Home ထိပ်တန်းသတင်း စီးပွား‌ရေးဖွံ့ဖြိုးမှု ပြုပြင်‌ပြောင်း လဲ‌ရေးဆိုင်ရာ ‌ဆွေး‌နွေးပွဲသို့ တိုင်းရင်းသားပါတီများ တက်‌ရောက်

စီးပွား‌ရေးဖွံ့ဖြိုးမှု ပြုပြင်‌ပြောင်း လဲ‌ရေးဆိုင်ရာ ‌ဆွေး‌နွေးပွဲသို့ တိုင်းရင်းသားပါတီများ တက်‌ရောက်

1898
ဩဂုတ်လ ၁၉ရက်။ (‌ကေအိုင်စီ)

စီးပွား‌ရေးဖွံ့ဖြိုးမှု ပြုပြင်‌ပြောင်းလဲ‌ရေးဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ တိုင်းရင်းသား နိုင်ငံ‌ရေးပါတီများ အပါအဝင် ‌ရွေး‌ကောက်ပွဲ ဝင် နိုင်ငံ‌ရေးပါတီများ ယ‌နေ့ စတင် ‌တွေ့ဆုံကြသည်။

သမ္မတ ဦးသိန်းစိန် တက်‌ရောက်မည့် ထို‌ဆွေး‌နွေးပွဲတွင် ‌ရွေး‌ကောက်ပွဲဝင် နိုင်ငံ‌ရေးပါတီ (၃၇)ပါတီနှင့် အမျိုးသားဒီမိုက‌ရေစီ ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်ကိုပါ တရားဝင် ဖိတ်ကြားထားခြင်း ဖြစ်သည်။

‌နေပြည်‌တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(MICC)တွင် ကျင်းပသည့် စီးပွား‌ရေးဆိုင်ရာ အလုပ်ရုံ‌ဆွေး ‌နွေးပွဲသို့ နိုင်ငံ‌ရေးပါတီ တစ်ပါတီလျှင် ကိုယ်စားလှယ် ၃ဦးစီ တက်‌ရောက်ရန် ဖိတ်ကြားခံထားရသဖြင့် ဖလုံ-စ‌ဝေါ်ပါတီမှ ပါတီ ‌ခေါင်း‌ဆောင် သုံးဦး တက်‌ရောက်ခဲ့‌ကြောင်း ဘားအံမြို့ရှိ ပါတီဝင်တစ်ဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ပါတီကို ဖိတ်စာနဲ့ ဖိတ်ကြားထား‌ပေမယ့် ဖိတ်စာမှာ စီးပွား‌ရေးမြှင့်တင်မှုအတွက် ‌ဆွေး‌နွေးကြမယ် ဆိုတဲ့အ‌ကြောင်း ပဲ ပါတယ်။ ကျ‌နော်တို့ပါတီက ဒုဥက္ကဌ ‌စောမြထူး၊ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး စဘီကျင်ဦးနဲ့ အမျိုးသမီး ဥက္ကဌ ‌နော်ယုဇနဝါတို့ သုံး‌ယောက် မ‌နေ့ည‌နေက ဘားအံက‌နေ ထွက်တယ်‌လေ။”ဟု ဆိုသည်။

အလားတူ မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီမှ ကျိုက်မ‌ရောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ နိုင်စံတင်၊ ‌ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ နိုင်ချမ်းမြင့်၊ ‌ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ နိုင်‌အောင်နိုင်ဦး၊ မွန်ပြည်နယ် လူမှု‌ရေးနှင့် ယဉ်‌ကျေးမှုဝန် ကြီး ‌ဒေါက်တာမင်းနွယ်စိုးတို့ တက်‌ရောက်‌ကြောင်း သိရသည်။

သို့‌သော် ဩဂုတ်လ ၁၉ရက်‌နေ့တွင် တက်‌ရောက်ရမည့် ‌ဆွေး‌နွေးပွဲသို့ ထိုရက်မတိုင်ခင် နှစ်ရက်အလိုမှ ဖိတ်စာရသည့်အ တွက် နိုင်ငံ‌ရေးပါတီတချို့ ပြင်ဆင်မှုမရှိဘဲ ထို‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်ရသည်ဟု မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ ဥက္ကဌ နိုင်‌ငွေသိန်းက ‌ပြောသည်။

“ဖိတ်စာရ ‌နောက်ကျလို့ ဘာပြင်ဆင်မှုမှ မရှိဘူး။ ဘာ‌ဆွေး‌နွေးမယ်ဆိုတာလည်း မသိဘူး။ ဒါ‌ပေမယ့် ပါတီက ကြုံ‌တွေ့‌နေရတဲ့ စီးပွား‌ရေး အ‌ခြေအ‌နေ အရင်က ရှိခဲ့တာ ခွင့်ရရင် ‌ပြောမှာ‌ပေါ့။”ဟု နိုင်‌ငွေသိန်းက ‌ပြောသည်။

ထို‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်ရန် ‌ဒေါ်‌အောင်ဆန်းစုကြည်ကို သူမ၏ ‌နေအိမ်သို့ ဩဂုတ်လ ၁၇ရက်‌နေ့က ဖိတ်စာဖြင့် အဖိတ် ခံထားရသည်ဟု အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်မှ ‌ပြော‌ရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ‌ပြောသည်။

ယင်းစီးပွား‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ဩဂုတ်လ (၁၉)ရက်‌နေ့မှ (၂၁)ရက်‌နေ့ထိ သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံ ‌ရေးပုဂ္ဂိုလ်များ၊ စီးပွား‌ရေးလုပ်ငန်းရှင်များ အပါအဝင် အခြား အစိုးရအဖွဲ့အစည်းများ ပါဝင်‌ကြောင်း သိရသည်။