Hay Htoo
မီးကြောင့် UNကဒ်ပျက်စီးသူစာရင်း အုန်းဖျန်တွင် ကောက်ယူ
မတ်လ ၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
အုန်းဖျန်ဒုက္ခသည်စခန်းတွင် မီးလောင်ကျွမ်းမှုကြောင့် ဒုက္ခသည်သက်သေခံ(UN)ကဒ်ပြား ပျက်စီးဆုံးရှုံးခဲ့ရသူစာရင်းကို ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) တာဝန်ရှိသူနှစ်ဦးက ယနေ့ လာရောက်ကောက်ယူခဲ့ကြောင်း အုန်းဖျန်စခန်းဥက္ကဌ စောဝါး ထီးက ပြောသည်။
“မီးလောင်တော့ UN ကဒ်တွေ ပျောက်သွားတာပေါ့။ အဲဒီလိုလူတွေကို ဓါတ်ပုံပြန်ထုတ်ပေးဖို့...
မြောင်းမြ NLD လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မန်းဂျော်နီ ဝင်ရောက် အရွေးခံမည်
မတ်လ ၆ရက်၊ ၂၀၁၂ခုနှစ်။ စောသိန်းမြင့် (ကေအိုင်စီ)
လာမည့် ဧပြီလ ၁ရက်နေ့တွင် ကျင်းပပြုလုပ်မည့် လစ်လပ်မဲဆန္ဒနယ် (၄၈)နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းဂျော်နီက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ဝင်ရောက်အ ရွေးခံမည် ဖြစ်သည်။
မန်းဂျော်နီ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည့် မြောင်းမြမြို့နယ်တွင် ကရင်လူမျိုးအများအပြား...
ပထမဦးဆုံး အမျိုးသားသတင်းဆု ယခုလအတွင်း ချီးမြှင့်မည်
မတ်လ ၅ရက်။ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသားသတင်းဆု ချီးမြှင့်ပွဲကို လာမည့် မတ်လ(၁၈)ရက်နေ့တွင် အမျိုးသားသတင်း ဆုကော်မတီက ကျင်း ပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုအခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပမည်ဖြစ်ပြီး အခမ်းအနားတက်ရောက်ရန် သတင်းသမားများနှင့် တာဝန်ရှိ သူများကို ဖိတ်ကြားသွားမည် ဖြစ်သည်။
ဆုချီးမြှင့်ပွဲကို...
မြန်မာအစိုးရနှင့်တွေ့ဆုံဆွေးနွေးရေး တွင်KNU ကို ပြည်တွင်းပြည်ပ ကရင်များ ဝိုင်းရံသွားမည်
မတ်လ ၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် မြန်မာအစိုးရ တို့အကြား အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရေးတွင် KNU ကို ဝိုင်းရံပံ့ပိုးသွားမည်ဟု ကရင်ပြည်နယ် ဖာပွန်မြို့နယ် တနေရာ၌ ပြုလုပ်သည့် နိုင်ငံတကာ ကရင်အမျိုးသားများ နှီးနှောဖလှယ်ပွဲ သို့ တက်ရောက်လာသူ ကရင်အဖွဲ့အစည်း...
ဗမာစစ်သည်ဟုသံသယရှိသူ၂ဦးကရင် အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့
မတ်လ ၅ရက်၊ ၂၀၁၂၊ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ် မော်လီချိုင်း(သေ့ဘောဘိုး)ကျေးရွာတွင် အစိုးရစစ်သည်ဟု ထင်ရသူ အမျိုးသား ၂ဦးသည် ယမန် နေ့က ကရင်အမျိုးသမီးတစ်ဦးအား အတင်းအဓမ္မ ပြုကျင့်ရန် ကြိုးပမ်းခဲ့သည်ဟု သိရသည်။
ယမန်နေ့ညနေ ၄နာရီအချိန်တွင် အစိုးရစစ်သည်ဟု ထင်ရသူ အမျိုးသား၂ဦးသည် သေ့ဘောဘိုးကျေးရွာအပြင်...
၂၀၁၁ခုနှစ်ပဒိုမန်းရှာ လူငယ်ခေါင်း ဆောင်ဆုစောထူးထူး အယ်အားပေးအပ်ချီးမြှင့်
မတ်လ ၃ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)
၂၀၁၁ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ဖန်းဖောင်ဒေးရှင်းမှ Free Burma Ranger- FBR အဖွဲ့ဝင် စောထူးထူးအယ် အား မတ်လ ၁ရက်နေ့တွင် ပေးအပ်ချီးမြှင့်ခဲ့သည်။
၎င်းဆုကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွင် ပြုလုပ်ကျင်းပသည့် နိုင်ငံတကာ ကရင်အမျိုးသားများ နှီးနှောဖလှယ်ပွဲတွင် ပေးအပ်ခြင်းဖြစ်...
တိုင်းရင်းသားလူမျိုးစုမျိုးဆက်သစ်လူငယ်များအဖွဲ့ ကြားဖြတ်ရွေးကောက်ပွဲစောင့်ကြည့်မည်
မတ်လ ၂ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရိုးသားသန့်ရှင်းပြီး တရားမျှတမှုနှင့် လွတ်လပ်မှု ရှိသော ရွေးကောက်ပွဲမျိုး ဖြစ်မဖြစ် စောင့်ကြည့်သွားမည်ဟု တိုင်းရင်းသားလူမျိုးစု မျိုးဆက်သစ်လူငယ်များအဖွဲ့က ယနေ့ ကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်သည်။
၁၉၉ဝပြည့်နှစ်၌ ရွေးကောက်ပွဲဝင်ခဲ့သည့် တိုင်းရင်းသားပါတီများနှင့် ၂၀၁ဝ၌ ရွေးကောက်ပွဲဝင်ခဲ့သည့် တိုင်းရင်းသားပါတီများဖြင့် စုပေါင်းထားသည့်...
ရွှေတူးဖော်ရေးလုပ်ငန်းတိုးချဲ့လာမှုကြောင့် ဝင်းမောင်းကျေးနယ်မှ လယ်ကွင်း ၂၀ကျော်ပျက်စီး
မတ်လ ၂ရက်၊ ၂၀၁၂ခုနှစ်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြောက်ပိုင်း ဖာပွန်နှင့်ရွှေကျင်မြို့နယ်အကြားရှိ ဝင်းမောင်းကျေးနယ်အတွင်း ရွှေတူးဖော်ရေးလုပ်ငန်း တိုးချဲ့လာမှုကြောင့် ဒေသခံရွာသားများ၏ လယ်ကွင်း ၂၀ကျော် ပျက်စီးနေပြီဟု ထိုဒေသရှိ ရွာသားများက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU၏ ခွင့်ပြုချက်ဖြင့် ဖာပွန်မြို့နယ် ဝင်းမောင်းကျေးနယ်ရှိ ဘီးလင်းချောင်း နံဘေးတဝိုက်တွင် ထွန်းကြယ်ပွင့်၊ မြတ်ဖူး၊...
၂၀၁၁ခုနှစ်ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု FBRမှ စောထူးထူးအယ်ရရှိ
မတ်လ ၂ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ဖန်းဖောင်ဒေးရှင်းမှ နှစ်စဉ်ချီးမြှင့်ပေးလျှက်ရှိသည့် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုအား ၂၀၁၁ခုနှစ်ဆု အတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ထိမ်းချုပ်နယ်မြေ ကရင်ပြည်နယ်၊ ဒူးပလာယာ ခရိုင်အတွင်းရှိလူမှုကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက် နေသည့် Free Burma Ranger (FBR) အဖွဲ့မှ အသက် ၂၈နှစ်အရွယ် စောထူးထူးအယ်က...





