Hay Htoo
ခေါင်းဆောင်တွင်း သဘောထားကွဲလွဲမှု သင်ပုန်းချေလိုက်ကြောင်း KNU ထုတ်ပြန်ပြောဆို
အောက်တိုဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
အမျိုးသားစည်းလုံးညီညွှတ်မှုကို ရှေးရှု၍ အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေသော ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး သင်ပုန်းချေလိုက်ပြီးဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ယနေ့ သဘောထား ထုတ်ပြန်လိုက်သည်။
ကရင်ပြည်နယ်၊ ဖားအံခရိုင် ကေအဲန်ယူထိန်းချုပ်နယ်မြေ လေးဝါးစခန်း၌ အောက်တိုဘာလ ၂၅ရက်မှ ၂၆ရက်နေ့အထိ ပြုလုပ်...
ကော့ကရိတ်-မြဝတီ တောင်ပတ် ကားလမ်းအသစ်ဖောက်ရန် ထိုင်း ကုမ္ပဏီမှ မကြာမီ စတင်တော့မည်
အောက်တိုဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
ကရင်ပြည်နယ်တောင်ပိုင်းရှိ ကော့ကရိတ်-မြဝတီ တောင် ပတ်လမ်း အသစ်ဖောက်လုပ်မည့် စီမံကိန်းကို ထိုင်းနိုင်ငံ လမ်းဖောက်လုပ် ရေးကုမ္ပဏီ (စီဆန်ကန်ယိုထ)က ယခုနှစ် နှောင်းပိုင်းတွင် လုပ်ငန်းစဉ် ပြန်လည် စတင်တော့မည်ဖြစ်ကြောင်း သိရသည်။
လမ်းဖောက်လုပ်ရေးသည် ဦးစွာအနေဖြင့် နယ်မြေတိုင်းထွာပြီး သဃင်္န်းညီနောင်မှ...
ကရင်ပြည်နယ်တွင်းရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကို နိုဝင်ဘာလ မကုန်ခင် ရွေးချယ်နေပြီ
အောက်တိုဘာလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို အသစ်ပြန်လည်ရွေးချယ်ရန် လာမည့် ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလလကုန်တွင် အပြီးသတ် ရွေးချယ်သွားမည်ဟု သိရသည်။
မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်တင်က “တနိုင်ငံလုံးအတိုင်းအတာ လုပ်ရမယ်ဆိုတော့ မြဝတီမှာလည်း ရပ်ကွက်တွေမှာ စတင်စီစဉ်နေပြီ။ နိုဝင်ဘာလအကုန်မှာ ပြီးအောင် လုပ်သွားဖို့ရှိတယ်”ဟု ကေအိုင်စီသို့...
ဩစတြေးလျားရောက် ကရင်ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူ
အောက်တိုဘာလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ စောကျော်ခွီး (ကေအိုင်စီ)
ဩစတြေးလျားနိုင်ငံ Victoria ပြည်နယ် Melbourne မြို့Werribee ရပ်ကွက် ဖှူံထုင်ယဲပြာထါ့(အတုလကာရီ ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း)တွင် သီတင်းသုံးနေထိုင်သည့် သက်တော် ၄၅နှစ်၊ ဝါတော် ၂၅ဝါရှိ အရှင်ပညာဝံသ (နောင်ဘို)သည် ပြီးခဲ့သည့်အပတ်က ပျံလွန်တော်မူသွားခဲ့သည်။
အရှင်ပညာဝံသသည် ယခုလ ၂ဝရက်နေ့က...
ပုဂ္ဂိုလ်ရေးထိခိုက်မှုမျိုးမီဒီယာ များ ရှောင်ကြဉ်ကြရန် ပြည်တွင်း NGO ကျန်းမာရေးအဖွဲ့များ ပြောဆို
အောက်တိုဘာလ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
မြန်မာမီဒီယာများအနေဖြင့် သတင်းရေးသားသည့်အခါ ပုဂ္ဂိုလ်ရေးထိခိုက်စေမည့်သတင်းမျိုး ရှောင်ကြဉ်ကြရန် မြန် မာနိုင်ငံအခြေစိုက် ကျန်းမာရေးနှင့် ဆက်စပ်သည့် အစိုးရမဟုတ်သောအဖွဲ့-NGO များက ယခုအပတ်အတွင်း ပြောကြားလိုက်သည်။
အောက်တိုဘာလ ဒုတိယပတ်က ထွက်ရှိသော ပြည်တွင်းထုတ် မဇိ္ဈမဂျာနယ်ပါ သတင်းတစ်ပုဒ်အရ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင် သည်ဟု...
ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့် သီးနှံများမစိုက်ပျိုးနိုင်၍ နဘုလယ်ဒေသခံအချို့ အခက်ကြုံ
အောက်တိုဘာလ ၂၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
တနသင်္ာရီတိုင်း ရေဖြူမြို့နယ်အတွင်းရှိ အီတာလျှံထိုင်းကုမ္ပဏီမှ ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် ဧရိယာထဲတွင် ပါဝင်နေသည့် နဘုလယ်ဒေသခံအချို့သည် စီမံကိန်းများကြောင့် ယခုနှစ် မိုးရာသီကာလမှစတင်ပြီး ရာသီစားသီးနှံများ မစိုက်ပျိုးနိုင်တော့သဖြင့်စားဝတ်နေရေး အခက်ကြုံနေကြလျှက်ရှိသည်။
နဘုလယ်ဒေသမှ မူးဒူး နှင့် မယင်းကြီးကျေးရွာများသို့ ရေနက်ဆိပ်ကမ်းစီမံကိန်းမှ တာဝန်ရှိသူများက...
ဗဟိုအထူးအရေးပေါ် အစည်းအဝေး ကျင်းပရန် KNU ညှိနှိုင်းဆွေးနွေးပြီးစီး
အောက်တိုဘာလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ ကြီး ၅ ကြီးအဖွဲ့နှင့် တဘက်မှ ပဒိုရောဂျာခင် အပါအဝင် ခရိုင် ခေါင်းဆောင်အချို့တို့သည် ကေအဲန်ယူအတွင်း ဖြစ်ပွားခဲ့သည့် သဘောထားကွဲလွဲမှုများကို နှစ်ရက်ကြာ ညှိနှိုင်းဆွေးနွေးပြီး လာမည့် အောက်တိုဘာလ ၂၅ရက်နေ့တွင်ဗဟိုအထူးအရေးပေါ် အစည်းအဝေးကျင်းပရန် သဘောတူညီမှု ရရှိခဲ့ သည်။...
ထိုင်းနိုင်ငံအတွင်း အလုပ်သမားလက်မှတ် မရှိသူများ ယခုနှစ်ကုန်ပိုင်းတွင် ဖမ်းတော့မည်
အောက်တိုဘာလ ၂၃ ရက် ၂၀၁၂၊ စဖန်းရှောင်း (ကေအိုင်စီ)
ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများအနေဖြင့် အလုပ်သမားလက်မှတ် မရှိ သူများ ယခုနှစ်ကုန်ပိုင်းတွင် ဖမ်းဆီးတော့မည်ဖြစ်ပြီး အလုပ်လုပ်ခွင့်လက်မှတ်(work permit) အမြန်ဆုံးလုပ် ကြရန် မဲဆောက်မြို့ရှိ အလုပ်သမားရုံးရှေ့တွင် ထိုင်းအာဏာပိုင်များက အသိပေးထားကြောင်း သိရသည်။
မဲဆောက်အခြေစိုက် အလုပ်သမားအရေးကို...
KSNG ဦးစီး၍ အုန်းဖျန်စခန်းတွင် ကလေးအခွင့်အရေး အကြောင်း အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
အောက်တိုဘာလ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ကျောင်းသားများကွန်ယက်အဖွဲ့-KSNG ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ အုန်းဖျန်ဒုက္ခသည် စခန်းတွင် ကလေးများ၏ လက်ရှိ ပညာရေးနှင့် အနာဂါတ်နှင့် ပတ်သက်၍ ၃ရက်တာ အလုပ်ရုံဆွေးနွေးပွဲတရပ်ကို ပြုလုပ်လျှက်ရှိသည်။
ယနေ့မှ စတင်၍ ပြုလုပ်သည့် ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် အုန်းဖျန်းစခန်းရှိ အသက် ၁၂နှစ်မှ...
မုံရွာမြို့နယ် ပြည်သူ့ညီလာခံ တွင် ပြည်ထောင်စုကရင်အမျိုးသား ကွန်ယက်မှ သဝဏ်လွှာပေးပို့
အောက်တိုဘာလ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဆည်တည်းရွာတွင် အောက်တိုဘာလ ၁၈ရက်မှ ၁၉ရက်နေ့အထိ ပထမဦးဆုံး အကြိမ် ပြည်သူ့ညီလာခံပြုလုပ်ရာ ပြည်ထောင်စု ကရင်အမျိုးသားကွန်ယက်မှ ညီလာခံအားထောက်ခံကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
ယင်းညီလာခံကို တက်ရောက်သည့် ဒီမိုကရေစီအရေးလှုပ်ရှားသူ ကရင်အမျိုးသမီး ဒေါ်နော်အုန်းလှမှ ကိုယ်စား ပြုဖတ်ကြားခဲ့ခြင်း ဖြစ်သည်။
နော်အုန်းလှက...





