Home သတင်း ‌မြောင်းမြ NLD လွှတ်‌တော် ကိုယ်စားလှယ်‌လောင်းအဖြစ် မန်း‌ဂျော်နီ ဝင်‌ရောက် အ‌ရွေးခံမည်

‌မြောင်းမြ NLD လွှတ်‌တော် ကိုယ်စားလှယ်‌လောင်းအဖြစ် မန်း‌ဂျော်နီ ဝင်‌ရောက် အ‌ရွေးခံမည်

1784
မတ်လ ၆ရက်၊ ၂၀၁၂ခုနှစ်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

လာမည့် ဧပြီလ ၁ရက်‌နေ့တွင် ကျင်းပပြုလုပ်မည့် လစ်လပ်မဲဆန္ဒနယ် (၄၈)‌နေရာအတွက် ကြားဖြတ် ‌ရွေး‌ကောက်ပွဲတွင် အမျိုးသားဒီမို က‌ရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း မန်း‌ဂျော်နီက ဧရာဝတီတိုင်း‌ဒေသကြီး၊ ‌မြောင်းမြမြို့နယ်တွင် ဝင်‌ရောက်အ ‌ရွေးခံမည် ဖြစ်သည်။

မန်း‌ဂျော်နီ ဝင်‌ရောက်ယှဉ်ပြိုင်အ‌ရွေးခံမည့် ‌မြောင်းမြမြို့နယ်တွင် ကရင်လူမျိုးအများအပြား ‌နေထိုင်ရာ‌ဒေသဖြစ်ပြီး ၎င်း၏ပြိုင်ဘက်မှာ ပြည်‌ထောင်စုအားကစားဝန်ကြီး ဦးတင့်ဆန်း၏သားလည်းဖြစ်၊ ACE ကုမ္ပဏီအကြီးအကဲနှင့် မြန်မာနယ်ရှင်နယ်လိဂ်မှ ‌နေပြည်‌တော် ယူနိုက်တက်‌ဘောလုံးအသင်းပိုင်ရှင်တစ်ဦးဖြစ်သည့် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီမှ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် ‌လောင်း ဦးဖြိုးကိုကိုတင့်ဆန်း ဖြစ်သည်။

ဦးတင့်ဆန်းသည် အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ် ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ပါတီစည်းရုံး‌ရေး ခရီးစဉ်များတွင် လူထု‌ဟော‌ပြောပွဲ များ ကျင်းပပြုလုပ်နိုင်ရန် ‌ဘောလုံးကွင်းများ အသုံးပြုခွင့်‌ပေးရန် ‌တောင်းခံမှုကို အသုံးမပြုရန် တားမြစ်ပိတ်ပင်ခဲ့သူ ဖြစ်သည်။

ထို့‌ကြောင့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်‌လောင်း မန်း‌ဂျော်နီအ‌နေဖြင့် ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် အနိုင်ရရန် အထူးသတိဝီရိယထား ယှဉ်ပြိုင်ရဖွယ်ရှိသည်ဟု နိုင်ငံ‌ရေး အကဲခတ်သူများက သုံးသပ်ကြသည်။

ယခုအချိန်တွင် မန်း‌ဂျော်နီသည် NLD ‌ရွေး‌ကောက်ပွဲ‌အောင်နိုင်‌ရေး အဖွဲ့‌ခေါင်း‌ဆောင် စခင်‌ဇော်လင်းဦးနှင့်အတူ စည်းရုံးလုပ်‌ဆောင် လျှက်ရှိရာ ‌မြောင်းမြမြို့နယ်အတွင်းရှိ ကရင်လူထုမှ တက်ကြွစွာ ပံ့ပိုးအား‌ပေးလျှက်ရှိသည်ဟု သိရသည်။

မန်း‌ဂျော်နီ‌ရွေး‌ကောက်ပွဲ ‌အောင်နိုင်‌ရေးအတွက် စည်းရုံး‌ရေးအဖွဲ့ဝင်တစ်ဦးက “အခု ဧရာဝတီတိုင်းမှာ အ‌ရွေးခံမယ့်‌နေရာ‌တွေမှာ သူ (မန်း‌ဂျော်နီ)လိုက်သွားတယ်။ NLD လည်း ဖြစ်တယ်။ ကရင်လည်းဖြစ်တယ်ဆို‌တော့ အများကြီး ‌ထောက်ခံပါတယ်။ ၇၅ရာခိုင်နှုန်း ‌လောက်‌တော့ ရမယ်ထင်တာပဲ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် မန်း‌ဂျော်နီနှင့်အပြိုင် ‌မြောင်းမြမြို့နယ်တွင် ဝင်‌ရောက်အ‌ရွေးခံမည့် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးဖြိုး ကိုကိုတင့်ဆန်းက စာသင်‌ကျောင်းများ တည်‌ဆောက်‌ပေးခြင်း၊ လယ်သမားများအား ‌ချေး‌ငွေထုတ်‌ပေးခြင်း စသည့် မဲဆွယ်စည်းရုံးမှုများ လုပ်‌ဆောင်လျှက်ရှိသလို မန်း‌ဂျော်နီအ‌နေဖြင့် ကြားဖြတ် ‌ရွေး‌ကောက်ပွဲတွင် အနိုင်ရရှိပါက ‌မြောင်းမြမြို့နယ်ရှိ ပြည်သူများ၏ အသံများကို လွှတ်‌တော်တွင် ‌တောင်းဆို‌ပေးသွားမည်ဟု ‌ပြော‌ကြောင်း ၎င်းစည်းရုံး‌ရေးအဖွဲ့ဝင်က ‌ပြောသည်။

မန်း‌ဂျော်နီကို ၁၉၄၂ခုနှစ်၊ ဇန်နဝါရီလ ၃ဝရက်‌နေ့တွင် ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်အ‌ရှေ့မြို့နယ်၊ ဆင်‌ဂေါင်းကြီး‌ကျေးရွာတွင် အဖ လယ်သမားကြီး ဦး‌ကျော်ဦး၊ အမိ ‌ဒေါ်‌ခြောက်တို့ ‌မွေးဖွားခဲ့ပြီး မကြာခင်၌ ဆင်‌ဂေါင်ကြီး‌ကျေးရွာ မီးရှို့ခံရကာ ဝဲကြီးရွာသို့ မိသားစုများ ထွက်‌ပြေးခဲ့ရပြီး ဝဲကြီးရွာ ဘုန်း‌တော်ကြီး ဦး‌ဇောတိကထံတွင် စတင် ပညာသင်ကြားခဲ့သည်။

သူသည် မူလတန်းပညာကို ပုသိမ်မြို့ St.Joseph’s Convent တွင်လည်း‌ကောင်း၊ အလယ်တန်းပညာကို ရန်ကုန်မြို့ St.Paul ‌ကျောင်း တွင်လည်း‌ကောင်း၊ အလယ်တန်းနှင့် အထက်တန်းကို ပုသိမ်မြို့ Catholic Boy’s Central School, Mayamchaung တွင် ‌အောင်မြင်ခဲ့ ပြီး‌နောက် B.A ဘွဲ့ကို ရန်ကုန်တက္ကသိုလ်နှင့် Dip in Education ဒီပလိုမာကို ရန်ကုန်ပညာ‌ရေးတက္ကသိုလ်တွင် ဆက်လက် ဆည်းပူးခဲ့ သည်။

ထို့‌နောက် ဇလွန်မြို့နယ်၊ ငပု‌တောမြို့နယ်၊ သာ‌ပေါင်းမြို့နယ်၊ ပုသိမ်မြို့နယ်၊ ‌လေးမျက်နှာမြို့နယ်၊ ပုသိမ်အ‌ရှေ့မြို့နယ်၊ ကျုံ‌ပျော်မြို့တို့ တွင် အလွတ်ပညာသင်ဆရာ၊ အလယ်တန်းပြဆရာ၊ အထက်တန်းပြဆရာနှင့် ကျုံ‌ပျော်မြို့နယ် ပညာ‌ရေးမှူးရုံးတွင် လက်‌ထောက်မြို့နယ် ပညာ‌ရေးမှူး စသည့် တာဝန်အသီးသီးကို ထမ်း‌ဆောင်ခဲ့သည်။

၁၉၉ဝခုနှစ်၊ ပါတီစုံဒီမိုက‌ရေစီ ‌ရွေး‌ကောက်ပွဲတွင် ကျုံ‌ပျော်မြို့နယ်၊ အမှတ်(၁)မဲဆန္ဒနယ်‌မြေမှ ပြည့်သူ့လွှတ်‌တော် ကိုယ်စားလှယ်အဖြစ် ‌ရွေး‌ကောက်ခြင်းခံခဲ့ရသည့်အပြင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၏ ကျုံ‌ပျော်မြို့နယ် စည်းရုံး‌ရေးအဖွဲ့ ဒုတိယဥက္ကဌ၊ ဧရာဝတီတိုင်း စည်း ရုံး‌ရေးအဖွဲ့ဝင်နှင့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၏ ဗဟို ဦးစီးအဖွဲ့ဝင်ဖြစ်သကဲ့သို့ ယခုအချိန်တွင် ဧရာဝတီတိုင်း‌ဒေသကြီး၌ အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်၏ တိုင်း‌အောင်နိုင်‌ရေးအဖွဲ့ တာဝန်ခံတစ်ဦး ဖြစ်သည်။

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ကို ပြန်လည်မှတ်ပုံတင်ခဲ့ရာတွင် ပါတီဖွဲ့စည်း‌ရေး အဆိုပြုသူ ‌ခေါင်း‌ဆောင် ၂၁ဦးတွင် ကရင်လူမျိုး ၂ဦးဖြစ် သည့် ကရင်ပြည်နယ်မှ ‌ဒေါ်နန်းခင်‌ထွေးမြင့်နှင့် ဧရာဝတီတိုင်း‌ဒေသကြီးမှ စခင်‌ဇော်လင်းတို့ ပါဝင်သည်။

လက်ရှိ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် NLD ဗဟိုဦးစီးအဖွဲ့ဝင်တွင် ပါဝင်သည့် ‌ဒေါ်နန်းခင်‌ထွေးမြင့်သည် ၁၉၉ဝ ပြည့်နှစ် ‌ရွေး‌ကောက်ပွဲ၌ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မဲဆန္ဒနယ်‌မြေအမှတ်(၃)တွင် NLD ၏ ပြည်သူ့ လွှတ်‌တော်ကိုယ်စားလှယ်အဖြစ် ဝင်‌ရောက်အ‌ရွေးခံခဲ့ရာ မှ မဲအနိုင်ရရှိခဲ့သူ ဖြစ်သည်။