Home ထိပ်တန်းသတင်း ဒုက္ခသည်ကို မကူညီရန် အစိုးရပိတ်ထားသည်ဟု ကချင်အမျိုးသမီးအဖွဲ့‌ပြောဆို

ဒုက္ခသည်ကို မကူညီရန် အစိုးရပိတ်ထားသည်ဟု ကချင်အမျိုးသမီးအဖွဲ့‌ပြောဆို

1848
ဩဂုတ်လ ၁၇ရက်။ (‌ကေအိုင်စီ)

အကူအညီလိုအပ်‌နေသည့် စစ်‌ပြေးဒုက္ခသည် နှစ်‌သောင်းခန့်ကို အစိုးရမှ မကူညီရန် ပြည်တွင်းပြည်ပ အဲန်ဂျီအိုအဖွဲ့များကို တားဆီးထား‌ကြောင်း ကချင်အမျိုးသမီးအဖွဲ့အစည်း(ထိုင်းနိုင်ငံ)က ‌ပြောသည်။

ဩဂုတ်လ ၁၆ရက် ‌နေ့စွဲဖြင့် ကချင်အမျိုးသမီးအဖွဲ့အစည်း (Kachin Women’s Association Thailand)က မြန်မာအစိုးရ တပ် နှင့် ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော် (KIA) တိုက်ပွဲ‌ကြောင့် တိမ်း‌ရှောင်‌နေကြသည့် ကချင်စစ်‌ပြေးဒုက္မသည်များကို အကူ အညီ မ‌ပေးရန် တားဆီးပိတ်ပင်ထားသည်ဆိုသည့် အစီရင်ခံစာကို ထုတ်ပြန်ထားသည်။

“NGOs အဖွဲ့‌တွေနဲ့ စုံစမ်းသိရှိချက်အရ ကချင်စစ်‌ပြေးဒုက္ခသည်‌တွေကို မကူညီဖို့ တားဆီးခံထားရတာရှိတယ်။ သူတို့အ‌နေနဲ့ က ကူညီဖို့ရှိ‌ပေမယ့် အဲလို တားဆီးခံထားရတာ ရှိတယ်။”ဟု ကချင်အမျိုးသမီးအဖွဲ့အစည်း ‌ပြောခွင့်ရ ရှဲလီဆိုင်းက ‌ကေအိုင်စီ ကို ‌ပြောသည်။

တိုက်ပွဲအရှိန်‌ကြောင့် ဇူလိုင်လမှ ယ‌နေ့အထိ ကချင်စစ်‌ပြေးဒုက္ခသည် ၁၆,၀၀ဝမှ ၂၀,၀၀ဝ ဝန်းကျင် တရုတ်-မြန်မာနယ်စပ်သို့ ထွက်‌ပြေးလာကာ ဒုက္ခသည်စခန်း ၁၅ခုတွင် တိမ်း‌ရှောင်‌နေကြသည်။ မြစ်ကြီးနားနှင့် ဝိုင်း‌မော်မှာပင် စစ်‌ပြေးဒုက္ခသည် ၃,၀၀ဝ ခန့် တိမ်း‌ရှောင်‌နေရသည်ဟု အစီရင်ခံစာ၌ ‌ဖော်ပြထားသည်။

ပြည်တွင်းမှာ တရားဝင် အဲန်ဂျီအိုအ‌နေဖြင့် မှတ်ပုံတင်ထားသည့် ပြည်ပအဲန်ဂျီအိုများဖြစ်ကြသည့် World Food Program ယူအဲန်‌အေဂျင်စီ အစရှိသည့် ပြည်တွင်းမှ အဲန်ဂျီအိုအဖွဲ့များမှ အကူအညီမရှိခဲ့‌ကြောင်းနှင့် ပြည်ပမှ တချို့‌သော အဲန်ဂျီအိုများ ထံမှ ကူညီမှုရ‌သော်လည်း လုံ‌လောက်မှုမရှိဟု ရှဲလီဆိုင်းက ‌ပြောသည်။

မြန်မာအစိုးရနှင့် (၁၇)နှစ်ကြာ အပစ်ခတ်ရပ်စဲထားသည့် ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်သည် ယခုနှစ် ဇွန်လခန့်မှစတင် ကာ အပစ်ခတ်ရပ်စဲ‌ရေး ပျက်ပြယ်သွားသည့် အ‌နေအထားတွင် အစိုးရတပ်နှင့် ‌ကေအို‌အေတို့ကြား တိုက်ခိုက်မှု‌ကြောင့် ‌ထောင်နှင့်ချီသည့် စစ်‌ပြေးဒုက္ခသည်များ တိမ်း‌ရှောင်‌နေရခြင်းဖြစ်သည်။

ဒုက္ခသည်များအတွက် လိုအပ်‌နေသည့် အကူအညီများအတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ World Food Program အဖွဲ့မှ လုံ‌လောက်သည့် ကူညီမှုမျိုးမ‌ပေးဘဲ အချိန်ကြာလာပါက ဒုက္ခသည်စခန်းရှိ က‌လေးငယ်များကြား အာဟာရချို့တဲ့မှုနှင့် ကြုံ‌တွေ့ရဖွယ်ရှိသည်ဟု အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

“ကချင်စစ်‌ပြေးဒုက္ခသည်‌တွေကို ကူညီဖို့ အပြည်ပြည်ဆိုင်ရာ အလှူရှင်အဖွဲ့‌တွေကို တိုက်တွန်းတယ်”ဟု အစီရင်ခံစာ၌ ရှဲလီ ဆိုင်းက ‌ပြောဆိုထားသည်။

၎င်းအပြင် မြန်မာအစိုးရသည် ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်နှင့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးရာတွင် ‌ကေအိုင်‌အေအ‌နေဖြင့် တပြည်လုံး အတိုင်းအတာဖြင့် အပစ်ခတ်ရပ်စဲရန် ‌တောင်းဆိုချက်ကို သ‌ဘောတူညီမှု မရရှိခဲ့‌ပေ။

‌မြေပုံ - (ကချင်စစ်‌ပြေးဒုက္ခသည်များရှိရာ ဒုက္ခသည်စခန်းများ)

KIA သည် ညီညွှတ်‌သော တိုင်းရင်းသား ဖက်ဒရယ်‌ကောင်စီ (UNFC) အဖွဲ့ဝင် ၆ဖွဲ့ထဲမှ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အပစ်အခတ် ရပ်စဲ‌ရေး လုပ်‌ဆောင်ရာတွင် ထိုအဖွဲ့များနှင့် အတူတကွ လုပ်‌ဆောင်ကြရန် သ‌ဘောတူညီထားသည်။ အလားတူ KWAT သည်လည်း အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်ပြီး ကချင်အမျိုးသမီးများအ‌ရေး လှုပ်ရှား‌ဆောင်ရွက်လျှက်ရှိသည်။