Home ထိပ်တန်းသတင်း ကရင်ငြိမ်းချမ်း‌ရေး ‌ကောင်စီအဖွဲ့ဝင် ၆ဦး နအဖ ဖမ်းမိ၊ တဦး ပစ်သတ်ခံရ

ကရင်ငြိမ်းချမ်း‌ရေး ‌ကောင်စီအဖွဲ့ဝင် ၆ဦး နအဖ ဖမ်းမိ၊ တဦး ပစ်သတ်ခံရ

2078
နိုဝင်ဘာလ ၃ဝရက်။ နန်းထူးစံ (‌ကေအိုင်စီ)

‌ကေအဲန်ယူ/‌ကေအဲန်အယ်လ်‌အေ ငြိမ်းချမ်း‌ရေး‌ကောင်စီ တပ်ဖွဲ့ဝင် ၆ဦးကို ယ‌နေ့မနက်တွင် နအဖ စစ်တပ်မှ ဖမ်းဆီးလိုက်ပြီး ၁ဦးကို ပစ်သတ်လိုက်သည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ယ‌နေ့မနက် ၉နာရီ‌ကျော်အချိန်၌ ကရင်ပြည်နယ်၊ မြဝတီခရိုင်ရှိ ဖလူး‌ကျေးရွာနှင့် မနီးမ‌ဝေး ပ‌လောတပို့‌ဒေသတွင် လှုပ်ရှားသည့် ဗိုလ်တဲခီး ဦးစီး‌သော ငြိမ်းချမ်း‌ရေး‌ကောင်စီတပ်ဖွဲ့ကို နအဖ စစ်‌ကြောင်းက ဝိုင်းမိပြီး ပစ်ခတ်ခဲ့ခြင်း‌ကြောင့် ၁ဦး ကျဆုံးကာ ၆ဦးမှာ အရှင်ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

‌ကေအဲန်ယူ/‌ကေအဲန်အယ်လ်‌အေ ငြိမ်းချမ်း‌ရေး‌ကောင်စီအဖွဲ့မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူ ‌စောတီမသီက “ဒီမနက် ကျ‌နော်ကြားတာ က ဗိုလ်တဲခီးရဲ့ တပ်ဖွဲ့ဝင် ၆ဦးကို နအဖ စစ်တပ်က ဖမ်းဆီးတယ်။ ၁ဦးကို ပစ်သတ်လိုက်တယ်လို့ ကြားတယ်။ ဒါ‌ပေမယ့် အ‌သေး စိတ်‌တော့ မသိ‌သေးဘူး။”ဟု ‌ကေအိုင်စီကို အတည်ပြု ‌ပြောဆိုသည်။

ဖလူး‌ဒေသတွင် လှုပ်ရှား‌နေသည့် ‌ကေအဲန်အယ်လ်‌အေ တပ်ဖွဲ့ဝင်တဦးက “အခု နအဖ‌တွေက ‌ဝေါ်‌လေကို တက်ဖို့‌လေ။ သူတို့ တက်လာတဲ့ လမ်းတ‌လျှောက်မှာ ‌သေနတ်လိုက်ပစ်တယ်။ ဖလူးအ‌ပေါ်ဘက် ပ‌လောတပို့မှာ သူတို့(ငြိမ်းချမ်း‌ရေး‌ကောင်စီအဖွဲ့)ကို စစ်တပ်က ‌တွေ့ပြီး‌တော့ ဝိုင်းလိုက်တာလို့ ကျ‌နော်ကြားတယ်။ အဲဒီမှာရှိတဲ့ သူတို့အဖွဲ့က လူနည်းတယ်‌လေ။”ဟု ‌ပြောသည်။

(နယ်စပ်တ‌နေရာတွင် စစ်‌ရေးပြင်ဆင်‌နေသူ ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်နှစ်ဦး)
လက်ရှိအချိန်တွင် ဖလူး‌ဒေသ၌ နအဖ စကခ(၈)လက်‌အောက်ခံ ခလရ(၆၂) လှုပ်ရှားလျှက်ရှိပြီး ထိုတပ်ရင်းသည် နိုဝင်ဘာ ၂၄ ရက်‌နေ့က ‌ဝေါ်‌လေ‌ဒေသသို့သွားရန် ဖလူး‌ကျေးရွာတွင် ‌ရောက်ရှိ‌နေပြီးဖြစ်‌သော်လည်း ‌ရှေ့ဆက်သွားမည့် လမ်း‌ကြောင်းများကို ဒီ‌ကေဘီ‌အေတပ်နှင့် ‌ကေအဲန်အယ်လ်‌အေတပ်ဖွဲ့များ ပိတ်ဆို့ထားခြင်း‌ကြောင့် ‌ဝေါ်‌လေလမ်း‌ကြောများကို လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်လျှက်ရှိ‌ကြောင်း အဆိုပါ‌ကေအဲန်အယ်လ်‌အေတပ်သားက ‌ပြောသည်။

ယင်းသို့ ဖမ်းဆီး၊ ပစ်သတ်ခံရသည့် ငြိမ်းချမ်း‌ရေး‌ကောင်စီ တပ်ဖွဲ့ဝင်ထဲတွင် ဗိုလ်တဲခီး ပါဝင်ခြင်း မရှိသလို ထိုအဖွဲ့၏ ဥက္ကဌ ဗိုလ် ချုပ်‌စောထင်‌မောင်နှင့် ဗိုလ်ချုပ်‌စောရင်နုတို့ကို ဆက်သွယ်မရခဲ့‌ပေ။