Hay Htoo
ထိုင်းဘုရင့်မွေးနေ့ ပွဲတော်ညရဲ့ ရင်နင့်စရာ
ဒီဇင်ဘာလ ၇ရက်။ ခေါင်ဆူ.လိုင့်
- အိမ်ပြန်ခရီးသို့
ဦးခေါင်းကို အဝတ်ဖြူပေါင်းပြီး ဆနွင်းပါးပါး လိမ်းကျံထားတဲ့ ဝါဖန့်ဖန့် မျက်နှာဝိုင်းဝိုင်းလေးနဲ့ လူလတ်ပိုင်း အမျိုးသမီးတစ်ဦး ဟာ အနှီးဖြူလေး ပတ်ထားတဲ့ သူမရဲ့ နို့စို့ရင်သွေးလေးကို နို့ချိုတိုက်ကျွေးနေပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ပိုင်ရုံးဝင်းထဲမှာ ဒီဇင်ဘာလ ၁ရက်နေ့ကနေ ၁ဝရက်နေ့အထိ နှစ်စဉ် ထိုင်းဘုရင့်မွေးနေ့ပွဲတော် ပြု...
ကေအဲန်အယ်လ်အေ၏ ပြောက်ကျား တိုက်ခိုက်မှုကြောင့် နအဖ ၆ဦးကျဆုံး ကာ ၄ဦး ထိခိုက်
ဒီဇင်ဘာလ ၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောနယ်မြေတဝိုက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA)က နအဖ လှုပ်ရှားတပ်ဖွဲ့များအား ဒီဇင်ဘာလ ၅ရက်နေ့မှ ယနေ့အထိ ၄ကြိမ် ပြောက်ကျားတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၆ဦး ကျဆုံးပြီး ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)၏ သတင်းအရ သိရသည်။
ထိုသုံးရက်အတွင်း ကေအဲန်ယူ...
နအဖ ရိက္ခာသယ်ယူနေသည့် သစ်တံတားငယ် ၇စင်းကို ကေအဲန်ယူ မီးရှို့ခဲ့
ဒီဇင်ဘာလ ၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်မြို့နှင့် ကမမောင်းရွာအကြားရှိ နအဖတပ်များ ရိက္ခာသယ်ယူနေသည့် သစ်သားတံတားငယ် ၇စင်းကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်တပ်ဖွဲ့(KNLA)တပ်များက နိုဝင်ဘာလဆန်းပိုင်းက မီးရှို့ဖျက်ဆီးလိုက်သည်ဟု သိရ သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂ရက်နေ့မှစ၍ အဆိုပါ တံတားငယ် ၇စင်းကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဟိနောလော်၊ နိုခဲလော်၊...
ဖမ်းဆီးခံ ကရင်ငြိမ်းချမ်းရေးကောင် စီအဖွဲ့ဝင် ၆ဦး၏ အလောင်းပြန်လည် တွေ့ရှိ
ဒီဇင်ဘာလ ၇ရက်။ နန်းထူးစံ (ကေအိုင်စီ)
ပြီးခဲ့သည့် လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် ၆ဦး၏အ လောင်းကို ယနေ့မနက်တွင် ကရင်ပြည်နယ် မြဝတီခရိုင်၊ ပလောတပို့ရွာနှင့် မနီးမဝေး ပြောင်းခင်းတခင်းတွင် ဒေသခံရွာ သားများက တွေ့ရှိခဲ့ကြောင်း သိရသည်။
လက်များကို ကြိုးချည်ထားပြီး မီးရှို့သတ်ထားသည့် အဆိုပါ...
မယ်လစခန်းတွင် ဆယ်ကျော်သက် အရွယ် မုဒိမ်းမှုတခု ဖြစ်ပွား
ဒီဇင်ဘာလ ၆ရက်။ (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယမန်နေ့က ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဆယ်ကျော်သက်လူငယ်က ကျူးလွန်သည့် မုဒိမ်းမှုတခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မယ်လစခန်း ဇုံဘီ၊ ရပ်ကွက်(၃)တွင် နေထိုင်သူ အဆိုပါမိန်းကလေးကို ယမန်နေ့ မနက် ၉နာရီကျော်အချိန်တွင် စခန်းအပြင်နား တွင် ဟင်းသီးဟင်းရွက် ရှာနေစဉ် ထိုရပ်ကွက်နေ...
BGF တပ်ဖွဲ့ဝင် ၁၇ဦး ကေအဲန်ယူထံ ထွက်ပြေးရောက်ရှိလာ
ဒီဇင်ဘာလ ၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် မြဝတီခရိုင်၊ ဖလူးကျေးနယ်တွင် လှုပ်ရှားလျှက်ရှိသော ကရင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်း(၁၀၂၂)မှ တပ်ခွဲမှူးတဦး အပါအဝင် ၁၇ဦးသည် ဒီဇင်ဘာလ ၃ရက်နေ့က ကေအဲန်ယူထံ ထွက်ပြေးရောက်ရှိလာသည်ဟု သိရသည်။
ထိုနေ့ညနေတွင် ဖလူးကျေးရွာ အခြေစိုက် ဗိုလ်မှူးစောမုတ်သုန် ဦးစီးသည့် BGF (၁၀၂၂)တပ်ရင်းမှ တပ်ခွဲ(၁)မှူး...
ရိက္ခာသယ်ရန်နှင့် မြေမြုပ်မိုင်း ရှင်းရန် နအဖမှ ကားများ ချောဆွဲ
ဒီဇင်ဘာလ ၂ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ နအဖ လှုပ်ရှားတပ်များက ခလယ့်လာ၊ ကော်သေး ဒဲရွာများမှ ရွာသူရွာသားများ၏ ကားများကို နိုဝင်ဘာလအတွင်း ချောဆွဲထားပြီး ရိက္ခာသယ်ပေးရန်နှင့် မြေမြုပ်မိုင်းရှင်းပေး ရန်အတွက် ခိုင်းစေလျှက်ရှိသည်ဟု တောင်ငူခရိုင်မှ လာသည့် သတင်းအရ သိရသည်။
နအဖ စကခ(၇)...
ကမ္ဘာ့ HIV/AIDS တိုက်ဖျက်ရေးနေ့ ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ကျင်းပ
ဒီဇင်ဘာလ ၁ရက်။ စောခါးစူးညား (ကေအိုင်စီ)
ယနေ့ ကျရောက်သော ကမ္ဘာ့ HIV/AIDS တိုက်ဖျက်ရေးနေ့တွင် မြန်မာနိုင်ငံသားနှင့် ထိုင်းကျောင်းသားအချို့ အပါအဝင် လူဦးရေ ၃၀၀ကျော် လမ်းလျှောက်ချီတက်ပွဲ အစီအစဉ်နှင့် အခမ်းအနားတစ်ခုကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ မနက် ၉နာရီတွင် ပြုလုပ်ကျင်းပခဲ့သည်။
မဲဆောက်မြို့၊ ဆေးရုံကြီးမှတဆင့် မယ်တော်ဆေးခန်းသို့ ဦးတည်သည့်...
ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဝင် ၆ဦး နအဖ ဖမ်းမိ၊ တဦး ပစ်သတ်ခံရ
နိုဝင်ဘာလ ၃ဝရက်။ နန်းထူးစံ (ကေအိုင်စီ)
ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင် ၆ဦးကို ယနေ့မနက်တွင် နအဖ စစ်တပ်မှ ဖမ်းဆီးလိုက်ပြီး ၁ဦးကို ပစ်သတ်လိုက်သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
ယနေ့မနက် ၉နာရီကျော်အချိန်၌ ကရင်ပြည်နယ်၊ မြဝတီခရိုင်ရှိ ဖလူးကျေးရွာနှင့် မနီးမဝေး ပလောတပို့ဒေသတွင် လှုပ်ရှားသည့် ဗိုလ်တဲခီး ဦးစီးသော...
ဝေါ်လေဒေသတိုက်ပွဲ ဆက်လက်ဖြစ်ပွား
နိုဝင်ဘာလ ၃ဝရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ဝေါ်လေဒေသတွင် နအဖနှင့် ကရင်တပ်ဖွဲ့တို့ကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်နေ့ညက စတင် ဖြစ်ပွားခဲ့ သည့်တိုက်ပွဲသည် ပစ်လိုက်ရပ်လိုက်ဖြင့် ယနေ့အချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု သိရသည်။
ဒီကေဘီအေ ကလိုထူးဘောဗျူဟာ (၁)စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က “ဖလူးမှာ မနေ့ညကတည်းက လက်နက်...





