Hay Htoo
ဖားအံအကျဉ်းထောင်တွင် ပုဒ်မ (၅၀၅)ဖြင့် ထောင်ချခံထားရသည့် လူငယ်တစ်ဦး ပြန်လည်လွတ်မြောက်
စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံအကျဉ်းထောင်တွင် ပြီးခဲ့သည့် (၂၀၂၁)ခုနှစ်ကုန်ပိုင်းက စစ်ကောင်စီတပ်၏ ဖမ်းဆီးထောင်ချခြင်းကိုခံရသည့် လူငယ်တစ်ဦးဖြစ်သူ ကိုဟိန်းနောင်သည် ယနေ့ စက်တင်ဘာလ (၃၀)ရက် နံနက်(၇)နာရီအချိန်တွင် ပြန်လည်လွတ်မြောက်လာသည်ဟု နီးစပ်သူထံမှ သိရသည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖားအံမြို့တွင် တက်ကြွလှုပ်ရှားသူများ၊ ဆန္ဒပြလူငယ်များ အများအပြား...
စစ်ကောင်စီတပ်၏ လက်ယက်ကုန်းရွာ ကလေးငယ်များသတ်ဖြတ်မှုအား မဲဆောက်ဒေသ မြန်မာပြည်လူထုအသံလှုပ်ရှားမှုအဖွဲ့ ဆန့်ကျင်ရှုတ်ချပွဲပြုလုပ်
စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းမှ ကလေးငယ်များနှင့် ရပ်မိရပ်ဖများအား စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်မှုအား ဆန့်ကျင်ရှုတ်ချ ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်မှု အစီအစဥ်အား ထိုင်း-မြန်မာနယ်စပ်မဲဆောက်ဒေသ မြန်မာပြည်လူထုအသံ လှုပ်ရှားမှုအဖွဲ့မှ ယနေ့ နံနက်ပိုင်းက မဲဆောက်စျေးကြီးကုန်းနေရာတွင် ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့်...
ကေအဲန်ယူ၏ ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သည့် အုပ်ချုပ်စီမံခန့်ခွဲရေးသင်တန်း ပြုလုပ်ပြီးစီး
စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဦးစီးပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သည့် အုပ်ချုပ်စီမံခန့်ခွဲရေး သင်တန်းကို ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်ပြီးစီးခဲ့သည်ဟု သိရသည်။
ပြည်သူလူထုများအား အုပ်ချုပ်စီမံခန့်ခွဲရာတွင် ပိုမိုကောင်းမွန်ပြီး စနစ်တကျသည့် အုပ်ချုပ်ရေး စီမံခန့်ခွဲရေးဖြစ် လာစေရန်နှင့်...
ထူးဆန်းသည့်အရာဝတ္ထု (သို့မဟုတ်) ကိုယ်မသိသော အရာဝတ္ထု တစ်ခုခု တွေ့မည်ဆိုလျှင် (ပညာပေးကဏ္ဍ)
ပညာပေးကဏ္ဍ
-----------
ထူးဆန်းသည့်အရာဝတ္ထု (သို့မဟုတ်) ကိုယ်မသိသော အရာဝတ္ထု တစ်ခုခု တွေ့မည်ဆိုလျှင်
- မထိနဲ့
-မကိုင်နဲ့
- ဝေးဝေးနေ
=============
တၢ်ဟ့ၣ်ပီညါသနၢၣ်
--------------
နမ့ၢ်ထံၣ် တၢ်ဖိတၢ်လံၤလၢအလီၤဆီတခါခါန့ၣ်
-ဖီၣ်ဘူးတဂ့ၤ
-ထိးအီၤတဂ့ၤ
-အိၣ်ယံၤဒီးအီၤတက့ၢ်
KNLA သိမ်းပိုက်ခဲ့သော အဇင်းစစ်ကောင်စီတပ်စခန်းကို BGF တပ်ဖွဲ့များ ပြန်ထိုင်
စက်တင်ဘာ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-(KNLA)တပ်ဖွဲ့မှ စက်တင်ဘာလ (၂၇)ရက်တုန်းက တက်ရောက်သိမ်းပိုက်ခဲ့သော ကြာအင်းဆိပ်ကြီးမြို့နယ် အဇင်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို လက်ရှိတွင် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့များ ပြန်လည်နေထိုင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
အဇင်းကျေးရွာစစ်ကောင်စီတပ်စခန်းကို စက်တင်ဘာလ ၂၇ရက်နေ့၊ ည ၁၂ နာရီအချိန်တွင် (KNLA) တပ်ရင်း...
မြို့နယ် ၃ခု လျှပ်စစ်မီးပြတ်တောက်သည့်ကာလ တစ်လကျော်ကြာ ပြုပြင်နိုင်ခြင်းမရှိ၍ ပြည်သူများ စိတ်ပျက်
စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြ၀တီမြို့ အပါအ၀င် မြို့နယ် ၃ ခု လျှပ်စစ်မီး ပြတ်တောက်နေသည့်အပေါ် ပြုပြင်နိုင်ရန် သတင်းအမျိုးမျိုးထွက်နေသော်လည်း မီးပျက်နေသည့်ကာလ တစ်လအကျော်ကြာလာချိန်အထိ ပြုပြင်နိုင်ခြင်းမရှိသေးသည့်အတွက်စိတ်ပျက်နေရသည်ဟု မြ၀တီမြို့ခံများက ပြောသည်။
"မီးပြင်ဖို့က ကြာအုန်းမယ်ထင်တယ်ဗျ ။ အခုထိ အဲ့ဒီနေရာကို သွားဖို့ မဖြစ်နိုင်သေးဘူး။...
ညမထွက်ရအမိန့် ထုတ်ထားသော်လည်း ကော့ကရိတ်မြို့ လောင်းကစားရုံတွင် လူစည်ကားဆဲ
စက်တင်ဘာ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့များတွင် စစ်ကောင်စီက ညမထွက်ရ အမိန့်ထုတ်ပြန်ထားသော်လည်း ကော့ကရိတ်မြို့အမှတ်(၇)ရပ်ကွက်၊ တံတားဦးနားရှိ လောင်းကစားရုံ၌ ညတိုင်းလူစည်ကားနေဆဲဖြစ်သည်ဟု မြို့ခံပြည်သူများက ပြောသည်။
ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီးနောက် စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့တို့သည် ညအချိန် ဈေးဝယ်ထွက်လာသည့် ပြည်သူများအား ဒဏ်ငွေရိုက်ခြိမ်းခြောက်မှုများလုပ်ဆောင်သော်လည်း လောင်းကစားရုံတွင်မူ...
ဘုရားသုံးဆူရှိ ဘုရားတောင် စစ်ကောင်စီစခန်းကို KNLA သိမ်းပိုက်ပြီး ဒုတပ်ရင်းမှူးအပါအဝင် ၁၃ ဦးသေဆုံး
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ကေအိုင်စီ။
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီတပ်၏ ဘုရားတောင်စခန်းကုန်းကို ယနေ့ စက်တင်ဘာလ (၂၈)ရက် နံနက် (၆)နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ဖွဲ့များက တက်ရောက်သိမ်းပိုက်ခဲ့ပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးခဲ့သည်ဟု KNLA ဘက်က ပြောသည်။
ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီတပ်၏...















