Home ထိပ်တန်းသတင်း ‌ရွေး‌ကောက်ပွဲရက်နှင့်တိုက်ဆိုင်၍ ကရင်ပြည်နယ်ပွဲ မကျင်းပနိုင်

‌ရွေး‌ကောက်ပွဲရက်နှင့်တိုက်ဆိုင်၍ ကရင်ပြည်နယ်ပွဲ မကျင်းပနိုင်

1895
စက်တင်ဘာလ ၁၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ယခုနှစ် နိုဝင်ဘာလ ၇ရက်‌နေ့တွင် ကျ‌ရောက်မည့် (၅၅)နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့သည် မြန်မာစစ်အစိုးရ၏ ‌ရွေး‌ကောက် ပွဲရက်နှင့် တိုက်ဆိုင်‌နေသဖြင့် ပြည်နယ်ပွဲကို ယခင်နှစ်များကလို ကျင်းပနိုင်‌တော့မည်မဟုတ်‌ကြောင်း ဖားအံမြို့ခံများက ‌ပြော ဆို‌နေကြသည်။

ကရင်ပြည်နယ်‌နေ့ ပြုလုပ်ကျင်းပခွင့်မရ‌တော့သည့်အ‌ပေါ် ဖားအံမြို့‌နေ အငြိမ်းစား အထက်တန်း‌ကျောင်းဆရာတစ်ဦးက “‌ရွေး ‌ကောက်ပွဲရက်နဲ့ သွားတိုက်‌နေ‌တော့ ကရင်ပြည်နယ်ပွဲကို ဘယ်လုပ်‌တော့မှာလဲ။ အမှန်မှာ‌တော့ ဒီအစိုးရက ကရင်ပြည်နယ်‌နေ့ ပွဲ‌တော်ကို မလုပ်‌စေချင်‌တော့ဘူး။ ဒီ‌ကေဘီ‌အေအဖွဲ့က ဆက်လုပ်ချင်တယ် ‌တောင်းဆိုထားလို့ လုပ်ဖြစ်‌နေတာ‌လေ။ အစက ‌တော့ အစိုးရရဲ့ ဌာနဆိုင်ရာ ပြခန်း‌တွေနဲ့ အကျိုးရှိခဲ့ပါတယ်။ ဒါ‌ပေမဲ့ ၈၈ခုနှစ်‌နောက်ပိုင်း နဝတ အစိုးရ‌ခေတ်မှာ ကရင်ပြည် နယ်ပွဲဟာ ‌ဈေး‌ရောင်းပွဲ‌တော်လိုပါပဲ။ ထူးခြားတာဆိုလို့ ကရင့်ရိုးရာဒုံးအကပြိုင်ပွဲတခုပဲ ရှိ‌တော့တာ။”ဟု သူ၏အမြင်ကို ‌ပြော သည်။

၎င်းက ဆက်လက်၍ ဒီ‌ကေဘီ‌အေသည် ယခု နယ်ခြား‌စောင့်တပ်ဖြစ်သွားသည့်အတွက် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ‌နောက်ပိုင်းတွင် ကရင်ပြည်နယ်ပွဲမှာ ကျင်းပခွင့်ရ‌တော့မည်မဟုတ်ဘဲ ‌ပျောက်သွားမည်ဟု သုံးသပ်မိ‌ကြောင်း အဆိုပါအငြိမ်းစား‌ကျောင်းဆရာ က ‌ပြောဆိုသည်။

ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့တွင် ‌ရောက်ရှိ‌နေသည့် ဖားအံမြို့မှ ကရင်လူငယ် ‌စောစိပ်ပ‌လောင်က “ကရင်ပြည်နယ်‌နေ့ကို နှစ် စဉ်နှစ်တိုင်း ကျင်းပလာခဲ့ရာက‌နေ ‌ရွေး‌ကောက်ပွဲရက်နဲ့ တိုက်ဆိုင်လို့ အခုလို ရုတ်တရက် ကျင်းပခွင့်မရ‌တော့တဲ့အတွက် ကျ‌နော်တို့ ကရင်တိုင်းရင်းသားအခွင့်အ‌ရေးကို ပယ်ဖျက်ခံလိုက်တာပဲ။ အရမ်းစိတ်မ‌ကောင်း ခံစားရတယ်။”ဟု ‌ပြောသည်။

နိုဝင်ဘာ ၇ရက်ကို ကရင်ပြည်နယ်‌နေ့အဖြစ် ဦးနု အစိုးရလက်ထက် ၁၉၅၆ခုနှစ်က သတ်မှတ်လာခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် ကရင် ပြည်နယ်၏ မြို့‌တော် ဖားအံမြို့ရှိ သီရိကွင်းတွင် ပွဲ‌တော်ကို ‌လေးငါးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အသက် ၄ဝအရွယ်ရှိ ဖားအံမြို့ခံတစ်ဦးက “ကျမတို့ ‌ကျောင်း‌နေတဲ့အရွယ်တုန်းကဆို ပြည်နယ်ပွဲက အရမ်းစည်တယ်။ ကျန်း မာ‌ရေး၊ ပညာ‌ရေး၊ စိုက်ပျိုး‌မွေးမြူ‌ရေးပြခန်းအပြင် မူကြိုက‌လေးထိန်း‌ကျောင်းရဲ့ က‌လေး‌ကြေးမုံ ရုပ်ပြသရုပ်‌ဆောင်ပြခန်းက စိတ်ဝင်စားဖို့‌ကောင်းတယ်။ ‌နောက်ပိုင်းကျ‌တော့ ‌ဈေးဆိုင်‌တွေပဲရှိပြီး ဘာမှအနှစ်သာရ မရှိ‌တော့ဘူး‌လေ။”ဟု ဆိုသည်။

မ‌လေးရှားနိုင်ငံ‌ရောက် လှိုင်းဘွဲမြို့နယ်မှ ကရင်လူငယ်တစ်ဦးကလည်း ကရင်ပြည်နယ်‌နေ့နှင့် ‌ရွေး‌ကောက်ပွဲ‌နေ့ တိုက်ဆိုင်မှုအ ‌ပေါ် ၎င်း၏အမြင်ကို ယခုလို ‌ပြောသည်။ သူက “နဂိုကတည်းက ကရင်‌တွေကို သူတို့(စစ်အစိုးရ)က နှိမ်ချင်တာ။ အမှန်တ ကယ် မတိုက်ဆိုင်တဲ့ရက် ‌ရွေးလို့ရတာပဲ။ ဒါ တမင်သက်သက် လုပ်တာလို့ ‌ပြောရင် မမှားပါဘူး။”ဟု ရှင်းပြသည်။

သို့‌သော် ကရင်ပြည်နယ်မှ ဖားအံမြို့နယ် အိန္ဒု‌ကျေးရွာ ကရင်အမျိုးသမီးကြီးတစ်ဦးက ကရင်ပြည်နယ်‌နေ့နှင့် ၂၀၁ဝ ‌ရွေး ‌ကောက်ပွဲ ကျင်းပသည့်ရက် တိုက်ဆိုင်ခြင်းသည် ကရင်လူမျိုးအတွက် ‌ကောင်းသည့်နိမိတ်‌ဆောင်သည်ဟု စိတ်ကူးယဉ်ဆန် စွာ သုံးသပ်‌ပြောဆိုသည်။

နှစ်‌ပေါင်း ၅၀‌ကျော် နှစ်စဉ် ပြုလုပ်လာခဲ့သည့် ကရင်ပြည်နယ်‌နေ့ ပွဲ‌တော်တွင် ရိုးရာလက်‌ဝှေ့ပွဲ၊ ကရင့်ဇာတ်ပွဲရုံနှင့် ကရင်ဒုံး အကပြိုင်ပွဲများ စသည့် ယဉ်‌ကျေးမှုဆိုင်ရာ အစီအစဉ်များကိုလည်း ကျင်းပခဲ့ကြသည်။

ယမန်နှစ် ၂၀၀၉ခုနှစ်၊ နိုဝင်ဘာလ ၇ရက် ကရင်ပြည်နယ်ပွဲ ဖွင့်ပွဲအခမ်းအနား (ဓါတ်ပုံ - ‌ကေအိုင်စီ)

ကရင်ပြည်နယ်နှင့် နယ်‌မြေချင်း ထိစပ်‌နေသည့် ကရင်နီပြည်နယ်‌နေ့ကို ဇန်နဝါရီလ ၁၅ရက်၊ မွန်ပြည်နယ်‌နေ့ကို မတ်လ ၁၉ရက် ‌နေ့ဟု ဦးနု အစိုးရလက်ထက်တွင်ပင် သတ်မှတ်ထားခဲ့ပြီး မွန်ပြည်နယ်‌နေ့ကို ၁၉၉၄ခုနှစ်ကတည်းက ကျင်းပခွင့်မ‌ပေး‌တော့ ‌ကြောင်း သိရသည်။

“‌တော်ကြာ ‌ရွေး‌ကောက်ပွဲပြီးရင် ကရင်ပြည်နယ်ပွဲ ကျင်းပဖို့ ‌နေ‌နေသာသာ မွန်ပြည်နယ်ပွဲလိုပဲ ပိတ်ပင်လိုက်မှာပဲ။”ဟု ဖားအံ မြို့ခံ ‌ရှေ့‌နေတစ်ဦးက ဆိုသည်။

ကရင်ပြည်နယ် ဖွဲ့စည်းထူ‌ထောင်ရန် ၁၉၅၂ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်‌နေ့တွင် နိုင်ငံ‌တော်သမ္မတက ထုတ်ပြန်‌ကြေညာခဲ့ပြီး ၁၉၅၆ခုနှစ်၊ နိုဝင်ဘာလ ၇ရက်‌နေ့ကို ကရင်ပြည်နယ်‌နေ့အဖြစ် သတ်မှတ်စဉ်က ပြည်နယ်ဥက္ကဌမှာ ‌ဒေါက်တာ‌စောလှထွန်းဖြစ်သည်။