Home ထိပ်တန်းသတင်း နယ်စပ်ဂိတ်၊ အခွန်ကြီးမြင့်မှုနှင့် ဖမ်းဆီးမှုများ‌ကြောင့် ကုန်သည်များအခက်ကြုံ

နယ်စပ်ဂိတ်၊ အခွန်ကြီးမြင့်မှုနှင့် ဖမ်းဆီးမှုများ‌ကြောင့် ကုန်သည်များအခက်ကြုံ

1900
‌အောက်တိုဘာလ ၁၂ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့မှတဆင့် မြန်မာပြည်အတွင်းပိုင်းသို့ တင်ပို့‌သော ထိုင်းနိုင်ငံထွက် ကုန်ပစ္စည်းများကို စက်တင်ဘာလ ကုန်ပိုင်းမှစ၍ အာဏာပိုင်များ ဖမ်းဆီးမှု‌ကြောင့် ကုန်သယ်ယူပို့‌ဆောင်‌ရေးတွင် အချိန်ကြန့်ကြာမှုများနှင့် အခွန်အ‌ကောက်များ လာကာ ကုန်သည်များမှာ အ‌ရောင်းအဝယ် ခက်ခဲ‌နေသည်ဟု သိရသည်။

မြန်မာအာဏာပိုင်များသည် ပြီးခဲ့သည့် ဇူလိုင်လကတည်းက ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်‌ရေးတံတား အပါအဝင် တရားမဝင် ဂိတ်များအားလုံးကို ဖြတ်သန်းသွားလာမှု ပိတ်ပင်ခဲ့ပြီး‌နောက်ပိုင်း ထိုင်းနိုင်ငံဘက်မှ ကူးယူတင်ပို့သည့် ကုန်ပစ္စည်းအားလုံးကို ဖမ်းဆီးမှုများ ရှိလာခဲ့သည်။

၎င်းတရားမဝင်ဂိတ် အများစုမှာ အပစ်ရပ်အဖွဲ့များ ပိုင်ဆိုင်ခြင်းဖြစ်ပြီး ယခင် ‌နေ့ခင်းဘက် သယ်ယူတင်ပို့‌နေသည့် နှစ်နိုင်ငံ ထုတ်ကုန်ပစ္စည်းများကို ယခုဆိုလျှင် ညအချိန်ကျမှသာ အ‌ခြေအ‌နေကြည့်ကာ နှစ်ဖက် သယ်ယူပို့‌ဆောင်ရသည်ဟု အမည်မ ‌ဖော်လိုသူ ဂိတ်တာဝန်ခံတစ်ဦးက ယခုလို ‌ပြောသည်။

“မြန်မာဘက်က ပစ္စည်း‌တွေက‌တော့ ယူသွင်း‌နေကြတာပဲ။ ထိုင်းဘက်က ပစ္စည်းကလည်း ယူသွင်းလို့‌တော့ရတယ်။ ဒါ‌ပေမဲ့ မြဝတီအထိပဲ‌လေ။ ‌အောက်ဖက်ကို ယူဆင်းလို့မှမရတာ။ တံတားပိတ်ပြီးကတည်းကပဲ။ အချို့ကလည်း နားလည်မှုနဲ့ ‌ပေးပြီး ယူဆင်း‌နေကြတာ‌ပေါ့။ ဒါ‌ပေမဲ့ မိရင်လည်း မလွယ်ဘူး။”ဟု ဆိုသည်။

‌ဒေသခံ အာဏာပိုင်များသည် တရားမဝင် ကုန်သွယ်မှုကို အတိုင်းအတာတစ်ခုထိ နားလည်မှု‌ပေးထား‌သော်လည်း ‌ရှောင်တခင် ဖမ်းဆီးမှုများကိုမူ ပြုလုပ်‌လေ့ရှိသည်။

စက်တင်ဘာလ ၁၈ရက်‌နေ့က အဖွဲ့‌ပေါင်းစုံ စုထိုင်‌နေသည့် အဆိုပါတံတားကျိုးဂိတ်တွင် တရားမဝင်ကားအစီး ၆၀‌ကျော်ကို စစ်တပ်မှ ပိတ်ပင်ဖမ်းဆီးခဲ့သလို ‌အောက်တိုဘာလဆန်းပိုင်းကလည်း မြဝတီလမ်းမှ ယူဆင်းသွားသည့် ကုန်ပစ္စည်းတင်ကား များကို သထုံနှင့် ဘီးလင်းမြို့ရှိ ဂိတ်များတွင် ‌ကေတီကုမ္ပဏီမှ ကား ၄စီး အဖမ်းဆီးခံခဲ့ရ‌ကြောင်း သိရသည်။

မြဝတီ-ဖားအံ ကားလမ်းတွင် ထိုင်းကုန်ပစ္စည်းများကို ဆယ်ဘီး၊ ဆယ့်နှစ်ဘီးကားကြီးများဖြင့် သယ်ယူခြင်းကို စက်တင်ဘာလ ၁ဝရက်‌နေ့က ပိတ်ပင်လိုက်သည့်‌နောက်ပိုင်း ကုန်သည်များမှာ ဟိုင်းလက်၊ မှန်လုံကားများဖြင့်သာ သယ်ယူပို့‌ဆောင်‌နေရသ လို ကုန်ပစ္စည်းများကိုလည်း ထင်ထင်‌ပေါ်‌ပေါ်မဖြစ်‌အောင် သယ်ယူ‌နေရသည်ဟု ဆီ၊ အချိုမှုန့်များ ကုန်ကူး‌နေသည့် အမျိုးသ မီးတစ်ဦးက ‌ပြောသည်။

“ကျမတို့ ဆယ့်နှစ်ဘီးကား‌တွေ သွားလို့မရ‌တော့ ဒတ်ဆန်းကားနဲ့ပဲ သယ်ချရတယ်‌လေ။ ကုန်ယူဆင်းတဲ့ကားတိုင်းက ကုန် သွယ်‌ရေးဇုံကို ‌တောလမ်းက‌နေ ပတ်ပြီးယူသွား‌ပေမဲ့ တံတားကျိုးဂိတ်မှာ ကားတစ်စီးစာကို သိန်း ၃၀‌ပေးရတယ်‌လေ။ ဒါ့အပြင် ‌ရှေ့မှာလည်း ဂိတ်‌တွေက တစ်ပုံကြီး ‌တောက်‌လျှောက် ‌ပေးသွားရ‌သေးတာဆို‌တော့ အရင်ကထက် ကုန်ကျမှုစရိတ် ပိုများလာ တယ်။ ဆီဆိုရင်လည်း ကျမတို့က အရင်လို ပုံးနဲ့မယူ‌တော့ဘဲ ၁လီတာ၊ ၂လီတာ၊ ၅လီတာဗူး‌တွေကို တစ်ဖာစီ ယူချ‌နေရ တယ်‌လေ။ အမြတ်က‌တော့ အရင်လို မကျန်ပါဘူး။ နယ်စပ်မှာလည်း ဒီလိုမှမလုပ်ရင် လုပ်စရာမှ မရှိတာ။”ဟု ဆိုသည်။

‌အောက်တိုဘာလ ၅ရက်‌နေ့က ‌နေပြည်‌တော်စုံစမ်းစစ်‌ဆေး‌ရေးအဖွဲ့မှ မြဝတီမြို့သို့‌ရောက်ရှိလာပြီး နယ်စပ်ကုန်သွယ်‌ရေးနှင့် ကုန်စီးဆင်းမှုများကို လာ‌ရောက်စစ်‌ဆေးခဲ့‌ကြောင်း ‌ငွေလွဲလုပ်ငန်းလုပ်‌ဆောင်‌နေသည့် မြို့ခံတစ်ဦးက ‌ပြောသည်။

“ကုန်သွယ်‌ရေးဇုံ ပိတ်ထား‌ပေမဲ့ ကုန်‌တွေက ဆင်း‌နေတုန်း‌လေ။ အင်းတိုင်ဘက်မှာလည်း မှန်လုံကား‌တွေကို မိတာဆို‌တော့ ‌နေပြည်‌တော် စသုံးလုံးက ကိုယ်တိုင်လာစစ်တာ‌လေ။ နကသ(နယ်စပ်ကုန်သွယ်‌ရေး)ညွှန်မှူးအသစ် ဦးဝင်းမြင့်က‌တော့ ပြဿ နာတက်တာ‌ပေါ့။”ဟု ဆိုသည်။

အဆိုပါထိုင်းနိုင်ငံမှ ပစ္စည်းများကို မြဝတီ‌တောင်‌ပေါ်ကားလမ်းရှိ တံတားကျိုးနှင့် အလယ်ဘိုတဲဂိတ်များ၊ ‌မော်လမြိုင်နှင့် သထုံ ဂိတ်များ၌ ကုန်ဖမ်းဆီးမှုများသည့်ရက်များတွင် ကုန်သည်များမှာ ၎င်းတို့၏ကုန်ပစ္စည်းများကို လုံခြုံသည့်‌နေရာတွင် သို‌လှောင် သိမ်းဆည်းထားရသဖြင့် ‌ငွေ‌ကြေးလည်ပတ်မှု ‌နှောင့်‌နှေး‌နေ‌ကြောင်း ညီးညူ‌ပြောဆို‌နေကြသည်။

ထိုင်းနိုင်ငံမှ ဆီ၊ အချိုမှုန့်၊ မာမား‌ခေါက်ဆွဲ၊ သကြားလုံး၊ အချိုရည်၊ ငါး‌သေတ္တာ၊ ‌ကော်ဖီမစ်၊ သစ်သီး စသည့် ကုန်ပစ္စည်းအ ‌တော်များများကို ‌ကော့ကရိတ်၊ ဖားအံ၊ ‌မော်လမြိုင်မှတဆင့် ပဲခူးနှင့် ရန်ကုန်အထိ သယ်ပို့‌နေသလို မြန်မာဘက်မှ ‌ရေထွက် ပစ္စည်းများ၊ စား‌သောက်ကုန်များနှင့် တိုင်းရင်း‌ဆေးများကိုလည်း မြဝတီမှ မဲ‌ဆောက်ဘက်သို့ သယ်ယူ‌နေသည်ဟု သိရသည်။

ယင်းသို့ ထိုင်းနိုင်ငံမှ ကုန်ပစ္စည်း လွတ်လပ်စွာ တင်သွင်းရ ခက်ခဲ‌နေမှု‌ကြောင့် ပစ္စည်းပြတ်လပ်မှု မရှိ‌သေး‌သော်လည်း ‌ဈေးနှုန်း မှာမူ ယခင်ကထက် အဆမတန် မြင့်မားလျှက်ရှိ‌ကြောင်း ဖားအံမြို့ရှိ အိမ်ရှင်မတစ်ဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

သူမက “ပုဇွန်နှစ်‌ကောင် စားသုံးဆီတပုံးဆိုရင် အရင်က ၁၉,၀၀ဝကျပ်‌လောက်က‌နေ အခု ၂၃,၅၀ဝကျပ်ဖြစ်သွားတယ်။ မာ မား‌ခေါက်ဆွဲ အထုပ်‌သေးက ကျပ် ၁၀၀‌ကျော်က‌နေ အခု ၂၀၀‌ကျော်ဖြစ်သွားတယ်။ အချိုရည်ဆို ဗူး‌သေးတစ်ဗူးကို ကျပ် ၅၀ဝက‌နေ အခု ၈၀ဝအထိ ‌ဈေးတက်တယ်။ နှစ်ကီလို အချိုမှုန့်ထုပ်ဆိုရင် ၂၀၀ဝကျပ်က‌နေ အခု ၂၈၀ဝအထိ တက်သွားတယ် ‌လေ။ အဖမ်းအဆီးရှိ‌နေ‌ပေမဲ့ မဖြစ်ဖြစ်တဲ့နည်းနဲ့ တင်သွင်း‌နေကြ‌တော့ ထိုင်းပစ္စည်းက လုံးဝ မပြတ်ပါဘူး။”ဟု ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ၁၇ဂိတ် အပါအဝင် ဂိတ်အချို့မှာ ကုန်ပစ္စည်းများ သယ်ယူတင်ပို့‌နေပြီး အချို့ဂိတ်များမှာ ဆိုင်ကယ် များနှင့် ဂျပန်နိုင်ငံထုတ်ကားများကို ညနက်ပိုင်းတွင် အဆင်‌ပြေသလို ယူသွင်းတင်ပို့‌နေကြ‌ကြောင်း သိရသည်။