Hay Htoo
ကြံ့ဖွံ့ဥက္ကဌ ဦးသိန်းစိန်၏ တောင်းဆိုချက်ကို မြိုင်ကြီးငူဆရာတော် လက်မခံ
စက်တင်ဘာလ ၂ဝရက်။ ကေအိုင်စီ
နယ်ခြားစောင့်တပ် လှုပ်ရှားရာ အဓိကနယ်မြေနှစ်ခုတွင် နအဖ တပ်ဖွဲ့ဝင်များအား အခြေချခွင့်ပေးရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသိန်းစိန်က ထိုင်းနိုင်ငံတွင် သီတင်းသုံးနေသည့် မြိုင်ကြီးငူဆရာတော် ဦးသုဇနထံ ယမန်နေ့က လာရောက်တောင်းဆိုခဲ့မှုကို ဆရာတော်က လက်ခံခဲ့ခြင်းမရှိဟု ဘန်ကောက် ကရင်အသိုင်းအဝိုင်းက ပြောဆိုနေကြသည်။
ယမန်နေ့...
မြန်မာ့ပြည်တွင်းရေး တရုတ် ဝင်စွက်ဖက်သည်ဟု NCUB သဘောထားထုတ်ပြန်
စက်တင်ဘာလ ၁၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
တရုတ်နိုင်ငံက သူတပါးပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန် နိုင်ငံတကာသို့ ဆယ်စုနှစ်ကျော် တောင်းဆိုထားခဲ့သော် လည်း ၎င်းကိုယ်၌ကမူ မြန်မာပြည်တွင်းရေးကို စွက်ဖက်နေသည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB)က ယမန်နေ့တွင် သဘောထားကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
NUCB ဥက္ကဌ စောဒေးဗစ်သကဘောက “မြန်မာစစ်အစိုးရက မတရားအာဏာချုပ်ကိုင်ထားတာ၊ လူ့အခွင့်အရေးချိုးဖောက်...
ရွေးကောက်ပွဲမကျင်းပရန် ကန့်သတ်နယ်မြေများတွင် ကရင်ပြည်နယ်အများဆုံး
စက်တင်ဘာလ ၁၇ရက်။ နန်းထူးစံ (ကေအိုင်စီ)
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကရင်၊ ကချင်၊ ကယား၊ မွန်နှင့် ရှမ်းပြည်နယ်ရှိ နယ်မြေအချို့တွင် ရွေးကောက်ပွဲ ကျင်း ပခြင်းမပြုရန် ယမန်နေ့က တရားဝင် စာရင်းများ ထုတ်ပြန်လိုက်ရာ ကရင်ပြည်နယ်သည် ကျေးရွာအုပ်စုပေါင်း ၁၅၅ဖြင့် အများဆုံး ဖြစ်သည်ဟု...
ပြည်ပရောက်ကရင်ပြည်သူများ၏ ဝေဖန်မှုများနှင့် ကရင်ပါတီများ
စက်တင်ဘာ၁၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
၂၀၁၀ရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့် တရားမျှတမှုမရှိသည့်အပြင် မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ် သလို ဝင်ရောက်ယှဉ်ပြိုင်ပါက စစ်အာဏာရှင် သက်ဆိုးရှည်ရန် ပံ့ပိုးပေးရာကျသည့်အတွက် ကရင့်နိုင်ငံရေးပါတီအနေဖြင့် ပြန် လည်သုံးသပ်သင့်ပြီဟု ပြည်ပရောက်ကရင်ပြည်သူများက ဝေဖန်ပြောဆိုနေကြသည်။
ဩစတြေးလျားကရင်အမျိုးသားအဖွဲ့ ဒု-ဥက္ကဌ မန်းအော်လန်းဒိုက “တိုင်းပြည်ကောင်းစားရေးအတွက် မဟုတ်ဘဲ စစ်အစိုးရ သက်ဆိုးရှည်ရေး၊...
ဖားအံမြို့တွင် လုံခြုံရေးအတွက် ပိုမိုစောင့်ကြပ်နေ
စက်တင်ဘာလ ၁၇ရက်။ ကေအိုင်စီ
ရွေးကောက်ပွဲရက်နီးလာသည့်အတွက် ကရင်ပြည်နယ်၏ မြို့တော် ဖားအံမြို့ရှိ စစ်တပ်ဂိတ်များနှင့် မြို့တွင်း၌ ယခုလဆန်းပိုင်း မှစ၍ လုံခြုံရေးအတွက် လှည့်လည်စောင့်ကြပ် သတိထားမှုများ ပိုမိုများပြားလာသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
ဖားအံမြို့တွင်းရှိ စစ်သားများက ၎င်းတို့၏ သက်ဆိုင်ရာ တပ်ဂိတ်ရှေ့တွင် ပုံမှန် စောင့်ကြပ်နေသည့်အပြင် ဂိတ်ပေါက်နှင့် မနီး...
တရက်တာ ငြိမ်းချမ်းရေး ပြုလုပ်မည်ဟု ကေအဲန်ယူ ထုတ်ပြန်
စက်တင်ဘာလ ၁၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်နှင့် ကုလသမဂ္ဂကို လေးစားလိုက်နာသောအားဖြင့် ယခုနှစ် ကျရောက်မည့် စက်တင်ဘာလ (၂၁)ရက်နေ့ နိုင်ငံတကာငြိမ်းချမ်းရေးနေ့တွင် နအဖ စစ်အစိုးရနှင့် တရက်တာ ယာယီအပစ်အခတ်ရပ်ဆိုင်းရေးလုပ်မည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)က ယမန်နေ့၌ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
နအဖအပေါ် တရက်တာ ယာယီအပစ်ရပ်ဆိုင်းရေး တောင်းဆိုလိုက်ခြင်းသည်...
သေနတ်သံတွေ ကြားပါစ (၃)
M. ထက်ခေါင်
ကျွန်ဘဝတွင် မည်သူမျှ မနေလိုကြ။ သို့ရာတွင် စစ်အုပ်စု၏ ဖိနှိပ်ချုပ်ကိုင် စော်ကားမှုများကို တနေ့တခြား ဆိုးဝါးစွာ ကြုံတွေ့ လာရသော ပြည်သူအများအပြားမှာ တခေတ်တခါက ဗမာပြည်ကို ကျွန်ပြုအုပ်စိုးသွားကြသည့် နယ်ချဲ့တို့လက်အောက်မှာပင် ပြန်လည်နေထိုင်လိုစိတ်များ ပေါ်လာကြောင်း ကြားသိရသည်။ ဗမာပြည်သားချင်း အညှာတာကင်းစွာ လုယက်သတ်ဖြတ် အုပ်ချုပ်နေသော...
ဖျက်သိမ်းခံရသည့် နိုင်ငံရေးပါတီ ၅ခုတွင် UKL ကရင်ပါတီ ပါဝင်
စက်တင်ဘာလ ၁၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အနည်းဆုံး သုံးခု၌ လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်ပါက ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီများ မှတ်ပုံခြင်းဥပဒေ ပုဒ်မ ၁၂(ခ)အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထား ခြင်းကို ပယ်ဖျက်၍ ဖျက်သိမ်းခံရသည့် နိုင်ငံရေးပါတီ(၅)ခုတွင် ကရင်ပါတီတစ်ခုဖြစ်သည့်...
သုံးရက် တိုက်ပွဲကြောင့် နအဖ စစ်တပ် ထိခိုက်ကျဆုံးမှုများထဲတွင် ဗိုလ်မှူးတဦး ပါဝင်
စက်တင်ဘာလ ၁၅ရက်။ ကေအိုင်စီ
မြဝတီမြို့ တောင်ဘက်ခြမ်းရှိ ဝေါ်လေဒေသတွင် ကေအဲန်ယူနှင့် နအဖတပ်ဖွဲ့များ ယခုရက်ပိုင်းအတွင်း ရင်ဆိုင်တိုက်ပွဲ သုံး ရက် ဆက်တိုက် ဖြစ်ပွားမှုကြောင့် နအဖဘက်မှ ထိခိုက်ကျဆုံးမှုများလျှက်ရှိရာ ထိုအထဲတွင် ဗိုလ်မှူးတစ်ဦး ပါဝင်ကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
ယနေ့မွန်းလွဲ ၂နာရီကျော်တွင် အဆိုပါဒေသတွင် လှုပ်ရှားနေသည့် ကေအဲန်ယူ...
ရွေးကောက်ပွဲရက်နှင့်တိုက်ဆိုင်၍ ကရင်ပြည်နယ်ပွဲ မကျင်းပနိုင်
စက်တင်ဘာလ ၁၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
ယခုနှစ် နိုဝင်ဘာလ ၇ရက်နေ့တွင် ကျရောက်မည့် (၅၅)နှစ်မြောက် ကရင်ပြည်နယ်နေ့သည် မြန်မာစစ်အစိုးရ၏ ရွေးကောက် ပွဲရက်နှင့် တိုက်ဆိုင်နေသဖြင့် ပြည်နယ်ပွဲကို ယခင်နှစ်များကလို ကျင်းပနိုင်တော့မည်မဟုတ်ကြောင်း ဖားအံမြို့ခံများက ပြော ဆိုနေကြသည်။
ကရင်ပြည်နယ်နေ့ ပြုလုပ်ကျင်းပခွင့်မရတော့သည့်အပေါ် ဖားအံမြို့နေ အငြိမ်းစား အထက်တန်းကျောင်းဆရာတစ်ဦးက “ရွေး...





