Hay Htoo
ရွာသားကို သူလျှိူဟု စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်
အောက်တိုဘာလ ၁၈ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
သျှမ်းပြည်နယ်၊ မူဆယ်မြို့နယ် မုန်းပေါ်ရွာအနီး မန်ဂွတ်ရွာ၌ စစ်စိမ်းရောင်ခါးပတ် ပတ်ထားသော ရွာသားတစ်ဦးအား သူလျှိုဟု စွပ်စွဲကာ ခမရ(၅၂၂)မှ ကွတ်ခိုင်ဗျူဟာမှူး ဗိုလ်မှူးကြီးစောကျော်သူ၏ လက်အောက်ခံ တပ်သားများက ယမန်နေ့မနက် ၈နာရီတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ကိုယ်တိုင်မြင်တွေ့ခဲ့သူ ရွာသားတစ်ဦးက “နှစ်ယောက်ကို ကြိုးတုတ်ဖမ်းတာဗျ။ တစ်ယောက်က...
မယ်ရာမိုစခန်း ရပ်ကွက်(၇-A)ကို ၂၀၁၂ခုနှစ်တွင် ပြောင်းရွှေ့မည်
အောက်တိုဘာလ ၁၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ဘက်ခြမ်းရှိ မယ်ရာမိုဒုက္ခသည်စခန်း ရပ်ကွက်(၇-အေ)ကို ၂၀၁၂ခု နှစ်တွင် ပြောင်းရွှေ့တော့မည်ဟု စခန်းတာဝန်ရှိသူများက ယနေ့ ပြောကြားလိုက်သည်။
လုံခြုံရေး အခက်အခဲကြောင့် ထိုရပ်ကွက်ကို မယ်ဟောင်ဆောင်၊ သူးမွဲမြို့နယ်ဘက်ခြမ်းရှိ မယ်ရာမိုစခန်းအတွင်းသို့ ပြောင်း ရွှေ့ရန် ပြီးခဲ့သည့်လ၌ ထိုင်းအာဏာပိုင်က ဖိအားပေးခဲ့ခြင်း...
လက်ကျန် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ညီနောင်ပါတီ ထပ်မံ တောင်းဆို
အောက်တိုဘာလ ၁၇ရက်။ (ကေအိုင်စီ)
မြန်မာပြည်အတွင်းရှိ အကျဉ်းထောင်များ၌ ကျန်ရှိနေသေး သည့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန် ညီနောင် တိုင်းရင်းသား ၅ပါတီက ကြေညာချက် ထုတ်ပြန်ပြီး အစိုးရကို တောင်းဆိုလိုက်သည်။
ညီနောင် ၅ပါတီက နှစ်ရှည်လများ အပြစ်ဒဏ်ချမှတ်ခံနေရသည့် ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ ကိုမင်းကို နိုင်နှင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ...
အမေလွတ်လာရင်
အောက်တိုဘာလ ၁၅ရက်။ နော်ဆဲကလယ်
သီတင်းကျွတ်လပြည့်ည။
မဲဆောက်မြို့ရဲ့ ကျောင်းကြီးဘုရားဝန်းထဲက ဆီမီးထိန်ထိန်တွေကြားမှာ ကျမကို လှမ်းခေါ်သံ ကြားလိုက်တယ်။ လူငယ်လေး တစ်ယောက်။ မှတ်မိလွယ်တဲ့ မျက်ဝန်းတွေနဲ့မို့ အားရဝမ်းသာပဲ ပြန်ထူးမိတယ်။
ဒီနေ့ဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ အကျဉ်းသားတွေကို ဒုတိယအကြိမ် ပြန်လွှတ်ပေးတဲ့နေ့လည်းဖြစ်တယ်။ ပြန်လွတ်...
ကချင်အမျိုးသမီး ၇ဦး အထမ်းသမားအဖြစ် အသုံးပြုခံရ
အောက်တိုဘာလ ၁၅ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ ခမရ(၅၂၂)တပ်ရင်းသည် မရစ်ရွာရှိ အမျိုးသမီး ၇ဦးကို အောက်တိုဘာလ ၁၂ရက်နေ့ က ဖမ်းဆီးသွားပြီး အထမ်းသမားများအဖြစ် အသုံးပြုခိုင်းစေသည်ဟု ဒေသခံ ရွာသားတစ်ဦးက ကေအိုင်စီကို ပြောသည်။
၎င်းအမျိုးသမီးများကို မွန်းလွဲ ၂နာရီခွဲတွင် မည်သည့်ဒေသဘက်သို့ ဖမ်းဆီးခေါ်ဆောင်ခဲ့မှန်း မသိသော်လည်း...
အစိုးရတပ် ရိက္ခာ အသိမ်းခံရ
အောက်တိုဘာလ ၁၅ရက်။ စောခါးစူး (ကေအိုင်စီ)
ကော့ကရိတ်မြို့နယ်ရှိ ဆုံဆည်းမြိုင်နှင့် အူးကလေ့ထာ့ရွာအကြား၌ အစိုးရတပ်မှ ထော်လာဂျီကား ၂စီးဖြင့် သယ်ဆောင်လာ သော တပ်ရိက္ခာကို လက်နက်ကိုင် မဟာမိတ်တပ်များက ယနေ့ နေ့လည်တွင် သိမ်းဆည်းခဲ့သည်ဟု သိရသည်။
တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA၊ ရခိုင်လွတ်မြောက်ရေးပါတီ-ALP နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF...
တိုင်းရင်းသားဂျာနယ်ကို ပြည်တွင်း သတင်းစာဆရာများ လိုလား
အောက်တိုဘာလ ၁၄ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
မြန်မာပြည်တွင်း၌ "The Union" အမည်ဖြင့် တိုင်းရင်းသားအရေး ဂျာနယ်ထုတ်ဝေမည့် ရည်ရွယ်ချက်မှာ တိုင်းရင်းသားများ၏ စာပေ ယဉ်ကျေးမှုနှင့် ဘဝအခြေအနေ များကို ဖော်ထုတ်နိုင်၍ ကောင်းမွန်ကြောင်း သတင်းစာ ဆရာကြီး မောင်ဝံသက ကေအိုင်စီသို့ ပြောသည်။
“ဝမ်းသာစရာသတင်းပါ။ တိုင်းရင်းသားတွေရဲ့ စာပေ၊...
ဖရူဆိုမြို့နယ်တွင်ကြက်ညှာချောင်း ဆိုးကြောင့် သေဆုံးမှုရှိ
အောက်တိုဘာလ ၁၄ရက်။ (ကေအိုင်စီ)
ကယားပြည်နယ် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ထားဒူခီးနှင့် ကေသက်ဒိုးကျေးရွာမှာ ကြက်ညှာချောင်းဆိုးရောဂါကြောင့် ကလေးသေဆုံးမှုရှိသည်ဟု ကရင်နီနယ်လှည့်ဆေးမှူးအဖွဲ့က ပြောသည်။
အောက်တိုဘာလ ပထမအပတ်ခန့်က စတင် ကူးစက်လာသည့် ကြက်ညှာချောင်းဆိုးရောဂါကြောင့် ကလေးငယ် အယောက် ၅၀ကျော် ထိုရောဂါကူးစက်ခံရပြီး ကလေးငယ်နှစ်ဦး သေဆုံးသွားကြောင်း ကရင်နီ ကျန်းမာရေးဌာန တာဝန်ခံ...
မြစ်ဆုံ အမှန်တကယ် ဆိုင်းငံ့ခြင်း မဟုတ်ဟု ကချင်ကွန်ယက်အဖွဲ့ ပြော
အောက်တိုဘာလ ၁၄ရက်။ စောခါးစူး (ကေအိုင်စီ)
မြစ်ဆုံစီမံကိန်း၏ လုပ်ငန်းခွင်တွင် အခြေခံဆက်သွယ်ရေးလုပ်ငန်းများ ဆက်လက် ရှိနေခြင်းသည် အမှန်တကယ် ဆိုင်းငံ့ခြင်း မဟုတ်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့(KDNG)က ယနေ့ ပြောကြားလိုက်သည်။
မြန်မာအစိုးရက မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ထားသည်ဟု ပြောသော်လည်း လတ်တလော ဆည်တည်ဆောက်ရေး အမှတ်(၇) နေရာ တောင်ဘက်ပိုင်းတွင် မြေလေ့လာ တိုင်းထွာခြင်းများ...
ပြည်ပ သီးလေးသီးအဖွဲ့ ဇာဂနာနှင့် တိုင်ပင်ပြီး ပြည်တော်ပြန်မည်
အောက်တိုဘာလ ၁၃ရက်။ စောခါးစူး (ကေအိုင်စီ)
ထိုင်းနိုင်ငံတွင် ကျန်ရှိနေသေးသည့် သီးလေးသီးအဖွဲ့မှ ပန်းသီး၊ ကြယ်သီးနှင့် အငြိမ့်မင်းသမီး မြစပယ်ငုံ(မီးမီး)တို့သည် ထောင်မှ လွတ်မြောက်လာပြီဖြစ်သည့် ဟာသ သရုပ်ဆောင် ဇာဂနာနှင့် တိုင်ပင်ပြီး ပြန်တော်ပြန်မည်ဟု ယနေ့ ပြောကြား လိုက်သည်။
၎င်းတို့၏ ဆရာဇာဂနာ အကျဉ်းထောင်မှ လွတ်မြောက်လာမှသာ မြန်မာပြည်ပြန်မည်...





