Home ထိပ်တန်းသတင်း ဖလုံ-စ‌ဝေါ် ပါတီဆိုင်းပုဒ်‌ထောင်ပွဲ ပြုလုပ်ပြီးစီး

ဖလုံ-စ‌ဝေါ် ပါတီဆိုင်းပုဒ်‌ထောင်ပွဲ ပြုလုပ်ပြီးစီး

1755
‌အောက်တိုဘာလ ၁၁ရက်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)က ၎င်းတို့၏ ပါတီရုံး‌ရှေ့၌ ပါတီဆိုင်းပုဒ်ကို ‌အောက်တို ဘာလ ၉ရက်‌နေ့၊ စ‌နေ‌နေ့မနက်တွင် တည်‌ထောင်လိုက်‌ကြောင်း လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းတစ်ဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“အတိအကျ ‌ပြောရရင် ၁ဝနာရီနဲ့ ၃၁မိနစ်အချိန်မှာ ပါတီဆိုင်းပုဒ်ကို ‌ထောင်ပါတယ်။ ဆိုင်းပုဒ်မှာ ကျမတို့ ကရင်ပြည်နယ် လွှတ်‌တော်အမတ်‌လောင်း ၁၈ဦးပုံကို ‌ထောင်ထားတယ်။ အ‌ပေါ်နား‌လေးမှာ ပါတီ Logo ‌လေးပါပြီး သူ့‌အောက်နားမှာ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီကို မဲ‌ပေးပါဆိုတဲ့ စာတန်းကြီးပါတယ်။ ဒီပါတီဆိုင်းပုဒ်‌ထောင်ပွဲမှာ မူးဟှား(အ‌ဒေါ်)တို့က‌တော့ မဖိတ် ဘူး။ ဒါ‌ပေမဲ့ ပုံမှန် အစည်းအ‌ဝေးလုပ်‌နေကျအတိုင်းပဲ စ‌နေ‌နေ့မှာ‌ပေါ့‌နော်။ လုပ်တာ‌လေ။”ဟု ဖားအံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေအွာက ‌ပြောသည်။

အလျား‌ပေ ၄၀၊ အနံ‌ပေ ၁ဝခန့်ရှိသည့် PSDP ပါတီ၏ သစ်သားဆိုင်းပုဒ်ကို ဖားအံမြို့ အမှတ်(၄)ရပ်ကွက်၊ ထုံးအိုင်လမ်း မိုး ကယ်ဘုန်းကြီး‌ကျောင်း‌ရှေ့ရှိ ၎င်းတို့၏ ပါတီရုံး‌ရှေ့တွင် ထူ‌ထောင်အပြီး တက်‌ရောက်လာသည့် လွှတ်‌တော်အမတ်များက အ‌မွှေးနံ့သာရည်များဖြင့် ပူ‌ဇော်ပသကာ မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် ဆိုင်းပုဒ်‌ထောင်ပွဲမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့သည်ဟု လွှတ်‌တော်အမတ်တစ်ဦးက ဆိုသည်။

အဆိုပါ ဆိုင်းပုဒ်တင်ပွဲသို့ PSDP ၏ မြဝတီ၊ ‌တောင်ကြီး၊ ကျိုက်မ‌ရော၊ ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ်များမှ လွှတ်‌တော်ကိုယ် စားလှယ်‌လောင်း ၆ဦးမှာ လာ‌ရောက်နိုင်ခြင်းမရှိဘဲ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း ၁၂ဦး အပါအဝင် ပါတီဝင်များနှင့် ပါတီ ဝင်မဟုတ်သည့် စိတ်ဝင်စားသူများ စုစု‌ပေါင်း ၃ဝဦးခန့် လာ‌ရောက်ခဲ့ကြသည်ဟု သိရသည်။

PSDP ၏ ပါတီဆိုင်းပုဒ်တင်ရန်အတွက် အာဏာပိုင်များကို အသိ‌ပေးထားရပြီး ဆိုင်းပုဒ်တင်သည့်‌နေ့တွင် မည်သည့်အာဏာ ပိုင်ကမျှ လာ‌ရောက်ခြင်းမရှိ‌သော်လည်း နယ်‌မြေခံ ရဲ‌ထောက်လှမ်း‌ရေး သတင်းတပ်ဖွဲ့ဝင်တစ်ဦးသာ မှတ်တမ်းဓာတ်ပုံ လာ ‌ရောက်ရိုက်ယူသွား‌ကြောင်း နန်း‌စေအွာက ယခုလို ‌ပြောသည်။

“ဒီဆိုင်းပုဒ်က တင်မယ်လို့ သူတို့ကို အသိ‌ပေးထားပြီးသား။ အဲလို အသိ‌ပေးရင်ရပြီး။ သူတို့လာဖို့မလိုဘူး‌လေ။ သူတို့လည်း မလာဘူး။ ဒါ‌ပေမဲ့ သူတို့မှာ သတင်းတပ်ဖွဲ့က အမြဲရှိတယ်‌လေ။ ဆရာသာ‌အေးဆိုတဲ့ သတင်းတပ်ဖွဲ့က တစ်‌ယောက်က‌တော့ လာတယ်။ ရဲ‌ထောက်လှမ်း‌ရေးသတင်းတပ်ဖွဲ့က‌ပေါ့။ သူက‌တော့ အမြဲတမ်းလာတယ်။ အခုလည်း ဘာမှ‌တော့ လာမ‌ပြောပါ ဘူး။ သူ့ဟာသူ မှတ်တမ်းပုံရိုက်ပြီး သူ့အလုပ်သူလုပ်တယ်။ ကျမတို့လည်း ကိုယ့်အလုပ်ကိုယ်လုပ်တယ်။ သူ့ကိုလည်း ဓာတ်ပုံ ပြန်ရိုက်ယူထားတယ်‌ပေါ့‌နော်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီသည် စက်တင်ဘာလ ၂၇ရက်‌နေ့မှစ၍ လက်ရှိအချိန်ထိ ဖားအံမြို့နယ်အတွင်း ‌ကျေးရွာ‌ပေါင်း ၁ဝရွာ‌ကျော်သို့ ‌ရွေး‌ကောက်ပွဲအတွက် မဲဆွယ်စည်းရုံး‌ရေးနှင့် မဲထည့်စနစ် ပညာ‌ပေးမှုများကို လုပ်‌ဆောင်ခဲ့သည်ဟု သိရ သည်။