Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

‌ကေအဲန်ယူ ပစ်ခတ်မှု‌ကြောင့် စက်‌လှေပါ နအဖစစ်သားများ ‌သေ‌ကြေ ‌ပျောက်ဆုံး

ဇန်နဝါရီလ ၁၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်တွင် သံလွင်မြစ်အတွင်း နအဖစစ်သား ၁ဝဦး ပါလာသည့် စက်‌လှေကို ပြီးခဲ့သည့် ရက်ပိုင်းက ‌ကေအဲန်ယူ တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သဖြင့် စက်‌လှေတိမ်း‌မှောက်ကာ နအဖတပ်သားအားလုံး ‌သေ‌ကြေ‌ပျောက်ဆုံးသွားခဲ့‌ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ရက်‌နေ့ည‌နေ ၄နာရီခန့်တွင် တ‌ခေါ်ထာ့ရှိ...

‌တောင်ငူ‌ဒေသတွင် နအဖ တပ်ရင်း (၁၄)ရင်း တိုးချဲ့လှုပ်ရှားလာ

ဇန်နဝါရီလ ၁၈ရက်။ နန်းထူးစံ (‌ကေအိုင်စီ) ပဲခူးတိုင်းအ‌ရှေ့ခြမ်းဖြစ်သည့် ကရင်ပြည်နယ်‌မြောက်ပိုင်း၊ ‌တောင်ငူ‌ဒေသတွင် ယခုလဆန်းပိုင်းမှစ၍ အင်အား ၁,၀၀၀‌ကျော်ရှိသည့် နအဖ တပ်ရင်း ၁၄ရင်း တိုးချဲ့လှုပ်ရှားလာသည်ဟု ထို‌ဒေသမှ လာသည့်သတင်းအရ သိရသည်။ နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ (၉)လက်‌အောက်ခံ တပ်ရင်း ၇ရင်းနှင့် စကခ(၄) လက်‌အောက်ခံ တပ်ရင်း ၇ရင်းတို့သည်...

ဗစ်တိုးရီးယားပြည်နယ် Nhill ‌ဒေသတွင် ပထမဆုံးအကြိမ် ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပ

ဇန်နဝါရီလ ၁၅။ ‌စော‌ကျော်ခွီး (‌ကေအိုင်စီ) ကရင်မိသားစု (၈)စုသာ ‌ရောက်ရှိ‌နေထိုင်သည့် ဩစ‌တြေးလျားနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်ရှိ Nhill ‌ဒေသတွင် ၂၇၅ဝနှစ် ‌မြောက် ကရင်နှစ်သစ်ကူး‌နေ့ ပွဲ‌တော်အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ယ‌နေ့နံနက် (၁၁)နာရီခွဲမှ ည‌နေ(၄)နာရီ အထိ ကျင်းပပြုလုပ်ခဲ့သည်။ ကရင်အမျိုးသားအဖွဲ့အစည်း(AKO) ဗစ်တိုးရီးယားဌာနခွဲ၏ ကူညီပံ့ပိုးမှုဖြင့် ပြုလုပ်သည့် ၎င်းနှစ်သစ်ကူး...

အကျဉ်းသား‌ပေါ်တာ ၄ဦး ထပ်မံ လွတ်‌မြောက်လာ

ဇန်နဝါရီလ ၁၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ကရင်ပြည်နယ် KNU တပ်မဟာ(၇)အတွင်း ဝင်‌ရောက်လှုပ်ရှားလာသည့် နအဖ တပ်မ(၂၂) တပ်ဖွဲ့စစ်‌ကြောင်းများ နှင့်အတူ လိုက်ပါရသည့် အကျဉ်းသား‌ပေါ်တာ ၄ဦးသည် ယ‌နေ့တွင် နယ်‌မြေခံ ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်ဖွဲ့(KNLA)ထံသို့ ထပ်မံ ထွက်‌ပြေး‌ရောက်ရှိလာသည်ဟု သိရှိရသည်။ ဇန်နဝါရီလ ၄ရက်‌နေ့မှ ၁၁ရက်‌နေ့အတွင်း နအဖ...

လိုက်ဝံ့မှာလား

(လကင်္ာဒီပ) ငါ့ပြည်သူ ငါ့လူမျိုး ‌ခြေ‌နေဆိုးရွားလှပါ‌ပေါ့ ‌ကောင်းကျိုးချမ်းသာမဲ့စွာ ‌နေရာတကာ ‌အောက်ကျ‌နောက်ကျနဲ့ မိဘမဲ့သား ‌ရေ‌ဝေးငါးပမာ လူးလွန့်ကာ ‌လောကဓံထဲ။ ငါ့ပြည်‌ထောင် ငါ့နယ်‌မြေ သယံဇာတ‌တွေ ပ‌ဒေသရာဇ်‌တွေလက်ထဲ ဝက်ဝက်ကွဲသိမ်းဆည်းခံရ တစစ လုံးပါးပါးသွား ငါ့သားသမီးအ‌ရေး တစက်က‌လေးမှ သူမငဲ့။ ငါ့စာ‌ပေ ငါ့ယဉ်‌ကျေးမှု တားဆီးပြု သူချုပ်ချယ် ကန့်သတ်နယ် အဝန်းဝိုင်းလမ်း ကျဉ်းချဖမ်းဆီးခံ‌နေရ‌ပေါ့။ ညီ‌နောင်တို့‌ရေ... ငါ့နယ်‌မြေ‌တွေယူ ငါ့ပြည်သူ‌တွေကိုစ‌တေး ငါ့က‌လေး‌တွေကိုစ‌တေး ငါ့‌သွေး‌ချွေး‌တွေကို‌ခြေ‌ဆေး‌နေ ငါ့စာ‌ပေကိုဖျက်ဆီး ငါ့အသီးအပွင့်‌တွေကို ဝါးမြို ဒီလို ဝိသမ‌လောဘမဟာ စစ်အာဏာရှင် ရှင်းတဲ့ပွဲ မင်းလည်းနွဲဖို့လိုမယ်သူငယ်ချင်း။ ပြည်သူအချစ်ကိုရယူ ပြည်သူ‌တွေ‌တောင်းတတဲ့ ‌ကောင်းလှတဲ့‌ရွှေပြည်‌တော်ဆီ ငါရည်ရွယ်လမ်းစရှာလျက် အချစ်အတွက်‌တွေးကာ စစ်မက်‌ရေးရာကို ငါခုံမင်ခဲ့တယ်။ ငါတို့မှာ အဖိုး‌ထော့မဲပါရဲ့သဏ္ဍာန် မာန်စွမ်းအား‌တွေ ရှိတယ်။ ‌သေကွဲရှင်ကွဲ ‌ပျောက်ဆုံးလည်းပဲ အသဲမာ “မိုနာလီဇာ” နှလုံးနဲ့ အလှဆုံးပြုံး‌နေနိုင်တဲ့ မာ‌ကျောတဲ့ သံမဏိ‌မေ‌တွေလည်းရှိတယ်။ ညီ‌နောင်တို့‌ရေ..... ဘယ်‌တော့မှလည်း မ‌ဟောင်းနွမ်း အမြဲတမ်း သစ်ဆန်းကာထူး ‌စောဘဦးကြီးမူ‌လေးချက်နဲ့ ‌ရှေ့ဆက်ခဲ့ ခရီးကြမ်း‌လောကဓံ ‌တော်လှန်သမိုင်း ‌လျော်ကန်မရိုင်းပါဘူး ‌ပျော်စံတံတိုင်းကို ဦးတည်ရင်း မြင့်မြတ်ခြင်းပြုမဲ့...

‌ဝေါ်‌လေ‌ဒေသ တိုက်ပွဲ ပြင်းထန်လာ

ဇန်နဝါရီလ ၁၄ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ) ကရင်ပြည်နယ၊် မြဝတီခရိုင် ‌ဝေါ်‌လေ‌ဒေသ၌ နအဖနှင့် ကရင်ပူး‌ပေါင်းတပ်ဖွဲ့ဝင်တို့အကြား ယ‌နေ့တ‌နေ့လုံးနီးပါး အ ပြန်အလှန်ပစ်ခတ်မှုအ‌ခြေအ‌နေသည် ယခင်ရက်များထက် မိုပိုပြင်းထန်လျှက်ရှိသည်ဟု ကရင်တပ်ဖွဲ့များ ဘက်က ‌ပြောသည်။ စစ်သည်အင်အား ၁၈၀‌ကျော်ရှိသည့် နအဖစစ်တပ်မှ စကခ (၁၂)လက်‌အောက်ခံ ခလရ (၂၉၉)နှင့် စကခ (၈)လက်‌အောက်ခံ...

နအဖ စစ်ကားအစီး ၅၀‌ကျော် ကြာအင်းဆိပ်ကြီးနှင့် ‌ကော့ကရိတ်ဘက် ဝင်‌ရောက်လာ

ဇန်နဝါရီလ ၁၄ရက်။ နန်းထူးစံ (‌ကေအိုင်စီ) နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၅)လက်‌အောက်ခံ တပ်ရင်းများသည် ယခုဇန်နဝါရီလ ၁၂ရက်‌နေ့က စစ်ကားအစီး (၅၀) ‌ကျော်ဖြင့် ကြာအင်းဆိပ်ကြီးနှင့် ‌ကော့ကရိတ်မြို့နယ်အတွင်းသို့ ဝင်‌ရောက်လှုပ်ရှားလာ‌ကြောင်း ထို‌ဒေသမှလာသည့်သတင်းအရ သိရသည်။ နအဖ စကခ (၅)လက်‌အောက်ခံ တပ်ရင်းများသည် စစ်လက်နက်ပစ္စည်းများ၊ ရိက္ခာများနှင့်အတူ ဇန်နဝါရီလ ၁၂ရက်‌နေ့က စစ်...

‌ရှေ့ထွက်မိုင်း‌ပေါက်ကွဲမှု‌ကြောင့် ၉ဦး ထိခိုက်ဒဏ်ရာရရှိ

ဇန်နဝါရီလ ၁၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ကရင်ပြည်နယ် ‌ကော့ကရိတ်-မြဝတီကားလမ်း တံတားကျိုး‌နေရာတွင် ယ‌နေ့မနက်၌ ‌ရှေ့ထွက်မိုင်း ၁လုံး‌ပေါက်ကွဲခဲ့ရာ နယ်ခြား ‌စောင့်တပ်(BGF) တပ်ဖွဲ့ဝင် ၆ဦး၊ အရပ်သား ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယ‌နေ့နံနက် ၁ဝနာရီ‌ကျော်တွင် တံတားကျိုးအလွန်၊ နအဖ ခမရ (၃၅၆)စခန်းအနီးရှိ BGF တပ်ဖွဲ့ဝင်များ၏ကားကို...

ဖာပွန်‌ဒေသတွင် နအဖတပ်ရိက္ခာ ထမ်းရန် အရပ်သား ၄၀ဝ ကို BGF အဓမ္မ‌တောင်းခံ‌ပေး‌နေ

ဇန်နဝါရီလ ၁၃ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်း ရွာ‌ပေါင်း ၃၀‌ကျော်ရှိ‌သော ‌ကျေးရွာအုပ်စု ၃ခုမှ ‌ဒေသခံအရပ်သား ၄၀ဝဦးအား နအဖ စစ် တပ်ရိက္ခာကို ထမ်း‌ပေးရန် နယ်ခြား‌စောင့်တပ်-BGF (၁၀၁၃)တပ်ရင်းက ရွာသူကြီးများထံမှ ဇန်နဝါရီလ ၇ရက်‌နေ့ကတည်းက အဓမ္မ‌တောင်းခံ‌နေဆဲဖြစ်သည်ဟု သိရသည်။ အဆိုပါ BGF တပ်ရင်းသည်...

နအဖ၏ အကျဉ်းသား‌ပေါ်တာ ၅ဦး ထွက်‌ပြေးလွတ်‌မြောက်လာ

ဇန်နဝါရီလ ၁၂ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ) ကရင်ပြည်နယ်ရှိ ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေအတွင်းသို့ နအဖ တပ်မ(၂၂) လက်‌အောက်ခံတပ်များနှင့် ပါလာသည့် ‌ပေါ်တာများမှ အကျဉ်းသား‌ပေါ်တာ ၅ဦး ယခုရက်ပိုင်းအတွင်း ကရင့်အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့(KNLA)ထံ ထွက်‌ပြေး လွတ်‌မြောက်လာခဲ့သည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။ မွန်ပြည်နယ်၊ ‌တောင်စွန်း‌ထောင်မှ ဝင်း‌အောင်‌ဇော်၊ ရန်ကုန်တိုင်း အင်းစိန်‌ထောင်မှ ငြိမ်းချမ်း၊...
Donate