Home ထိပ်တန်းသတင်း မြန်မာ့ပြည်တွင်း‌ရေး တရုတ် ဝင်စွက်ဖက်သည်ဟု NCUB သ‌ဘောထားထုတ်ပြန်

မြန်မာ့ပြည်တွင်း‌ရေး တရုတ် ဝင်စွက်ဖက်သည်ဟု NCUB သ‌ဘောထားထုတ်ပြန်

1983
စက်တင်ဘာလ ၁၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

တရုတ်နိုင်ငံက သူတပါးပြည်တွင်း‌ရေးကို ဝင်‌ရောက်မစွက်ဖက်ရန် နိုင်ငံတကာသို့ ဆယ်စုနှစ်‌ကျော် ‌တောင်းဆိုထားခဲ့‌သော် လည်း ၎င်းကိုယ်၌ကမူ မြန်မာပြည်တွင်း‌ရေးကို စွက်ဖက်‌နေသည်ဟု ပြည်‌ထောင်စု မြန်မာနိုင်ငံအမျိုးသား‌ကောင်စီ (NCUB)က ယမန်‌နေ့တွင် သ‌ဘောထား‌ကြေညာချက်တ‌စောင် ထုတ်ပြန်ခဲ့သည်။

NUCB ဥက္ကဌ ‌စော‌ဒေးဗစ်သက‌ဘောက “မြန်မာစစ်အစိုးရက မတရားအာဏာချုပ်ကိုင်ထားတာ၊ လူ့အခွင့်အ‌ရေးချိုး‌ဖောက် တာ‌တွေကို ကုလသမဂ္ဂလုံခြုံ‌ရေး‌ကောင်စီမှာ နိုင်ငံတကာက အ‌ရေးယူမယ်လုပ်တိုင်း တရုတ်က အမြဲ ဗစ်တိုအာဏာသုံးတယ်။ အခုလည်း သူ‌ပြော‌နေတာက နအဖလုပ်‌နေတဲ့ ‌ရွေး‌ကောက်ပွဲဟာ ပြည်တွင်း‌ရေးကိစ္စဖြစ်တယ်။ ဘယ်သူမှ ဝင်မစွက်ဖို့။ ဒါ‌ပေမဲ့ ဒီလိုမျိုး နအဖကို အကာအကွယ်‌ပေးတာလည်း ပြည်တွင်း‌ရေးကို ဝင်စွက်တာပဲ‌ပေါ့။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

မြန်မာနယ်စပ်တ‌လျှောက်ရှိ တိုင်းရင်းသားများသည် နအဖ အတုအ‌ယောင် ‌ရွေး‌ကောက်ပွဲကို မဲဆန္ဒ‌ပေးခြင်း၊ မ‌ပေးခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်အခွင့်အ‌ရေးဖြစ်ပြီး ယင်းအခွင့်အ‌ရေးအ‌ပေါ် တရုတ်အစိုးရက သွယ်ဝိုက်‌သောနည်းဖြင့် ဖိအား‌ပေး‌နေသည် ဟုလည်း သူက ယခုလို ဆက်‌ပြောသည်။

“သူတို့(တရုတ်)က နအဖ လုပ်တဲ့‌ရွေး‌ကောက်ပွဲကို မဖျက်ဖို့။ ‌နောက်တခု လက်ခံနိုင်ရင် ‌ကောင်းတာတို့ ‌ပြောတဲ့ဟာ‌တွေက သွယ်ဝိုက်ပြီး ဖိအား‌ပေးတာနဲ့ တူတူပဲ။ ကျ‌နော်တို့ အခု ‌ကြေညာချက်ထုတ်ရတာလည်း တရုတ်ရဲ့လုပ်ရပ်ကို ဒီမိုက‌ရေစီ လို လားတဲ့နိုင်ငံ‌တွေကို သိပြီး တရုတ်ကို ကန့်ကွက်ဖို့ပဲ။”ဟု ၎င်းက ဆိုသည်။

နအဖ စစ်အုပ်စုသည် အတိုက်အခံအင်အားစုများနှင့် တိုင်းရင်းသားများကို မြန်မာ့နိုင်ငံ‌ရေးတွင် ပါဝင်ခွင့် မရရှိ‌စေရန် ရည်ရွယ် ချက်ဖြင့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)နှင့် အခြားနိုင်ငံ‌ရေးပါတီများ ဖျက်သိမ်းလိုက်ခြင်းသည် မြန်မာပြည်အတွက် တည်ငြိမ်ခြင်းနှင့် ငြိမ်းချမ်း‌ရေးကို ဖြစ်‌ပေါ်‌စေမည်မဟုတ်‌ကြောင်း ကုလသမဂ္ဂ အတွင်း‌ရေးမှူး ဘန်ကီမွန်း၏ စိုးရိမ်မှုကို တရုတ် နိုင်ငံအ‌နေဖြင့် အ‌လေးထားရန် ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

တရုတ်အစိုးရ၏ မြန်မာ့ပြည်တွင်း‌ရေးကို ဝင်စွက်ဖက်၍ တိုင်းပြည်အတွက် မလိုအပ်‌သော လက်နက်များကို စစ်အုပ်စုအား ‌ရောင်းချ‌ပေး‌နေခြင်း၊ မြန်မာ့သဘာဝ သယံဇာတများနှင့် ‌မြေယာများကို ချုပ်ကိုင်‌နေခြင်းကို ဆန့်ကျင်ဆန္ဒပြကြရန် NCUB က မြန်မာပြည်သူလူထုတရပ်လုံးကို တိုက်တွန်းထားသည်။

၎င်းအပြင် တရုတ်နိုင်ငံနှင့် ‌ခေါင်း‌ဆောင်များအ‌နေဖြင့် နအဖ စစ်အုပ်စုအား စစ်‌ရေးအရ ကူညီ‌ပေးမှုကို လုံးဝ ရပ်တန့်‌ပေးရန်၊ တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသား အင်အားစုများအား နည်းမျိုးစုံဖြင့် ဖိအား‌ပေး ခြိမ်း‌ခြောက်‌နေခြင်းများကို အဆုံးသတ် ရန်၊ မြန်မာနိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်‌စေမည့် သဘာဝသယံဇာတနှင့် ‌မြေယာများဝယ်ယူ‌နေခြင်း ကို ရပ်တန့်ရန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အဓိက မူဝါဒဖြစ်သည့် ‌ဒေသတွင်းတည်ငြိမ်‌ရေး၊ ငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုးတိုး တက်‌ရေးကို အ‌လေးထား‌သောအားဖြင့် စစ်အုပ်စုအား နျူကလီးယားနည်းပညာများ မိတ်ဆက်‌ပေး‌နေခြင်းကိုလည်း လုံးဝ ရပ် တန့်‌ပေးရန်လည်း ‌တောင်းဆိုလိုက်သည်။

ထို့အပြင် NUCB က နအဖ စစ်အစိုးရကို အကျိုးပြုပြီး တရားမှုတမှု မရှိသည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို အသိအမှတ်မပြုဘဲ ဆန့် ကျင်‌နေကြသည့် ပြည်သူများနှင့်အတူ အခိုင်အမာရပ်တည်‌ပေးရန် ကမ္ဘာ့ကုလသမဂ္ဂ၊ ဥ‌ရောပသမဂ္ဂနှင့် အာစီယံနိုင်ငံများအား လုံးသို့ ‌တောင်းဆို‌ကြောင်းလည်း ‌ပြောဆိုထားသည်။

NCUB ကို ၁၉၉၂ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်‌နေ့၌ မာနယ်ပ‌လောတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အတိုက်အခံ မြန်မာ့ဒီမို က‌ရေစီအင်အားစုနှင့် ကရင်၊ ချင်း၊ ပအိုဝ်း၊ ပ‌လောင်၊ မွန်၊ ရခိုင်၊ လားဟူနှင့် ‘၀’ စသည့်တိုင်းရင်းသားအဖွဲ့များ ပါဝင်သည်။