Home ထိပ်တန်းသတင်း ဗိုလ်ချုပ်မှူးကြီး သန်း‌ရွှေနှင့် ဇနီး တရုတ်နိုင်ငံသို့ ချစ်ကြည်‌ရေးခရီးစဉ် ထွက်မည်

ဗိုလ်ချုပ်မှူးကြီး သန်း‌ရွှေနှင့် ဇနီး တရုတ်နိုင်ငံသို့ ချစ်ကြည်‌ရေးခရီးစဉ် ထွက်မည်

2031
စက်တင်ဘာလ ၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

တရုတ်သမတ မစ္စတာ ဟူကျင်း‌တောင်၏ ဖိတ်ကြားချက်အရ နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေနှင့် ဇနီးဖြစ်သူ ‌ဒေါ်ကြိုင် ကြိုင်တို့သည် မကြာမီကာလအတွင်း တရုတ်နိုင်ငံသို့ ချစ်ကြည်‌ရေး ခရီးထွက်မည်ဟု ယ‌နေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ‌ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ရက် လကုန်ပိုင်း၌ ဗိုလ်ချုပ်မှူးကြီး သန်း‌ရွှေနှင့် အဖွဲ့ဝင် ၈၀‌ကျော်သည် အန္ဒိယနိုင်ငံသို့ (၅)ရက်ကြာ ထွက်ခဲ့အပြီး တစ်လအကြာတွင် ဒုတိယအကြိမ် ခရီးထွက်ရန် ယခုလို သတင်းထွက်လာ‌ပေါ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေ လာမည့် အပတ်တွင် တရုတ်နိုင်ငံသို့ အလည်အပတ်လာမည်ဟု တရုတ် အစိုးရက ပြီးခဲ့သည့် ကြာသပ‌တေး‌နေ့က ‌ပြောဆို‌ကြောင်း ‌ဘေဂျင်းရှိ Medicine Hat News သတင်းတွင် ‌ဖော်ပြထားသည်။

“စစ်ဗိုလ်ချုပ်ကြီးသန်း‌ရွှေက လာမဲ့ အဂင်္ါ‌နေ့ကစပြီး ‌လေးရက်တာ အလည်အပတ် လာ‌ရောက်မှာဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ခရီးစဉ်ကို ‌ဘေဂျင်းနဲ့ ရှန်ဟိုင်းမှာ အဆုံးသတ်မှာ ဖြစ်တယ်။”ဟု တရုတ်နိုင်ငံခြား‌ရေးဌာန ‌ပြော‌ရေးဆိုခွင့်ရှိသူ Jiang Yu က ထုတ်‌ဖော်‌ပြောဆိုခဲ့သည်။

ယခုသွားမည့် ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေ၏ တရုတ်နိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍ တရုတ်-မြန်မာနယ်စပ်အ‌ခြေစိုက် မြန်မာ့နိုင်ငံ ‌ရေး ‌လေ့လာသုံးသပ်သူ ဦး‌အောင်‌ကျော်‌ဇောက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

သူက “အခု သူသွားမယ့် ကိစ္စက‌တော့ အကြမ်းအားဖြင့် သုံးခု ရှိမယ်။ တစ်အချက်က‌တော့ ‌ရွေး‌ကောက်ပွဲဆိုင်ရာ အ‌ပြောင်းအ လဲကိစ္စ‌ပေါ့။ နှစ်အချက်က‌တော့ အိနိ္ဒယခရီးစဉ်ကိုသွားတာ တရုတ်ကို သူရှင်းပြမယ်။ ဘာ‌တွေ‌ပြောခဲ့လဲ စသည်ဖြင့်‌ပေါ့။ သုံးအ ချက်က‌တော့ နယ်စပ်မှာ တင်းမာမှု အ‌ခြေအ‌နေ‌တွေ‌ပေါ့။ ငြိမ်းချမ်း‌ရေးအဖွဲ့ကို မထားဘူး။ နယ်ခြား‌စောင့်တပ် ‌ပြောင်းမယ်။ မရရင် တိုက်မယ်။ အဓိက အဲဒါ‌တွေ‌ပေါ့။”ဟု ‌ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး၏ ယခုခရီးစဉ်သည် အိနိ္ဒယနိုင်ငံ ခရီးစဉ်ကဲ့သို့ အ‌ကောင်းချည်း အဆိုးချည်းပင် မ‌ပြောနိုင်‌သော်လည်း တရုတ် နှင့် အ‌ပေးအယူလုပ်ကာ အကျိုးအမြတ် တစုံတရာ ရရှိလာနိုင်သည်ဟု သူက ဆက်‌ပြောသည်။

ပြီးခဲ့သည့် ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေ၏ အိနိ္ဒယနိုင်ငံ ခရီးစဉ်သည် စစ်အစိုးရက အိနိ္ဒယ ခွဲထွက်‌ရေးသူပုန်များကို မြန်မာ့‌မြေ‌ပေါ်၌ လက်ခံမည်မဟုတ်‌ကြောင်း ‌ပြောဆိုခဲ့ပြီး အိနိ္ဒယအစိုးရဘက်မှလည်း ၎င်းတို့အ‌နေဖြင့် စစ်သုံး‌လေယာဉ်များ၊ ညကြည့်မှန် ‌ပြောင်းတပ် ရိုင်ဖယ်‌သေနတ်များနှင့် ကမ်းရိုးတန်း ကင်းလှည့်‌မော်‌တော်များ ကူညီ‌ပေးရန် သ‌ဘောတူညီခဲ့‌ကြောင်း အိန္ဒိယ သတင်းဌာနတစ်ခုတွင် ‌ဖော်ပြထားသည်။

ထို့အပြင် အိနိ္ဒယနိုင်ငံ‌ရောက် မြန်မာ့လူ့အခွင့်အ‌ရေးနှင့် ဒီမိုက‌ရေစီလှုပ်ရှားသူများက ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေ၏ ခရီးစဉ်တစ် ‌လျှောက် ကန့်ကွက်ဆန္ဒပြ‌နေခဲ့သည့်ကြားမှ အိနိ္ဒယသမတ Pratibha Patel က မြန်မာ-အိနိ္ဒယနှစ်နိုင်ငံ ဆက်ဆံ‌ရေးသည် တမူထူးခြား‌ကြောင်းလည်း ထုတ်‌ဖော်‌ပြောဆိုခဲ့သည်။

အဆိုပါ ခရီးစဉ်တွင် အိန္ဒိယရှိ EXIM ဘဏ်နှင့် မြန်မာနိုင်ငံမှ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တို့က မြန်မာ-အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်တွင် ရထားလမ်းများ ပြုပြင်‌ဖောက်လုပ်‌ရေးအတွက် အ‌မေရိကန်‌ဒေါ်လာသန်း ၆ဝ ‌ချေးငှားရန် စာချွန်လွှာ၊ နှစ် နိုင်ငံ ကုန်သွယ်‌ရေးနှင့် နည်းပညာများ ‌ငွေ‌ကြေးဆိုင်ရာ နားလည်မှု စာချွန်လွှာများနှင့် အိန္ဒိယအစိုးရမှ မြန်မာ့စိုက်ပျိုး‌ရေးကဏ္ဍ အတွက် အ‌မေရိကန် ‌ဒေါ်လာ ၁ဝသန်းကို ‌ချေး‌ငွေထုတ်‌ပေးမည် စသည့် သ‌ဘောတူညီမှုများ ရရှိခဲ့သည်ဟု သိရသည်။