Hay Htoo
ပြည်နယ်ရုံးဗုံးဖောက်ခွဲနိုင်မှုမရှိစေရေး ရေဒီယိုလှိုင်းဖြတ်စက်တပ်ဆင်ထားသဖြင့် ဆက်သွယ်ရေးကိရိယာများ အသုံးပြုမှုအခက်ကြုံ
စက်တင်ဘာ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ဖားအံမြို့ ပြည်နယ်အုပ်ချုပ်ရေးရုံးကြီး တစ်မိုင်ပတ်ခြာလည်အား ဗုံးထောင်ဖောက်ခွဲနိုင်မှုမရှိစေရေး ရေဒီယိုလှိုင်းဖြတ် စက် Jumper Cover စက်များ တပ်ဆင်ထားသည့်အတွက် ရုံးလုပ်ငန်းလုပ်ဆောင်သည့် အခြားဆက်သွယ်ရေး ကိရိယာများအသုံးပြုမှု အခက်အခဲကြုံနေကြရကြောင်း စစ်ကောင်စီ လက်အောက်ခံ ၀န်ထမ်းများက...
စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ကော့ဝါလဲရွာသူတစ်ဦး ကျည်စထိမှန်ဒဏ်ရာရ
စက်တင်ဘာ ၁၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ။
ကော့ကရိတ်မြို့နယ် ကော့ဝါလဲကျေးရွာထဲသို့ ယနေ့ စက်တင်ဘာလ ၁၅ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသူအမျိုးသမီးတစ်ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ကော့ကရိတ်နှင့် ကျုံဒိုးမြို့ကြားရှိ စစ်ကောင်စီတပ် ခမရ ၅၄၆ တပ်ရင်းသည် ယနေ့ နံနက် ၈...
DKBA ဌာနချုပ်အနီး တိုက်ပွဲတွင် ဒေသခံထိခိုက်သေဆုံးမှုရှိ
စက်တင်ဘာ ၁၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ဒေါနအရှေ့ခြမ်း မြဝတီတောင်ဘက် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင် ကျေးရွာအနီး လေးဝေါ်(တောင်နီ) ကျေးရွာ၌ ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့နံနက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားသည့်တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုရှိသည်ဟု သက်ဆိုင်ရာ...
KNLA-PC, DKBA ခေါင်းဆောင်များ စစ်ခေါင်းဆောင်နှင့်ထပ်တွေ့ဆုံရန်သွားရောက်မှုအပေါ် ဝေဖန်မှုများရှိနေ
စက်တင်ဘာ ၁၅ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဒုတိယအကြိမ် တွေ့ဆုံရန် ယမန်နေ့ မွန်းလွဲပိုင်းက ကရင်ငြိမ်းချမ်း ရေးကောင်စီ(KNU/KNLA-PC)နှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA ခေါင်းဆောင်များ နေပြည်တော်သို့ ရောက်ရှိနေသည့်အပေါ် ကရင်လူမှုအသိုင်းအဝိုင်းအတွင်း ဝေဖန်မှုများရှိနေကြသည်။
ကိုရီးယားနိုင်ငံရောက် ကရင်အမျိုးသားတစ်ဦးက "တစ်တိုင်းပြည်လုံး မီးလောင်တိုက်သွင်း၊ မွမွကြေအောင် ဖျက်ဆီး နေတဲ့သူနဲ့...
ကရင်ပြည်နယ်ရှိ ပုဂ္ဂလိက လုပ်ငန်းအချို့ CDM လုပ်သူများကို အလုပ်လက်မခံ
စက်တင်ဘာ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့အတွင်းရှိ ပုဂ္ဂလိက လုပ်ငန်းအချို့သည် အလုပ်လာလျှောက်သည့် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လုပ်ထားသော အစိုးရဝန်ထမ်းများကို အလုပ်လက်မခံကြကြောင်း CDM များ၏ ပြောဆိုချက်အရ သိရသည်။
စစ်ကောင်စီလက်အောက်တွင် အလုပ်မလုပ်ချင်တော့ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM ပါဝင်သူအချို့သည် အချိန်ကြာလာသည်နှင့်အမျှ...
ထားဝယ်တွင် စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာသောကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ
စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် မြို့တွင်းမြို့ပြင်ရှိ စစ်ကောင်စီဂိတ်ရှိသည့်နေရာများတွင် လုံခြုံရေး အကြောင်းပြု၍ ဝင်ထွက်သွားလာသူများကို ဖမ်းဆီးစစ်ဆေးမှုများ ယခင်ကထက် ပိုမိုတင်းကြပ်လာသည့်အတွက် အခက်အခဲဖြစ်စေသည်ဟု ထားဝယ်ဒေသခံများက ပြောသည်။
ထိုဂိတ်များတွင် မှတ်ပုံတင်ကို အဓိကစစ်ဆေးလျက်ရှိပြီး နယ်ခံ မဟုတ်သည့်သူများကို...
ဖားအံမြို့ရှိ တပ်စခန်းအပေါ် ဒရုန်းတစ်စင်းပျံသန်းသည်ဟုဆိုကာ သေနတ်ပစ်ခတ်ပြီး အရပ်သား(၂)ဦးကို ဖမ်းဆီး
စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့ရှိ စစ်ကောင်စီတပ်စခန်းပေါ်သို့ ဒရုန်းယာဉ်တစ်စင်း ပျံသန်းသည်ဟုဆိုကာ စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်မှုများလုပ်ဆောင်ပြီးနောက် အနီးအနားရှိ အရပ်သား(၂)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု မြို့ခံများက ပြောသည်။
ဖားအံမြို့ အမှတ်(၉)ရပ်ကွက် သိမ်တော်ကြီးအနောက်ဘက်ခြမ်းရှိ စစ်ကောင်စီ တပ်မ (၂၂)...















