Home ထိပ်တန်းသတင်း “သံလွင်အားမာန်” ‌တော်လှန်‌ရေးဇာတ်လမ်း‌ခွေ မကြာခင် ဖြန့်‌ဝေ‌တော့မည်

“သံလွင်အားမာန်” ‌တော်လှန်‌ရေးဇာတ်လမ်း‌ခွေ မကြာခင် ဖြန့်‌ဝေ‌တော့မည်

1981
စက်တင်ဘာလ ၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်လူထု‌ပေါ် မြန်မာစစ်အာဏာရှင် အဆက်ဆက်၏ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု ဖြစ်ရပ်မှန်ကို အ‌ခြေခံထားသည့် “သံလွင် အားမာန် ‌ရေစီးသံ” ‌တော်လှန်‌ရေး ဇာတ်လမ်း‌ခွေ လာမည့် ‌အောက်တိုဘာလတွင် ထုတ်‌ဝေဖြန့်ချိသွား‌တော့မည် ဖြစ်သည်။

ကရင့်အမျိုးသားနှင့် ‌တော်လှန်‌ရေး‌ခေါင်း‌ဆောင် ‌စောဘဦးကြီး၏ မူ‌လေးချက်ကို အ‌ခြေခံကာ ကရင်၊ ထားဝယ်၊ မြန်မာ၊ ရခိုင် နှင့် မွန် စသည့် တိုင်းရင်းသား‌ပေါင်းစုံက မြန်မာဘာသာ စကား‌ပြောဖြင့် ပါဝင်ရိုက်ကူးထားသည့် အဆိုပါဇာတ်လမ်းကို ‌ကေအဲန်ယူ ဒူးပလာယာခရိုင်၊ စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာနမှ တာဝန်ယူထုတ်‌ဝေခြင်းဖြစ်‌ကြောင်း ဇာတ်လမ်းဖြစ်‌မြောက် ‌ရေး စီစဉ်ရိုက်ကူးသူ ကိုခိုင်ခန့်‌ဇော်က ‌ပြောသည်။

ကိုခိုင်ခန့်‌ဇော်က “ဒီ‌ခွေကို ကျ‌နော်တို့ရိုက်တာ အကျိုးအမြတ်ရဖို့ မဟုတ်ဘူး။ ကျ‌နော်တို့နိုင်ငံကို အုပ်စိုး‌နေတဲ့ စစ်အာဏာရှင် ပြုတ်ကျဖို့ ကျ‌နော်တို့ အရင်က နှုတ်နဲ့ပဲ ထုတ်‌ဖော်‌ပြောဆိုခဲ့ကြတယ်။ အခု‌တော့ ရုပ်သံနဲ့ပါ သရုပ်‌ဆောင်ပြီး ‌ဖော်ပြရတာ ဖြစ် ပါတယ်။ ဒီ‌ခွေထွက်လာရင် ရရှိမဲ့ အကျိုးအမြတ်ထက် ကျ‌နော်တို့ခံခဲ့ရတဲ့ ကိုယ့်ရဲ့ခံစားချက်‌တွေကို ဒီဇာတ်လမ်းနဲ့ ချပြခွင့်ရလို့ ‌ကျေနပ်တယ်။”ဟု ရိုက်ကူးထုတ်‌ဝေရသည့် ရည်ရွယ်ချက်ကို ‌ပြောသည်။

ဆက်လက်၍ သူက “မြန်မာစစ်တပ်‌တွေက ကရင်လူထုရဲ့အ‌ပေါ် ဖိနှိပ်ညှင်းဆဲတာ‌တွေ၊ ‌သွေးခွဲအုပ်ချုပ်တာ‌တွေ ရှိတယ်။ အဲဒီ အချက်က‌လေးအ‌ပေါ်မှာ ကျ‌နော်က ဇာတ်အိမ်ဖွဲ့ခဲ့တာ ဖြစ်ပါတယ်။ ‌နောက် ဒီဇာတ်လမ်းမှာ တိုင်းရင်းသားလူထု‌တွေအတွက် အကျိုးရှိမယ့် ဇာတ်ကားဖြစ်သလို သရုပ်‌ဆောင်ခဲ့တဲ့ အပိုင်းမှာလည်း အားရ‌ကျေနပ်မှု ရှိပါတယ်။”ဟု ရှင်းပြသည်။

ယခုနှစ် ‌ဖေ‌ဖော်ဝါရီလမှစ၍ ကြိုတင်ပြင်ဆင်ခဲ့ပြီး ရိုက်ကူးချိန် (၂)လကြာမြင့်သည့် ၎င်းဇာတ်လမ်းတွင် အဓိက သရုပ်‌ဆောင် များအဖြစ် ရဲဂျာနှင့် ခင်ဘုန်းဆင့်တို့က ပါဝင်သရုပ်‌ဆောင်ထားပြီး တိုင်းရင်းသား‌တော်လှန်‌ရေးနှင့် နိုင်ငံ‌ရေး အင်အားစုများမှ သရုပ်‌ဆောင် (၇၀)ဦးခန့် ပါဝင်အားဖြည့်‌ပေးခဲ့‌ကြောင်း သိရသည်။

“ဒီအ‌ခွေကို တည်းဖြတ်ပြီးရင် ဖြန့်ချိဖို့အတွက်က‌တော့ ဗဟိုက ဌာနဆိုင်ရာကို ပိုု့‌ဆောင်ပြီး ဖြန့်‌ဝေသွားဖို့ စီစဉ်ထားပါတယ်။” ဟု ‌ကေအဲန်ယူ ဒူးပလာယာခရိုင် တွဲဖက်အတွင်း‌ရေးမှူး ‌စော‌မောထူးက ‌ကေအိုင်စီကို ‌ပြောသည်။

“သံလွင်အားမာန် ‌ရေစီးသံ”ဇာတ်လမ်း‌ခွေကို ကရင်အမျိုးသား အစည်းအရုံး(‌ကေအဲန်ယူ)၊ ဒူးပလာယာခရိုင်မှ စည်းရုံး‌ရေးနှင့် သတင်းပြန်ကြား‌ရေးဌာနက ထုတ်‌ဝေဖြန့်ချိသွားမည် ဖြစ်ပြီး ၂၀၀၇ခုနှစ်၌ “မဆုံး‌သေး‌သော ခရီးလမ်း”ဆိုသည့် ဗွီဒီယိုဇာတ် လမ်း‌ခွေတစ်‌ခွေ ထုတ်‌ဝေခဲ့ပြီး ဖြစ်သည်။