင်း သိရသည်။
PSDP ၏ အမျိုးသမီး ဥက္ကဌ နန်းစေအွာက “အခု...
ပြည်သူ့ကြားဖြတ်အစိုးရတရပ် ပေါ်ထွန်းရေး (NCUB)မဟာဗျူဟာ ချမှတ်
စက်တင်ဘာလ ၂ရက်။ စောခါးစူးညား (ကေအိုင်စီ)
စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စုဖြုတ်ချရေးတိုက်ပွဲနှင့်အတူ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ၁၉၉ဝပြည့် ရွေးကောက်ပွဲရလဒ်ကို အခြေခံသော ပြည်သူ့ကြားဖြတ် အစိုးရတရပ်ပေါ်ထွန်းရေးကို ဦးတည်သည့် မဟာဗျူဟာ လုပ်ငန်းစဉ် ရည်မှန်းချက်(၁၃)ခု ချမှတ်ခဲ့ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ(NCUB)က ယမန်နေ့က သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ မဟာဗျူဟာလုပ်ငန်းစဉ် ရည်မှန်းချက်ကို NCUB...





