Hay Htoo
ရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် စစ်ရှောင်စခန်းကို မီးရှို့ဖျက်ဆီး ပစ်ခတ်ပြီး ထွက်ခွာ
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်၊၊ ကေအိုင်စီ၊၊
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဘဝပင်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ည စစ်ဘေးရှောင်စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီးနောက် ရွာမှ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု ဒေသခံများက ပြောသည်၊၊
ထားဝယ်ခရိုင်၊ ဘဝပင်ကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ...
ဆုံဆည်းမြိုင်ကျေးရွာရှိ စစ်ရှောင်ပြည်သူများ ရိက္ခာပြတ်လပ်မှုများနှင့်ကြုံတွေ့နေရ
စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ဒေါနတောင်အရှေ့ခြမ်း မြဝတီမြို့တောင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA ထိန်းချုပ်နယ်မြေ ဆုံဆည်းမြိုင်ကျေးရွာတွင် စစ်ကောင်စီတပ်များက လုံခြုံရေးတိုးမြှင့်ထားကာ ရိက္ခာလမ်းကြောင်းများ ဖြတ်တောက် ထားခြင်းကြောင့် ရွာရှိစစ်ဘေးရှောင်ပြည်သူများမှာ ရိက္ခာပြတ်လပ်မှုများနှင့်ကြုံတွေ့နေရသည်ဟု စစ်ရှောင် ကူညီနေသူများက ပြောသည်။
စစ်ကောင်စီတပ်များသည် စက်တင်ဘာလ(၈)ရက်နေ့မှစကာ (DKBA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး၏အိမ်နှင့်...
စစ်ကောင်စီက မုန်းမြို့နယ်ရှိ ကျေးရွာ(၃)ရွာကို အဓမ္မ္မပြောင်းရွှေ့ခိုင်း
စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)၊ မုန်းမြို့နယ်ရှိ ကျေးရွာ(၃)ရွာကို စစ်ကောင်စီတပ်က အတင်းအဓမ္မပြောင်းရွှေ့ထွက်ခွါခိုင်းသည့်အတွက် ဒေသခံရွာသားများ ပြောင်းရွှေ့ပေးကြရသည်ဟု သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ(၁၁) ရက်နေ့က ၎င်းနယ်မြေအတွင်း ဝင်ရောက်တပ်စွဲသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးဇေယျာလင်းက ကျေးရွာရပ်မိရပ်ဖများကို ခေါ်ယူ၍ တမာခေါနှင့်...
KNU ဘက် ခိုလှုံလာသည့် ရဲဘော်ဇော်ထွဋ်နှင့်မေးမြန်းခြင်း။
KNU ဘက် ခိုလှုံလာသည့် ရဲဘော်ဇော်ထွဋ်နှင့်မေးမြန်းခြင်း
"သူတို့အာဏာရူးလို့ ဒီလိုတွေဖြစ်ကုန်တာ အဲ့ဒါပဲ။ အဲတော့လည်း PDF ဆိုတာ အခုလို ပေါ်ပေါက်လာတာပေါ့။ " CDM ရဲဘော် ဇော်ထွဋ်
စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့က ဖလူး-ဝေါလေ လမ်းပိုင်း...















