Home ထိပ်တန်းသတင်း ‌ကေအဲန်အယ်လ်‌အေ၏ ‌ပြောက်ကျား တိုက်ခိုက်မှု‌ကြောင့် နအဖ ၆ဦးကျဆုံး ကာ ၄ဦး ထိခိုက်

‌ကေအဲန်အယ်လ်‌အေ၏ ‌ပြောက်ကျား တိုက်ခိုက်မှု‌ကြောင့် နအဖ ၆ဦးကျဆုံး ကာ ၄ဦး ထိခိုက်

2414
ဒီဇင်ဘာလ ၇ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပ‌လောနယ်‌မြေတဝိုက်တွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့(KNLA)က နအဖ လှုပ်ရှားတပ်ဖွဲ့များအား ဒီဇင်ဘာလ ၅ရက်‌နေ့မှ ယ‌နေ့အထိ ၄ကြိမ် ‌ပြောက်ကျားတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၆ဦး ကျဆုံးပြီး ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၇)၏ သတင်းအရ သိရသည်။

ထိုသုံးရက်အတွင်း ‌ကေအဲန်ယူ တပ်မဟာ(၇) တပ်ရင်း(၂၀၂)မှ ဒုရင်းမှူး ဗိုလ်မှူး‌စောတာမလာ ဦး‌ဆောင်သည့် တပ်စုတစုနှင့် ‌ကေအဲန်ယူ တပ်မဟာ(၅)အ‌ခြေစိုက် ‌ကေအဲန်အယ်လ်‌အေ အထူး‌ပြောက်ကျားတပ်ဖွဲ့တို့ ပူး‌ပေါင်းကာ နအဖ အ‌ရှေ့‌တောင် တိုင်း စစ်ဌာနချုပ်-ရတခ လက်‌အောက်ခံ ခမရ(၃၃၈)၊ စအရတပ်ရင်း(၉၁၅)နှင့် ခလရ(၂၈)တပ်ရင်းအား လှိုင်းဘွဲမြို့နယ်ရှိ မာ နယ်ပ‌လော(ယခင် ‌ကေအဲန်ယူ ဗဟိုဌာနချုပ်‌ဟောင်း) ‌ဒေသတွင် ‌ပြောက်ကျားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ‌ကေအဲန်အယ်လ် ‌အေ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူး‌စောအယ်ဆဲဆဲက ယခုလို အတည်ပြု ‌ပြောဆိုခဲ့သည်။

၎င်းက “၅ရက်‌နေ့ ‌နေ့လယ် ၁၂းဝဝ နာရီအချိန်မှာ ဆင်ဖြူ‌တောင်(က‌ဆောဝါး‌လေး)မှာ ခမရ(၃၃၈)ကို ကျ‌နော်တို့တပ်‌တွေ သွားတိုက်တာ မိနစ် ၂၀‌လောက်‌တော့ကြာတယ်။ အဲဒီမှာ နအဖဘက်က ၅‌ယောက် ကျတယ်။ MA-11 ‌သေနတ်တလက် ကျ‌နော်တို့ ရခဲ့တယ်။ အဲဒီ‌နေ့မွန်းလွဲ ၃းဝ၀‌လောက်မှာပဲ ‌ခြောက်ဘီးကားနှစ်စီးနဲ့ တက်လာတဲ့ စစ်အင်ဂျင်နီယာတပ်ရင်း (၉၁၅)ကို ကြယ်‌ပြောင်ကုန်းမှာ တိုက်ခိုက်‌တော့ ကားက မိုင်းထိသွားတဲ့အတွက် ကားတစီး လုံးဝ ပျက်စီးသွားပြီး ၃‌ယောက် ဒဏ်ရာရသွားတယ်။”ဟု ဆိုသည်။

တပ်မဟာ (၇) KNLA တပ်ဖွဲ့ဝင်များ
ဆက်လက်၍ ဗိုလ်မှူး‌စောအဲဆဲဆဲက “၆ရက်‌နေ့ မနက် ၁၁နာရီကျ‌တော့ ထီး‌သေ့ခီးမှာ နအဖ ခမရ(၂၈)တပ်ရင်းကို ကျ‌နော် တို့လူ‌တွေ သွားတိုက်တာ နအဖဘက်က တပ်ကြပ်ကြီး ၁‌ယောက် ဒဏ်ရာပြင်းထန်ပြီး ကျဆုံး‌ပေမဲ့ ထိခိုက်မှုကို‌တော့ ကျ‌နော် တို့မသိရဘူး။ ဒီ‌နေ့ ‌နေ့လည် ၁၁း၂ဝနာရီမှာက နအဖ ခမရ(၃၃၈)ကို ကြယ်‌ပြောင်ကုန်းမှာ တခါထပ်ပစ်တာ နအဖ ၁‌ယောက် ဒဏ်ရာရတယ်။”ဟု ‌ကေအိုင်စီကို ယ‌နေ့ ‌ပြောဆိုသည်။

ယင်းသို့ မာနယ်ပ‌လောနယ်‌မြေရှိ နအဖ စစ်တပ်ကို သွား‌ရောက်ပစ်ခတ်ရာတွင် နအဖဘက်မှ တပ်ကြပ်တဦးနှင့် ဒုတပ်ကြပ် တစ်ဦး ထိခိုက်ကျဆုံးမှုတွင် ပါဝင်ခဲ့ပြီး ‌ကေအဲန်အယ်လ်‌အေဘက်မှ ထိခိုက်ကျဆုံးမှု တစုံတရာ မရှိ‌ကြောင်း ဗိုလ်မှူး‌စောအဲဆဲ ဆဲက ‌ပြောသည်။

‌ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားရာ ၎င်း‌ဒေသတွင် နယ်ခြား‌စောင့်တပ်(BGF)မှ ဗိုလ်မှူးစိုးနိုင် ဦးစီးသည့် (၁၀၁၁)တပ်ရင်းနှင့် ဗိုလ် မှူးသန်း‌ရွှေ ဦးစီးသည့် (၁၀၁၂)တပ်ရင်း၏ တပ်ဖွဲ့ဝင်များ လှုပ်ရှားရာ‌ဒေသဖြစ်‌သော်လည်း ၎င်းက ပစ်ခတ်မှုတွင် ပါဝင်ပတ် သက်မှုမရှိ‌ကြောင်း ‌ကေအဲန်အယ်လ်‌အေက ‌ပြောသည်။

အဆိုပါတိုက်ခိုက်မှုများ‌ကြောင့် ‌ကေအဲန်ယူအ‌နေဖြင့် မာနယ်ပ‌လော‌ဒေသကို ပြန်လည် ထိန်းချုပ်နိုင်ခြင်း ရှိမရှိ ‌ကေအဲန်ယူ ထိပ်ပိုင်း‌ခေါင်း‌ဆောင်များထံ ‌ကေအိုင်စီမှ ဆက်သွယ်‌မေးမြန်းရာ အတည်ပြု ‌ပြောဆိုနိုင်ခြင်း မရှိ‌သေး‌ကြောင်း ပြန်လည် ‌ဖြေ ကြားခဲ့သည်။

‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေအတွင်း နအဖနှင့် ‌ကေအဲန်အယ်လ်‌အေ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွား ‌နေသလို ‌ကေအဲန်ယူ တပ်မဟာ(၆)နယ်‌မြေဘက်တွင်လည်း နိုဝင်ဘာလ ၈ရက်‌နေ့ကတည်းက ဖြစ်ပွားခဲ့သည့် နအဖနှင့် ဒီ‌ကေဘီ‌အေတို့ကြား တိုက်ပွဲ အ‌ခြေအ‌နေများမှာလည်း ယခုအချိန်ထိ ပြင်းထန်လျှက်ရှိသည်ဟု သိရသည်။