Hay Htoo
ရွှေတူးလုပ်ငန်းကြာင့် ပျက်စီးသွားသည့် လယ်ကွင်းများတွင် သီးနှံများဖြင့် အစားထိုးစိုက်ပျိုး
နိုဝင်ဘာလ ၃ဝရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ် ဖာပွန်နှင့် သထုံခရိုင်နယ်စပ်၊ ဒွယ်လိုးမြို့နယ်၌ ရွှေတူးခဲ့ခြင်းကြောင့် ပျက်စီးသွားခဲ့သည့် လယ်ဧက ၄၀၀ကျော် ကို ဒေသခံရွာသူရွာသားများက ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းနှင့် ယခု နိုဝင်ဘာလဆန်းမှစ၍ ဟင်းသီးဟင်းရွက်နှင့် သီးနှံပင်များဖြင့် အစားထိုး စိုက်ပျိုးခဲ့ကြသည်ဟု သိရသည်။
၎င်းတို့ အစားထိုးစိုက်ပျိုးသည့် သီးနှံပင်များမှာ...
မြိုင်မြိုင်ဆိုင်ဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် လ တန်ဆောင်တိုင်
M. ထက်ခေါင်
(၁)
ကာလာနံ၊ ကာလတို့တွင် သရဒံဥတု၊ တန်ဆောင်မုန်းလ သရဒဥတုသည် ပဓာနံ မြတ်၏။
(လောကနီတိ)
တကယ်ပင် ကျက်သရေ မဂင်္လာအပေါင်းနှင့် ပြည့်စုံသော လမြတ်တန်ဆောင် ဖြစ်သည်။ ဗမာပြည်တွင်း၌ တန် ဆောင်တိုင်ပွဲတော် ကျင်းပသလို ထိုင်းနိုင်ငံတွင်းမှာလည်း နှစ်စဉ် မီးမျှောပွဲ၊ အလှမယ်ရွေးပွဲ၊ မီးရှူးမီးပန်း ပစ်ဖောက်ပွဲတို့ဖြင့် လှပနေသော...
ကရင်တပ်ဖွဲ့နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် နအဖ ၃ဝဦးကျဆုံး
နိုဝင်ဘာလ ၂၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ပိုင်းတွင် ကရင်တပ်ဖွဲ့မှ နအဖနှင့် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တို့ကို ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ (၃၀)ဦး ကျဆုံးခဲ့ပြီး လက်နက် (၃၀)လက် ကရင်တပ်ဖွဲ့မှ သိမ်းဆည်းရမိသည်ဟု သိရ သည်။
ယမန်နေ့ နေ့လည်ပိုင်းတွင် ကော့ကရိတ်အခြေစိုက် နအဖ စကခ(၁၂) လက်အောက်ခံ...
ဖာပွန်ခရိုင်တွင် ရွှေတူးလုပ်ငန်း တိုးချဲ့လုပ်ဆောင်ရန် KNU လက်မခံ
နိုဝင်ဘာလ ၂၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ရှိ မဲ့ကလယ့်လော်ချောင်းတွင် ရွှေလာရောက်တူးဖော်ခဲ့သည့် ကုမ္ပဏီများက ထို ဒေသရှိ နောက်ထပ် ချောင်းနှစ်ချောင်းဖြစ်သည့် မယ်တိုးချောင်းနှင့် မယ်ဝေချောင်းတို့ကိုပါ လာမည့် ၂၀၁၁ အတွင်း ရွှေလုပ်ငန်း များ ထပ်မံ တိုးချဲ့မည့် အစီအစဉ်ကို လက်မခံနိုင်ကြောင်း...
စစ်ရေးပဋိပက္ခကြောင့် နယ်စပ်ဒေသရှိ စာသင်ကျောင်းတချို့ ပိတ်ထားရ
နိုဝင်ဘာ ၂၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် မြဝတီခရိုင် ဝေါ်လေဒေသတွင် နအဖနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား စစ်ရေးပဋိပက္ခ အခြေအနေ ပိုမို ဆိုးရွားလာသောကြောင့် ယခုရက်ပိုင်းအတွင်း ထိုဒေသရှိ စာသင်ကျောင်းတချို့ကို ပိတ်ပစ်လိုက်ရသည်ဟု သိရသည်။
နအဖစစ်တပ်များသည် ယခုအပတ်အတွင်း ဝေါ်လေဒေသဘက်သို့ တဖြည်းဖြည်းချင်း အင်အားတိုးချဲ့လာသည့်အပြင် နယ် မြေခံ ကရင်တပ်ဖွဲ့များနှင့်...
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာမှုအပေါ် ကရင်အမျိုးသမီးခေါင်းဆောင်အချို့၏ ကြိုဆိုနှုတ်ခွန်းဆက်စကား
ကရင်သတင်းဌာန(ကေအိုင်စီ)
နန်းစေအွာ (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊
ဖားအံမြို့နယ် မဲဆန္ဒနယ်အမှတ်-၂၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP))
ဒေါ်စု အခုလို ပြန်လွှတ်လာတာ ကျမတို့ ဝမ်းသာတယ်။ လူထုခေါင်းဆောင်ဖြစ်တဲ့အတွက် ပြည်သူလူထုတွေလည်း သူ့ကို မျှော်လင့်နေကြတယ်။ အခု သူလွှတ်ပြီးတော့ လူထုကောင်းကျိုးအတွက် ကြိုးစားလုပ်ဆောင်သွားမှာပဲ။ အဲဒီအတွက် ကြိုဆိုတယ်။ ဒါပေမယ့် ဘယ်လောက်လုပ်နိုင်မယ်ဆိုတာတော့ အခု စစ်အစိုးရအပေါ်မူတည်နေသေးတယ်။ ဘာဖြစ်လို့လဲဆို...
ပစ်ခတ်မှုနောက်ပိုင်း မြဝတီတွင် စားသုံးကုန်ဈေးနှုန်းတက်လာ
နိုဝင်ဘာလ ၂၅ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုဝင်ဘာလ ၇ရက် ရွေးကောက်ပွဲရက်နောက်ပိုင်း ဖြစ်ပွားခဲ့သည့် ဒီကေဘီအေနှင့် နအဖ စစ်တပ် ပစ်ခတ်မှုအပြီးနောက်ပိုင်း စားသုံးကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာကြောင်း မြို့ခံလူထုက ပြောဆိုနေကြသည်။
မြဝတီမြို့နေလူထုသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ ဝင်ရောက်လာသည့် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များနှင့် ဖားအံ၊...
တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ပြည်သူ ၁,၀၀ဝခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်ပြေး
နိုဝင်ဘာလ ၂၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
မြဝတီခရိုင်၊ ဝေါ်လေဒေသတွင် နအဖနှင့် နယ်ခြားစောင့်တပ်တို့ ပိုမိုရောက်ရှိလာသည့်အတွက် နယ်မြေခံ ကရင်တပ်ဖွဲ့များ နှင့် တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားလာနိုင်သည့် အခြေအနေကြောင့် ယနေ့မွန်းလွဲပိုင်းတွင် ဝေါ်လေဒေသရှိ ဖလူးကျေးရွာမှ ပြည်သူ ၁,၀၀ဝခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်ပြေးတိမ်းရှောင်ကြသည်ဟု သိရသည်။
နအဖစစ်တပ်မှ...
နယ်ခြားစောင့်တပ်မှ ပိုးကရင် အဆိုတော် ဗိုလ်ထူ့လွီးအွာအား တပည့်ဖြစ်သူက ပစ်သတ်ခဲ့
နိုဝင်ဘာလ ၂၆ရက်။ ကေအိုင်စီ
မြဝတီမြို့နယ်၊ ရွှေကုက္ကိုကျေးရွာတွင် အခြေစိုက်သည့် နယ်ခြားစောင့်တပ်ရင်း (၁၀၁၈)မှ ဗိုလ်အဆင့်ရှိသူ ပိုးကရင်အဆိုတော် ထူ့လွီးအွာသည် နိုဝင်ဘာလ ၂၂ရက်နေ့တွင် တပည့်ရဲဘော်တစ်ဦး၏ ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့သည်ဟု သိရသည်။
အမည်မဖော်လိုသူ နယ်ခြားစောင့်တပ်မှူးတစ်ဦးက “ဒီလ ၂၂ရက်နေ့ ည ၁၁နာရီ ၁၅မိနစ်မှာ ဗိုလ်ထူ့လွီးအွာကို သူ့တပည့်...
ရွေးကောက်ပွဲအတွင်း အမျိုးသမီးနှင့် ကလေးများ ဒုက္ခရောက်ရကြောင်း WLB က ပြောဆို
နိုဝင်ဘာလ ၂၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာစစ်အစိုးရ ကျင်းပပြုလုပ်သည့် ၂၀၁ဝ ရွေးကောက်ပွဲကာလအတွင်း စတင်ဖြစ်ပွားခဲ့သည့် နယ်စပ်တိုက်ပွဲကြောင့် အမျိုးသ မီးနှင့် ကလေးများ ပိုမို ဒုက္ခရောက်ခဲ့ရသည်ဟု အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB)က ယနေ့ကျရောက်သည့် အမျိုး သမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့၌ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်သည်။
WLB၏ အထွေထွေ အတွင်းရေးမှူး(၁)ဖြစ်သူ...





