Home သတင်း ဗမာစစ်သည်ဟုသံသယရှိသူ၂ဦးကရင် အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့

ဗမာစစ်သည်ဟုသံသယရှိသူ၂ဦးကရင် အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့

1859
မတ်လ ၅ရက်၊ ၂၀၁၂၊ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ် ‌မော်လီချိုင်း(‌သေ့‌ဘောဘိုး)‌ကျေးရွာတွင် အစိုးရစစ်သည်ဟု ထင်ရသူ အမျိုးသား ၂ဦးသည် ယမန် ‌နေ့က ကရင်အမျိုးသမီးတစ်ဦးအား အတင်းအဓမ္မ ပြုကျင့်ရန် ကြိုးပမ်းခဲ့သည်ဟု သိရသည်။

ယမန်‌နေ့ည‌နေ ၄နာရီအချိန်တွင် အစိုးရစစ်သည်ဟု ထင်ရသူ အမျိုးသား၂ဦးသည် ‌သေ့‌ဘောဘိုး‌ကျေးရွာအပြင် လမ်းခုလတ်တ‌နေရာ တွင် အလုပ်လုပ်‌နေသူ အသက် ၂၂နှစ်အရွယ် ကရင်အမျိုးသမီးငယ်အား အဓမ္မပြုကျင့်ရန် ကိုယ်ထိလက်‌ရောက် ကြိုးပမ်းခဲ့ကြသည်ဟု ၎င်းအဖြစ်အပျက်ကို ‌ဆောင်ရွက်‌ပေး‌နေသူ ကရင်အမျိုးသမီးအစည်းအရုံးKWOမှ အဖွဲ့ဝင်တစ်ဦးက ‌ပြောသည်။

သူမက “သူ(အမျိုးသမီးငယ်) ‌ပြောပြတာက‌တော့ အဲဒီစစ်သား ၂‌ယောက်က ‌သေနတ်ရယ်၊ စစ်ယူနီ‌ဖောင်းရယ်ပါတယ်။ သူတို့‌ပြောတဲ့ စကား‌တွေ အားလုံးလည်း နားမလည်ဘူး။ သူ့ကို ‌ဆေးတမျိုး အတင်း‌ပေးနမ်းလို့ သူမူး‌ဝေသွား‌တော့ ‌တောတစ်‌နေရာကို ‌ခေါ်သွားတယ်။ သူ့ကို အဓမ္မကျင့်ဖို့ လုပ်‌တော့မယ်အချိန်မှာ ‌သေနတ်အသံတခုကြားလို့ အဲဒီလူနှစ်‌ယောက် ထွက်‌ပြေးသွားတယ်တဲ့။”ဟု ‌ပြောသည်။

၎င်းအမျိုးသမီးငယ်သည် အဆိုပါအမျိုးသား ၂နှစ်ဦး၏ အတင်းအဓမ္မ ဆွဲ‌ခေါ်မှုကို ကိုယ်လွှတ်ရုန်းရန် ကြိုးပမ်းရင်း သူမ၏ လက်နှစ်ဘက် မှာ ဒဏ်ရာအနည်းငယ်ရပြီး ယ‌နေ့အထိ ဝမ်းဗိုက်‌အောင့်ကာ ‌ခေါင်းမူး‌ဝေလျှက်ရှိသည်။

သူမအား ယ‌နေ့ ‌နေ့လည်တွင် ‌ဒေါက်တာစင်သီယာ‌မောင်၏ မယ်‌တော်‌ဆေးခန်းသို့ ပို့‌ဆောင်ခဲ့ပြီး သာမန် စမ်းသပ်မှုများ လုပ်‌ဆောင်‌ပေး ခဲ့‌သော်လည်း အဓမ္မပြုကျင့်မှု အထ‌မြောက်မ‌မြောက်ကိုမူ မသိရှိရ‌သေး‌ကြောင်း KWO က ‌ပြောသည်။

အဓမ္မပြုကျင့်ရန် ကြိုးပမ်းခံရသူ က‌လေး ၂ဦး၏ မိခင် အမျိုးသမီးမှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် ‌မော်လီ ချိုင်း (‌သေ့‌ဘောဘိုး)‌ကျေးရွာတွင် ခင်ပွန်းသည်နှင့်အတူ ‌နေ့စားလုပ်ကိုင်‌နေသူ ဖြစ်သည်။

ထိုနယ်‌မြေတွင် လှုပ်ရှား‌နေသည့် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း ၂၀၁မှ ဒုရင်းမှူး ဗိုလ်မှူးကြည်‌အောင်က အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့သူ အမျိုးသား ၂ဦးမှာ မြန်မာပြည်ဘက်ခြမ်း ‌သေ‌ဘောဘိုး‌ကျေးရွာ အ‌ခြေစိုက် အစိုးရစစ်တပ် စစ်ကွပ်ကဲ‌ရေးဌာနချုပ် -စကခ(၁၂) လက် ‌အောက်ခံ ခလရ(၂၉၉)မှ စစ်သည်များဖြစ်ကြသည်ဟု ‌ပြောသည်။

၎င်းက “မ‌နေ့တုန်းက ဗမာစစ်သား ၂‌ယောက် လက်နက် ၂လက်နဲ့အတူ ထိုင်းဘက်ခြမ်းကို ကူးသွားတယ်လို့ အဲဒီဘက် (‌သေ့‌ဘောဘိုး ‌ကျေးရွာ)မှာရှိတဲ့ ဒီ‌ကေဘီ‌အေက ကျ‌နော်တို့ကို သတင်း‌ပေးတယ်။ ကျ‌နော်တို့ စုံစမ်းချက်အရဆို အဲဒီဗမာစစ်သား ၂‌ယောက်ရဲ့ လက် ချက်ပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့‌တောင်ဘက် ကီလိုမီတာ ၁၀ဝနီးပါးရှိ ‌မော်လီချိုင်း(‌သေ့‌ဘောဘိုး)‌ကျေးရွာ၏ မျက်နှာချင်းဆိုင် မြန်မာနိုင်ငံဘက် ခြမ်း ‌သေ့‌ဘောဘိုးမှ အူးက‌လေ့ထာ့ ‌နေရာတဝိုက်တွင် ဒုတိယဗိုလ်မှူးကြီး ‌ဇော်‌ဇော်မိုး ဦးစီးသည့် ခလရ(၂၉၉) လှုပ်ရှားရာနယ်‌မြေ ဖြစ် သည်။

ပြီးခဲ့သည့် ၂၀၁ဝခုနှစ် ဒီဇင်ဘာလ၂၄ရက်‌နေ့ကလည်း အစိုးရစစ်တပ်မှ တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေ ဘီ‌အေ)ကို အကြီးအကျယ် ထိုးစစ်ဆင်သည့်ကာလကလည်း ‌ဝေါ်‌လေ‌ဒေသမှ အသက် ၁၅နှစ်အရွယ် အမျိုးသမီးတဦးနှင့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ တရားခံ မ‌ပေါ်ဘဲ အဓမ္မပြုကျင့် သတ်ဖြတ်ခြင်းခံခဲ့ရသည်။