Home သတင်း မီး‌ကြောင့် UNကဒ်ပျက်စီးသူစာရင်း အုန်းဖျန်တွင် ‌ကောက်ယူ

မီး‌ကြောင့် UNကဒ်ပျက်စီးသူစာရင်း အုန်းဖျန်တွင် ‌ကောက်ယူ

2311
မတ်လ ၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

အုန်းဖျန်ဒုက္ခသည်စခန်းတွင် မီး‌လောင်ကျွမ်းမှု‌ကြောင့် ဒုက္ခသည်သက်‌သေခံ(UN)ကဒ်ပြား ပျက်စီးဆုံးရှုံးခဲ့ရသူစာရင်းကို ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) တာဝန်ရှိသူနှစ်ဦးက ယ‌နေ့ လာ‌ရောက်‌ကောက်ယူခဲ့‌ကြောင်း အုန်းဖျန်စခန်းဥက္ကဌ ‌စောဝါး ထီးက ‌ပြောသည်။

“မီး‌လောင်‌တော့ UN ကဒ်‌တွေ ‌ပျောက်သွားတာ‌ပေါ့။ အဲဒီလိုလူ‌တွေကို ဓါတ်ပုံပြန်ထုတ်‌ပေးဖို့ ကိစ္စနဲ့လာတာပါ။”ဟု ‌စောဝါးထီးက ‌ပြော သည်။

UN ကဒ် ပျက်စီးသွားသည့် လူဦး‌ရေ မည်မျှရှိ‌ကြောင်းနှင့် UNHCR က အသစ် ပြန်ရိုက်‌ပေးမည့်အချိန်ကိုလည်း မသိရှိရ‌သေး‌ကြောင်း လည်း ၎င်းက ဆက်‌ပြောသည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ (၂၃)ရက်‌နေ့က အုန်းဖျန်ဒုက္ခသည်စခန်းရှိ ရပ်ကွက်(၆)၊ (၇)၊ (၈)တို့တွင် မီး‌လောင်မှု ဖြစ်ပွားခဲ့ပြီး ဒုက္ခသည်များ ၏ အိမ်‌ခြေတစ်‌ထောင်‌ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

UN ကဒ် ကိုင်‌ဆောင်ထားသူများသည် UNHCR က အသိအမှတ်ပြုထားသည့် ဒုက္ခသည်များဖြစ်ပြီး မိမိတို့ သွားလိုသည့် တတိယနိုင်ငံသို့ လည်း သွား‌ရောက်ရန် ‌လျှောက်ထားနိုင်ကာ ပညာသင်ကြားနိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်နိုင်သည့် အခွင့်အ‌ရေးများရှိသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ရပ်ကွက်(၁၆)ခု၌ အိမ်‌ခြေ (၃,၅၀၀)လုံး‌ကျော်ရှိ ကာ လူဦး‌ရေ (၁၇,၀၀၀)ခန့်ရှိသည်ဟု စခန်းတာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။