Home ထိပ်တန်းသတင်း ‌ဝေါ်‌လေ‌ဒေသတိုက်ပွဲ ဆက်လက် ဖြစ်ပွား‌နေဆဲ

‌ဝေါ်‌လေ‌ဒေသတိုက်ပွဲ ဆက်လက် ဖြစ်ပွား‌နေဆဲ

1384
ဧပြီလ ၄ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်‌တောင်ပိုင်း ‌ဝေါ်‌လေဂွင်တွင် ယ‌နေ့ ‌နေ့လည်ဘက်တွင် စစ်ကွပ်ကဲ‌ရေးဌာနချုပ်(၅) လက်‌အောက်ခံ တပ်များကို ‌ကေအဲန်ယူ တပ်ဖွဲ့များက အလစ်ဝင်‌ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁ဦး ကျဆုံးပြီး ၂ဦး ဒဏ်ရာရရှိသွား ‌ကြောင်း ‌ကေအဲန်ယူ၏ လက်နက်ကိုင်အဖွဲ့ ‌ကေအဲန်အယ်လ်‌အေဘက်က ‌ပြောသည်။

ယ‌နေ့‌နေ့လယ် ၁၁း၃၃အချိန်၌ ‌ဝေါ်‌လေ‌ဒေသရှိ ထီးသဲလယ်နဲ့ ‌မောခီးတွင် လှုပ်ရှား‌နေသည့် စကခ(၅)လက်‌အောက်ခံ ခမရ(၃၇၂)၊ (၅၄၄)တပ်ဖွဲ့ကို အလစ်ဝင်တိုက်ခိုက်ခဲ့ရာ မြန်မာစစ်တပ်ဘက်မှ ယင်းသို့ ကျဆုံးထိခိုက်ခြင်းဖြစ်သည်။

‌ဝေါ်‌လေ‌ဒေသအ‌ခြေစိုက် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်ရင်း (၂၀၁)မှ ဗိုလ်မှူးတဦးက “ဒီ‌နေ့ ထီးသဲ လယ်၊ ‌တေ့‌တေ့‌ဝေကျိုး‌ဒေသမှာ ခမရ(၃၇၂)၊ (၅၄၄) တပ်ဖွဲ့နဲ့ ကျ‌နော်တို့လူ‌တွေ တစ်ပွဲဖြစ်တယ်။ မိနစ်ပိုင်း‌လောက်ပါပဲ။ မ‌နေ့က လည်း တိုက်ပွဲတယ်၊ ပြီးခဲ့တဲ့ ၂ရက်‌နေ့ကလည်း ဖြစ်‌သေးတယ်။”ဟု ‌ပြောသည်။

ဧပြီလ ၃ရက်‌နေ့က ထိုအစိုးရတပ်ဖွဲ့နှင့် KNLA (၂၀၁)တပ်ဖွဲ့တို့အကြား တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ရာတွင် အစိုးရတပ်ဘက်က ၃ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့သလို ၂ရက်‌နေ့တွင်လည်း ‌ဝေါ်‌လေ‌ဒေသတွင်းရှိ ဘုရင့်‌နောင်ကုန်းတွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ခဲ့ပြီး မြန် မာတပ်ဖွဲ့ဘက်မှ တပ်ကြပ်ကြီး ၁ဦး‌သေဆုံးခဲ့ပြီး တပ်သား ၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု ‌ကေအဲန်အယ်လ်‌အေမှ ဗိုလ်မှူး‌စောကြည် ‌အောင်က ‌ပြောသည်။

အဆိုပါ တိုက်ပွဲများသည် ‌ပြောက်ကျားတိုက်ပွဲများသာဖြစ်၍ KNLA တပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှု မရှိခဲ့‌ပေ။