Home ဆောင်းပါး ‌သေနတ်သံ‌တွေ ကြားပါစ (၃)

‌သေနတ်သံ‌တွေ ကြားပါစ (၃)

1844
M. ထက်‌ခေါင်

ကျွန်ဘဝတွင် မည်သူမျှ မ‌နေလိုကြ။ သို့ရာတွင် စစ်အုပ်စု၏ ဖိနှိပ်ချုပ်ကိုင် ‌စော်ကားမှုများကို တ‌နေ့တခြား ဆိုးဝါးစွာ ကြုံ‌တွေ့ လာရ‌သော ပြည်သူအများအပြားမှာ တ‌ခေတ်တခါက ဗမာပြည်ကို ကျွန်ပြုအုပ်စိုးသွားကြသည့် နယ်ချဲ့တို့လက်‌အောက်မှာပင် ပြန်လည်‌နေထိုင်လိုစိတ်များ ‌ပေါ်လာ‌ကြောင်း ကြားသိရသည်။ ဗမာပြည်သားချင်း အညှာတာကင်းစွာ လုယက်သတ်ဖြတ် အုပ်ချုပ်‌နေ‌သော စစ်ဓားပြအုပ်စုလက်‌အောက် စစ်ကျွန်ဘဝတွင် ‌နေရသည်ထက် နယ်ချဲ့လက်‌အောက် သူ့ကျွန်ဘဝကို လိုလို လားလား ‌တောင့်တ‌မျှော်လင့်‌နေကြသူ‌တွေလည်း အ‌တော်ပင် ရှိ‌နေသည်။

ဤသ‌ဘောထားမှာ တတိုင်းပြည်လုံး ချွတ်ခြုံကျသည့်တိုင် အဓမ္မချုပ်ကိုင် ချယ်လှယ်စိုးမိုး‌နေ‌သော စစ်အုပ်စုကို လက် မခံချင်စိတ် ဆန့်ကျင်လိုစိတ်များ ရှိ‌နေ‌သော်လည်း စစ်အုပ်စုနှင့် နှိုင်းစာလျှင် နယ်ချဲ့ကျွန်ဖြစ်လို်က်တာကမှ ‌ကောင်း‌သေး သည်ဟူ‌သော အ‌တွေးဖြင့် နယ်ချဲ့ကျွန်ဘဝကို ‌တောင့်တခြင်းသာဖြစ်‌သော‌ကြောင့် ကြိုဆိုထိုက်သည့် သ‌ဘောထား‌တော့ မဟုတ်။ စစ်အုပ်စုအား တကယ်တမ်း ဆန့်ကျင်လိုစိတ်ရှိသူများအ‌နေဖြင့် စိတ်ချယုံကြည်ရ‌သော ‌တော်လှန်‌ရေး အဖွဲ့အစည်း များနှင့် ဆက်သွယ်ကာ စစ်အုပ်စုတဖွဲ့လုံး ပြုတ်ကျသွား‌စေရန် ကဏ္ဍအသီးသီးမှ တက်ညီလက်ညီ ထိ‌ရောက်စွာ အားဖြည့်ပူး ‌ပေါင်း တိုက်ပွဲဝင်လိုက်ကြရမည်ဖြစ်သည်။

ကာလကြာမြင့်စွာကပင် တိုင်းရင်းသားပြည်သူလူထုတရပ်လုံး လိုလား‌တောင့်တ‌နေခဲ့ကြသည်မှာ စီးပွား‌ရေး၊ ကျန်းမာ ‌ရေး၊ ပညာ‌ရေး၊ ယဉ်‌ကျေးမှုနှင့် လူမှုအခွင့်အ‌ရေး ကိစ္စအဝဝတွင် တန်းတူရည်တူ သာတူညီမျှမှု ရရှိ‌ရေးသာဖြစ်သည်။ ပြည် တွင်းစစ် ဖြစ်ပွားလာခဲ့ရသည့် ပြဿနာအရပ်ရပ်ကို ငြိမ်းချမ်းသည့်နည်းဖြင့် ‌ဆွေး‌နွေးညှိနှိုင်း ‌ဖြေရှင်းရန်မှာ လူသားချင်း စာနာ ‌ထောက်ထားတတ်သူတိုင်း၏ တာဝန်ဖြစ်သည်။ ‌တော်လှန်‌သော ‌ခေါင်း‌ဆောင်အများအပြားကပင် ငြိမ်းချမ်းစွာ အ‌ဖြေရှာ‌ရေး ကိစ္စကို နှစ်‌ပေါင်းများစွာ ကြိုးပမ်းခဲ့ကြပြီး ယခုထိတိုင်လည်း ကိုင်စွဲထားဆဲ ရှိ‌သေးသည်။

သင်ပုန်း‌ချေ‌ရေး၊ ရင်ကြား‌စေ့‌ရေး၊ အမျိုးသားချင်း ပြန်လည်သင့်မြတ်ချစ်ကြည် မျှတ‌ပြေလည်‌စေ‌ရေး ဆိုသည့်စကား လုံးများနှင့် သ‌ဘောထား အ‌တွေးအ‌ခေါ်များမှာ အလွန်ပင် မြတ်နိုး‌လေးစား တန်ဖိုးထားဖွယ် ‌ဝေါဟာရများဖြစ်သည်။ သို့ရာ တွင် ‌ဆွေး‌နွေးပွဲများကို တဖက်သတ် ဖျက်သိမ်းခြင်းဖြင့်လည်း‌ကောင်း၊ လက်နက်ချခိုင်းခြင်းဖြင့်လည်း‌ကောင်း၊ ဗမာပြည် တပြည်လုံး ကျွန်ပြုချုပ်ကိုင် ‌စော်ကားလို‌သော စစ်အုပ်စုအတွက်မှာမူ ထို‌ဝေါဟာရများမှာ ပြက်ရယ်ပြုစရာ အ‌ပေါစား စကား လုံးများသာ ဖြစ်‌နေ၏။ အမျိုးသားချင်း တန်းတူညီမျှ‌ရေးကိစ္စအ‌ပေါ် ငြိမ်းချမ်းစွာ မ‌ဖြေရှင်းလိုဘဲ အာဏာကို အလွဲသုံးစားလုပ် လျှက် စစ်တပ်အားကိုး လက်ဝါးကြီးအုပ်လို‌သော ဖက်ဆစ်ဝါဒီ စစ်အုပ်စုအား ၎င်းတို့လိုလားသည့် လက်နက်ကိုင်နည်းလမ်းဖြင့် တုံ့ပြန်ခြင်း‌လောက် မှန်ကန်မြတ်တရား‌သော လုပ်ရပ်မရှိ။

(၁၀)
ယခုလများအတွင်း ‌ပေါ်ထွက်လာ‌သော ‌သေနတ်သံများမှာ နဝတ၏ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲအစီအစဉ်နှင့် တိုက်ရိုက် ဆက်စပ် ပတ်သက်‌နေသည်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို အဓမ္မအတည်ပြုကာ ၂၀၁၀‌ရွေး‌ကောက်ပွဲဖြင့် တရားဝင်လမ်း ‌ကြောင်း‌ပေါ် ခုန်တက်ရန် မလိမ့်တပတ် ကြိုးစားလာ‌သော စစ်အုပ်စုသည် ‌ရွေး‌ကောက်ပွဲမတိုင်မီ အပစ်ရပ် တိုင်းရင်းသားအဖွဲ့ အစည်းများကို အင်အားချိနဲ့ ‌လျော့ပါး‌အောင် ဦး‌ရေကန့်သတ်လျက် မိမိလက်‌အောက် နယ်ခြား‌စောင့်တပ်များအဖြစ် အသွင် ‌ပြောင်း ချုပ်ကိုင်ထားနိုင်‌ရေး လုပ်‌ဆောင်လာ‌နေသည်။

နယ်ခြား‌စောင့်ဖြစ်‌စေ၊ ပြည်သူ့စစ်ဖြစ်‌စေ အသွင်‌ပြောင်းရန် လုံးဝ လက်မခံနိုင်‌သော အဖွဲ့အစည်းများလည်း ရှိသည်။ ဝ၊ မိုင်းလား၊ ရှမ်း၊ မွန်တို့မှာ နဝတ၏ ဖိအား‌ပေးခြိမ်း‌ခြောက်မှုကို အ‌လေးမထားကြ။ မိမိတို့အ‌ပေါ် ကျူး‌ကျော်ဖိနှိပ်လာပါက ပြန် လည်တိုက်ခိုက်ရန် ပြင်ဆင်ထားပြီး ဖြစ်‌နေသည်။ ဒီ‌ကေဘီ‌အေတွင်မူ စစ်အုပ်စုထံမှ ‌ပေးသမျှ ‌ကျွေးသမျှ အရိုးအရင်း ဝါး‌နေရ ‌သော တပ်မှူးအချို့က လက်ခံကြ‌သော်လည်း မျိုးချစ်စိတ်ရှိ‌သော တပ်မှူးများက လက်မခံကြ။ စစ်အုပ်စု၏ ‌ခြေဖဝါး‌အောက်သို့ မဝင်။ စစ်အုပ်စု၏ ထားရာ‌နေ ‌စေရာသွား၊ ‌ကျွေးတာစား၊ ခိုင်းတာလုပ်ရသည့်ဘဝသို့ အ‌ရောက်မခံ၊ အမျိုးသား‌ရေး ဂုဏ်သိက္ခာ ကို အထိပါးမခံသည့် ဒီ‌ကေဘီ‌အေ တပ်မှူးတပ်သားအချို့နှင့် ငြိမ်းချမ်း‌ရေး‌ကောင်စီမှ တပ်မှူးတပ်သားများအား ‌လေးစားစွာ ‌ထောက်ခံကြိုဆို ဝန်းရံ‌ပေးကြရမည်ဖြစ်သည်။ ယခုလများအတွင်း နယ်ခြား‌စောင့်အဖြစ်ကို လက်မခံလို‌သော ဒီ‌ကေဘီ‌အေ တပ်မှူးတပ်သားအချို့ ‌ကေအဲန်ယူအဖွဲ့အစည်းသို့ ‌ပြောင်းလဲခိုဝင် ‌ရောက်ရှိလာကြသည့် သတင်းများကိုလည်း ဝမ်း‌မြောက် ဖွယ်ရာ ကြားသိကြရသည်။

ကျားမြီးကို ဆွဲလိုက်ပြီဆိုလျှင် ထိုကျားမ‌သေဘဲ လွှတ်ရန်အ‌ကြောင်းမရှိ။ ‌ချော့‌ပြော ‌ခြောက်‌ပြောတာ‌တွေကိုလည်း မှု ‌နေစရာမလို။ အညံ့မခံ အလံမလှဲ‌သော မိမိတို့ယုံကြည်ချက်အ‌ပေါ်မှာ ခိုင်မာစွာ ရပ်တည်လျက် အမျိုးသားထု၏ အန္တရာယ်ကို ဖယ်ရှားရှင်းလင်းနိုင်ဖို့ လိုသည်။ ပြည်သူသည် အမှန်တရားဘက်၌ ရှိ‌နေမည်ဆိုသည်ကိုမူ ယုံမှားသံသယဖြစ်ဖွယ် မရှိ။

စစ်အုပ်စုသည် ၎င်းတို့လုပ်နည်းလုပ်ဟန်အတိုင်း နယ်ခြား‌စောင့်အဖြစ်ကို လက်ခံအသွင်‌ပြောင်းလိုက်သည့် ဒီ‌ကေဘီ ‌အေတပ်များကို တွန်းအား‌ပေးခိုင်း‌စေလျက် သ‌ဘောထား အယူအဆ မတူကြသူ ကရင် ကရင်ချင်းကို ပြန်လည်တိုက်ခိုက် ‌သွေး‌ချောင်းစီး‌စေလိမ့်ဦးမည်။ ကချင်၊ ဝ၊ မိုင်းလား စသည့်တိုင်းရင်းသားတို့ နယ်‌မြေများသို့လည်း ချင်းတပ်လို၊ ရခိုင်တပ်လို လက်‌အောက်ခံတပ်များ ‌စေလွှတ်၍ အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းသည့်နှယ် တိုင်းရင်းသားချင်း ပြန်လည်တိုက်ခိုက်‌ရေး စီ စဉ်‌ပေလိမ့်ဦးမည်။

(၁၁)
မြို့‌နေလူထုသည် ၈၈ခုနှစ်‌နောက်ပိုင်းမှစ၍ ‌ရှေ့တန်းပြန် စစ်ကားတန်းကြီးများ‌ပေါ် ‌ခေါင်း‌ခြေကိုယ်လက် ပတ်တီးများ ဗလပွနှင့် မျက်လုံး‌ကြောင်‌တောင် ဟို‌ငေးဒီ‌ငေး ပါလာသည့် စစ်သားများကို ‌တွေ့ရတိုင်း သနားကြင်နာစိတ်မဝင်ဘဲ ကြိတ်၍ ဝမ်းသာပီတိဖြစ်လာခဲ့ကြသည်။ အာဏာရှင်တို့အကြိုက် လူထုအ‌ပေါ် ‌စေတနာဆိုးယုတ်တတ်သူများအတွက် လူထုသည် ‌မေတ္တာ‌တေး သီ‌ကြွေးကြိုဆိုနိုင်လိမ့်မည် မဟုတ်‌ချေ။ လူထု၏ ပစ်ပယ်ဖဲကြဉ်မှုကို တကယ်တမ်း ခံစားဖူးကြ‌သော စစ်ဗိုလ်စစ် သားများသာလျှင် ၎င်းတို့၏ လူရာမဝင်‌တော့သည့်အဖြစ်ကို ‌ကြေကွဲစွာ သိရှိနိုင်ကြမည်ဖြစ်သည်။

စစ်အုပ်စုသည် ၎င်းတို့ခိုင်း‌စေ‌နေသည့် အရာရှိအရာခံ အကြပ်တပ်သားများအ‌ပေါ်တွင်ပင် ငဲ့ညှာ‌ထောက်ထားမှု မရှိ။ လစာ‌ငွေများ တိုး‌ပေးသည်ဆို‌သော်လည်း တပ်တွင်းမှာပင် ဘာ‌ကြေးညာ‌ကြေး ဖြတ်‌တောက်သည်နှင့် ဘာမျှမကျန်‌တော့။ လစာ‌ငွေထဲမှ မစုမ‌နေရ ‌ငွေများ စု‌ဆောင်းခိုင်းပြီး ထို‌ငွေ‌တွေကို ပြန်လည်ထုတ်ယူခွင့်မရ‌သော‌ကြောင့် မ‌ကျေမနပ်ဖြစ်မှုများ လည်း ‌ပေါ်‌ပေါက်‌နေသည်။ စားဝတ်‌နေ‌ရေး ကြပ်တည်းမှုနှင့် အ‌ထွေ‌ထွေ လူမှု‌ရေးကိစ္စ ဖိစီးမှုများ‌ကြောင့် တပ်တွင်းမှ လူများမှာ တိုင်းပြည်လူထု၏ မုန်းတီးငြိုငြင်မှုကိုခံပြီး စစ်အုပ်စုအကြိုက် အသက်စွန့်၍ ဆက်လက် တာဝန်ထမ်း‌ဆောင်ရန် ဆန္ဒမရှိကြ ‌တော့‌ချေ။ ထို့‌ကြောင့်ပင် တပ်ရင်းလိုက် နှုတ်ထွက်စာတင်မှုများ၊ ထွက်‌ပြေးမှုများ ‌ပေါ်‌ပေါက်လာခြင်းဖြစ်သည်။ စစ်အုပ်စု၏ တပ်တွင်း၌ ဆက်လက် ‌နေ‌ပျော်ကြမည့်သူများမှာ စစ်အုပ်စု‌ကျွေးသမျှ အရိုးအရင်းဝါးကာ လူထုအ‌ပေါ် အနိုင်ကျင့် နှိပ်စက် တတ်‌သောသူများသာ ဖြစ်‌ပေလိမ့်မည်။

‌တော်လှန်‌ရေးနယ်‌မြေနှင့် နီး‌သောမြို့နယ်၊ ‌ကျေးရွာများတွင် လူထုသည် ရန်သူကို အလွန်ပင် မုန်းတီး‌နေ၏။ ရန်သူအ ‌ပေါ် နာကျည်းမုန်းတီး‌နေသည့်အ‌လျောက် ရန်သူတိုက်ခိုက်သူများကို ‌လေးစားကြ၏။ ရန်သူကို များများတိုက်နိုင်‌လေ လူထု ‌ထောက်ခံမှုကို ပိုရ‌လေပင်ဖြစ်သည်။ လူထုသည် ယခင်ကလို ၎င်းတို့ရွာများအနီး တိုက်ပွဲဖြစ်မည်ကို ပူပန်စိုးရိမ်မှု မရှိ‌တော့။ ၎င်းတို့ရွာများ ထိခိုက်ပျက်စီးမှာ‌တွေ၊ ဆုံးရှုံးနစ်နာမှာ‌တွေကိုလည်း ထည့်မတွက်ကြ‌တော့။ ရန်သူကို အထိနာ‌အောင် တိုက်ခိုက် လျှင်ပင် ‌ကျေနပ်တတ်ကြပြီ ဖြစ်သည်။ တကယ်‌တော့ ၎င်းတို့ရွာများကို ထိခိုက်ပျက်စီး‌အောင် မညှာမတာ တိုက်ခိုက်တတ်သူ များမှာ ရန်သူ‌တွေသာဖြစ်‌ကြောင်းလည်း နှစ်‌ပေါင်းများစွာ ကြုံလာခဲ့ရ‌သော အ‌တွေ့အကြုံများအရ လူထုက သိရှိထားခဲ့ပြီ ဖြစ် ၏။

ရန်သူထိုးစစ်ဆင်လာ‌တော့မည့် သတင်းရလျှင် ရွာသူရွာသား‌တွေ ကြိုတင်တိမ်း‌ရှောင်ကြရသည်။ ရန်သူကလည်း ချက်ချင်းမဝင်။ လက်နက်ကြီးများဖြင့် ရွာကို အချက်‌ပေါင်းများစွာ လှမ်းထုပြီး ဘယ်သူမျှမရှိ‌တော့‌ကြောင်း ‌သေချာမှ တက်လာ ရဲကြသည်။ ရွာထဲ‌ရောက်လျှင် လိုချင်ရာရာ‌တွေ ယူငင်သိမ်းဆည်းကာ ရွာက စာသင်‌ကျောင်း၊ ဘာသာ‌ရေး အ‌ဆောက်အဦနှင့် ‌ရေတွင်း‌ရေကန်တို့ကို ဖျက်ဆီးပစ်ကြသည်။ ရွာထဲမှာ‌တော့ ကြာရှည်မ‌နေရဲ။ ရွာသို့ပြန်လာ‌သော လူသူ ကျွဲ၊ နွားများ ‌ခြေပြတ် လက်ပြတ် ‌သေ‌ကြေကြ‌စေရန် ရွာတွင်းရွာပြင်အနှံ့ မိုင်းများလိုက်‌ထောင်ပြီးမှ ထွက်သွားတတ်ကြသည်။ အရှက်သိက္ခာ ကိုယ် ကျင့်တရားကင်းမဲ့‌သော ရန်သူသည် မဟုတ်မတရား‌သော အလုပ်ကို လုပ်မည်သာ ဖြစ်သည်။

လက်နက်ရှိသူချင်း ထိပ်တိုက်မ‌တွေ့ဆုံဘဲ လက်နက်မဲ့ လူထုကို ဦးတည်တိုက်ခိုက်တတ်သည့် လုပ်ရပ်မှာ အချို့ ‌သော ပြည်ပနိုင်ငံများရှိ အကြမ်းဖက်သမား သူပုန်အဖွဲ့အစည်းများ၏ လုပ်ရပ်သာဖြစ်သည်။ သ‌ဘောထားပြည့်ဝ‌သော အစိုးရ တရပ်၏ လုပ်ရပ်မဟုတ်ဘဲ ရှုံးနိမ့်သူတို့၏ ‌သွေးရူး‌သွေးတန်းလုပ်ရပ် ဖြစ်‌လေသည်။

ရွာအနီး တိုက်ပွဲတပွဲဖြစ်လျှင် ရန်သူက ၎င်းတို့နစ်နာဆုံးရှုံးမှုများအတွက် ရွာလူထုကို မဲကြသည်။ သူပုန်နှင့် အဆက် အသွယ်ရှိသည်ဟု စွပ်စွဲ၊ သူပုန်လာတိုက်မည့်ကိစ္စ မိမိတို့ကို အသိမ‌ပေးရ‌ကောင်းလာဟု ပြစ်တင်ကြိမ်း‌မောင်း၊ မသကင်္ာသူများ ဟု ‌ခေါင်းစဉ်တပ်လျက် ‌ခေါ်ယူစစ်‌ဆေး၊ နှိပ်စက်၊ စကားအ‌ပြောအဆို မတတ်လျှင် သတ်ဖြတ်၊ ‌သေဆုံးသွားသည့် ၎င်းတို့ဘက် သား တပ်မှူးတပ်သားများအတွက် အသက်ဖိုး‌တောင်း၊ ဆုံးရှုံးသွားသည့် လက်နက်ဖိုး၊ စက်ဖိုး၊ ကျည်ဆံဖိုးများကို ရွာက စိုက် ‌လျော်‌ပေးခိုင်း၊ တံတားများ မိုင်းကွဲပျက်စီးလျှင် ရွာက ပြန်လည် မတည်စိုက်ထုတ်ကာ ပြုပြင်‌ဆောက်လုပ်ခိုင်း စသည့် ဒုက္ခ‌ပေး မှုများကို နှစ်‌ပေါင်းများစွာ ကြုံလာခဲ့ရသည့် လူထုသည် ရန်သူကို အရွံကြီးရွံလျက်ရှိပြီး ရန်သူအား နလံမထူနိုင်‌အောင် နှိပ်ကွပ် မည့် မည်သည့်တပ်မှူးတပ်သားကိုမဆို ‌လေးစားစွာ အားထားကြိုဆို‌နေကြပြီဖြစ်‌လေသည်။ စစ်သား၏ ဂုဏ်သိက္ခာသည် တိုက်ပွဲအဆုံးအဖြတ်မှ‌နေ၍သာ ထွက်‌ပေါ်လာခြင်းဖြစ်သည်။ ရန်သူနှင့်‌တွေ့တိုင်း ‌အောင်ပွဲအလီလီရ‌အောင် ယူနိုင်‌သော စစ် သား‌လောက် ဂုဏ်သိက္ခာမြင့်မား‌သောသူ မရှိ။

(၁၂)
စစ်အုပ်စု ကျင်းပမည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို လက်ခံကာ အမတ်‌နေရာ ရနိုင်သ‌လောက်ရ‌အောင်ယူလျက် အတွင်း က ပူးသတ်ပြီး စစ်အုပ်စု၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေကို တဖြည်းဖြည်း ပြင်ယူမည်ဆို‌သော ပုဂ္ဂိုလ်တို့ ‌ရွေး‌ကောက်ပွဲမ ဝင်မီကပင် အခက်အခဲမျိုးစုံ ကြုံကြရပြီး အချို့က ‌ရွေး‌ကောက်ပွဲကို ‌ကျောခိုင်းလိုက်ကြ‌ကြောင်း ကြားရသည်။

‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်သပိတ်‌မှောက်မည့်သူများ၊ ‌ရွေး‌ကောက်ပွဲဖျက်သိမ်း‌ရေး ကြိုးပမ်းသူများ၊ ‌ရွေး‌ကောက်ပွဲ လွန်ကာလအတွက် ပြင်ဆင်သူများ၊ စစ်အုပ်စုကို ဆန့်ကျင်‌သော စင်ပြိုင်အစိုးရအဖွဲ့ ဖွဲ့မည့်အစီအစဉ်များ စသဖြင့် ပြည်တွင်း ပြည်ပ လှုပ်ရှားမှုများ ရှိ‌နေသည်။ လူထုအတွက် အလုပ်မဖြစ်‌သော အ‌ဝေး‌ရောက် ညွှန့်‌ပေါင်းအစိုးရနှင့် နှိုင်းယှဉ်ကာ စစ်ပြိုင်အ စိုးရဖွဲ့‌ရေးမှာ ‌နောက်ကျသွားပြီဖြစ်‌ကြောင်း ‌ပြောဆိုသူရှိသလို စင်ပြိုင်အစိုးရဖွဲ့မည့် အစီအစဉ်မှာ ‌စောလွန်း‌သေးသည်ဟု ဆို သူ‌တွေလည်း ရှိ‌နေသည်။

တကယ်‌တော့ စစ်အုပ်စု၏ ၂၀၀၈ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေနှင့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတို့ကို သပိတ်‌မှောက် ဆန့်ကျင်‌နေရုံမျှဖြင့် မပြီး။ မဲမ‌ပေးဘဲ ‌နေရုံဖြင့်လည်း အရှက်ကင်းမဲ့စွာ ‌ပြောင်လိမ်‌ပြောင်စားလုပ်တတ်သည့် စစ်အုပ်စုကို မည် သို့မျှ ထိခိုက်‌စေနိုင်လိမ့်မည် မဟုတ်။ ၂၀၀၈၊ ၂၀၁ဝ တို့မှာ စစ်အုပ်စု၏ ဖန်တီးမှုလက်ရာများသာဖြစ်သည်။ ထိုလက်ရာ‌တွေကို ဦးတည်‌ချေဖျက်လိုက်သည့်တိုင် စစ်အုပ်စုက ‌နောက်ထပ် လက်ရာသစ်များ ထပ်ဆင့် ဖန်တီးနိုင်‌သေးသည်။ ဗမာတပြည်လုံး ကျွန်ဇာတ်သွင်း‌ရေး ပြဿနာအ‌ထွေ‌ထွေကို ဖန်တီး‌နေသည့် စစ်အုပ်စုအား တိုက်ရိုက်ဆန့်ကျင် တိုက်ခိုက်ရှင်းလင်းခြင်းသည် သာ ပြီးပြတ်‌ပြေလည်မည့် ဒီမိုက‌ရေစီ လမ်း‌ကြောင်း‌ပေါ်သို့ ‌ရောက်ရှိ‌စေမည် ဖြစ်‌လေသည်။

ရန်သူသည် ‌တော်လှန်‌ရေး အဖွဲ့အစည်းများအား ဖဲ့ထုတ်စည်းရုံးခြင်းများ၊ သပ်လျှို‌သွေးခွဲခြင်းများဖြင့် အချင်းချင်းအ ကြား မညီမညွှတ် ဖြစ်‌စေခဲ့သည်။ လူထုအတွင်းမှာပင် တဦး‌ပေါ်တဦး ယုံကြည်စိတ်ချမှု မရှိနိုင်‌အောင် စီစဉ်ထား၏။ သို့ရာတွင် ထိုအ‌နေအထားကို ရန်သူသည် အမြဲတ‌စေ ထိန်းမထားနိုင်။ ကြံ့ဖွံ့လို စွမ်းအားရှင်လို အဖွဲ့များမှာပင် ရန်သူ့လုပ်ရပ်များအ‌ပေါ် သိမြင်သ‌ဘော‌ပေါက်လာကြသူ‌တွေ အများအပြား ရှိလာသည်။
လက်ရှိအ‌ခြေအ‌နေတွင် ရန်သူ့တပ်မှူးတပ်သား အ‌တော်များများမှာလည်း အ‌တော်ပင် စိတ်ဓာတ်ကျ‌နေ၏။ တပ်ထဲ မှ ထွက်‌ပြေးသူများ၊ ‌တော်လှန်‌ရေးအဖွဲ့အစည်းများသို့ လာ‌ရောက်ပူး‌ပေါင်းသူများ မိမိတို့ နှုတ်ထွက်ခွင့်ရ‌ရေး တပ်သားသစ်များ ဖြား‌ယောင်း‌ကောက်ခံ ဝယ်ယူသူများ၊ စသဖြင့် စစ်အုပ်စု၏တပ်နှင့် မပတ်သက်ချင်သူများ ရှိလာသလို တပ်မှူးတပ်သားများ အ ပါအဝင် တပ်ရင်းလိုက် နှုတ်ထွက်စာတင်သည့် အဖြစ်များလည်း ရှိလာသည်။

ရန်သူက ‌သေနတ်ကိုင်ပြီး မိမိတို့ဘက်က တုတ်များ၊ ဓားများသာ ကိုင်‌ဆောင်ရသည်ကို မမျှဟုထင်ပြီး စိုးရွံ့တတ်သူ တို့အတွက် ‌လောကတွင် ကိုင်စွဲစရာ လက်နက်မရှိ။ ရန်သူအ‌ပေါ် နာကျည်းမုန်းတီးစိတ်ဖြင့် တကယ်တမ်း ‌တော်လှန်တိုက်ခိုက် မည်ဟူ‌သော စိတ်ဓာတ်ရှိသူတို့အဘို့မူ ဘာကိုမျှ မှုစရာမလို‌ချေ။ ရန်သူကို လက်နက်မဲ့ ဆန္ဒပြ‌နေသည်ထက်‌တော့ တုတ်‌တွေ၊ ဓား‌တွေက အများကြီး ထိ‌ရောက်‌အောင်မြင်နိုင်မည် ဖြစ်သည်။ တုတ်များ ဓားများမှသည် မကြာမတင် ‌သေနတ်များ၊ လှံစွပ်များ ဖြစ်လာပြီး ရန်သူ့လက်နက်ငယ်များသာမက လက်နက်ကြီးများကိုပင် ရရှိလာနိုင်မည်ဖြစ်သည်။

‌ကျေးရွာလူထုကိုလည်း အထင်‌သေး၍မရ။ ‌ကျေးရွာလူထုထဲက ‌ခေါ်ယူခဲ့‌သော အကူအညီ ဝန်ထမ်း(‌ပေါ်တာ)အချို့ မှာ ‌ကျောင်းသားတပ်မ‌တော်မှ ရဲ‌ဘော်အချို့၏ ‌သေနတ်များကို ‌တောင်းယူကာ ရန်သူကို ၎င်းတို့ကို်ယ်တိုင် ပစ်ခတ်ခဲ့‌ကြောင်း ကြားသိခဲ့ရဖူးသည်။ ‌တော်လှန်‌သော လူထုများ တဖွဲ့နှင့်တဖွဲ့ ချိတ်ဆက်ရှိ‌ရေး၊ အချင်းချင်း ကူညီနိုင်‌ရေး၊ ရန်သူကို တချိန် တည်း တပြိုင်တည်း အစီအစဉ်ရှိစွာ တိုက်ခိုက်နိုင်‌ရေး၊ တချိန်တည်း မတိုက်ခိုက်နိုင်သည့်တိုင် ရန်သူတဖွဲ့ကို တိုက်ခိုက်‌နေစဉ် တွင် အခြားရန်သူတဖွဲ့က လာ‌ရောက်အားဖြည့် မကူညီနိုင်‌ရေးအတွက် ရန်သူ့လာလမ်းများကို ဖြတ်‌တောက်ပိတ်ဆို့သည့်အ ဖွဲ့က ပိတ်ဆို့ပြီး ရန်သူကို နှစ်ဘက်ညှပ် ‌ချေမှုန်းသည့်အဖွဲ့က ‌ချေမှုန်း‌ရေးတို့ အ‌ကောင်အထည်‌ပေါ်လာ‌တော့မည် ဖြစ်သည်။

ဟိုတစ သည်တစ ‌သေနတ်သံ အနည်းငယ်မှသည် လူထုအား‌ပေး‌ထောက်ခံသည့် တိုက်ပွဲများ စိပ်လာသည်နှင့်အမျှ ရန်သူ့တပ်မှ ထွက်‌ပြေးသူများ၊ လက်နက်နှင့်အတူ ‌တော်လှန်‌ရေးအဖွဲ့အစည်းများသို့ လာ‌ရောက်ပူး‌ပေါင်းသူများလည်း တဖွဲဖွဲ တသည်းသည်းဖြစ်လာ‌ပေလိမ့်မည်။ လက်နက်ချသူများကို စနစ်တကျ လက်ခံ၍ လာ‌ရောက်ပူး‌ပေါင်းသူများကိုလည်း စည်း မျဉ်း‌ဘောင်အတွင်းမှ‌နေ၍ ကြိုဆို‌ပေါင်းစည်းရမည် ဖြစ်သည်။
ရှမ်း၊ ကချင်၊ ဝ၊ မွန်၊ ရခိုင်၊ ကရင်နီ၊ ချင်း စသည့် နယ်‌မြေ‌ဒေသအသီးသီးမှ တိုင်းရင်းသား ပြည်သူလူထုများအ‌နေ ဖြင့်လည်း မိမိတို့ သက်ဆိုင်ရာ ‌တော်လှန်‌ရေးအဖွဲ့အစည်းများကို အကူအညီ‌ပေးကာ နယ်‌မြေကျွမ်းကျင်သူများအားလုံး ကိုယ် စီကိုယ်င ပူး‌ပေါင်းပါဝင် တိုက်ခိုက်ကြပြီဆိုလျှင် အရည်အချင်း ညံ့ဖျင်း‌သော စစ်အုပ်စု၏ တိုက်‌လေယာဉ်များ၊ အ‌မြောက်များ၊ ‌ခေတ်မှီလက်နက်များကို စိုးရွံ့ရန်အ‌ကြောင်းမရှိ‌ချေ။ တကယ်တမ်း မုန်းတီးနာကျည်းတတ်‌သော လူထုအင်အားကို မည်သည့် ဖိနှိပ်အုပ်ချုပ်သူမျှ ခံနိုင်မည်မဟုတ်။ စစ်အုပ်စုကို ပြန်လည်တွန်းလှန်နိုင်မည့် အချိန်အခါကို ‌စောင့်‌နေခဲ့‌သော ရန်သူ့တပ်တွင်းမှ လူထုဘက်‌တော်သား တပ်မှူးများနှင့် စိတ်ချယုံကြည်စွာ လက်တွဲ‌ဆောင်ရွက်နိုင်ပြီဆိုလျှင်‌တော့ ဗမာပြည် စစ်ဖိနပ်‌အောက်မှ လွတ်‌မြောက်‌ရေးမှာ လက်တကမ်းသို့ ‌ရောက်လာ‌ပေလိမ့်မည်။

(၁၃)
ဒုဗိုလ်မှူးကြီး မန်းတင်လှိုင်တို့ခွင်မှ ‌သေနတ်သံ‌တွေ ထွက်လာသည်ကို ကြားလိုက်ရသည်။ ဤသို့ပင် တပ်မဟာ(၁) နှင့် တပ်မဟာ(၃) အပါအဝင် အခြား‌သော တပ်မဟာများမှလည်း ‌သေနတ်သံ‌တွေ ထွက်‌ပေါ်လာပြီဖြစ်သည်။ ကရင်နီပြည်နယ် အတွင်း အချို့‌သော မြို့နယ်‌ကျေးရွာများတွင်ပင် စစ်အုပ်စု၏ တပ်များကို ‌ချေမှုန်းရှင်းလင်း‌ရေး‌တွေ လုပ်‌နေ‌ကြောင်း ကြားသိရ သည်။ ပြည်တွင်းရှိ ‌ကျေးရွာလူထုကလည်း ဟိုကဒီက ထွက်‌ပေါ်လာကြမည့် ‌သေနတ်သံများကို ငံ့လင့်‌နေကြပြီဖြစ်၏။ မကြာမီ ပင် ဗမာပြည် အမှန်တကယ် လွတ်‌မြောက်‌ရေးတိုက်ပွဲ နိဒါန်းပိုင်းကို ကြုံ‌တွေ့ကြရ‌တော့မည် ဖြစ်‌လေသည်။

မည်သည့်လှုပ်ရှားမှုမဆို အရှိန်အဟုန် ရှိရမည်ဖြစ်သည်။ အနည်းငယ်‌လောက် လှုပ်ရှားပြီး ရရှိလာ‌သော ‌အောင်မြင်မှု အ‌ပေါ် ‌ကျေနပ်ယစ်မူး‌နေ၍ မရ။ ပန်းတိုင်မ‌ရောက်မီ တက်‌ထောင်လိုသည့် အမူအကျင့်များကို လုံးဝ ‌ဖျောက်ဖျက်ကြရမည် ဖြစ် ၏။

ရန်သူကို မတိုက်ရ‌သေးမီ ကြိုတင်ခွင့်လွှတ် ‌ကျေ‌အေး‌နေစရာ မလို။ ‌အောင်ပွဲရခါမှ ငြိမ်းချမ်း‌ရေးစကားကို သ‌ဘော ထားကြီးစွာ ‌ပြောဆိုကမ်းလှမ်းခြင်းအားဖြင့် ဂုဏ်သိက္ခာ ပိုမိုမြင့်မားထယ်ဝါနိုင်မည် ဖြစ်၏။ တိုင်းရင်းသား အဖွဲ့အစည်းများ ဒီမို ကရက်တစ် လူထု‌ခေါင်း‌ဆောင်များနှင့် တကယ်တမ်း အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်း‌ရေးကို တည်‌ဆောက်နိုင်‌ရေး ‌စေ့စပ်ညှိနှိုင်း စကား‌ပြောဆိုရမည့်သူများမှာ လက်ရှိ စစ်အုပ်စုမဟုတ်။ ဤစစ်အုပ်စုကို ပြည်သူနှင့်အတူ လက်တွဲကာ ‌တော် လှန်ဖြတ်ချမည့် တိုင်းပြည်လူထုအ‌ပေါ် စိတ်‌ကောင်း‌စေတနာရှိ‌သော တပ်မ‌တော်‌ခေါင်း‌ဆောင်များနှင့်သာ ဖြစ်‌လေသည်။