Home သတင်း ကရင်ပြည်နယ်တွင်းရပ်ကွက်/‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးများကို နိုဝင်ဘာလ မကုန်ခင် ‌ရွေးချယ်‌နေပြီ

ကရင်ပြည်နယ်တွင်းရပ်ကွက်/‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးများကို နိုဝင်ဘာလ မကုန်ခင် ‌ရွေးချယ်‌နေပြီ

2431
‌အောက်တိုဘာလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)


ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၌ ရပ်ကွက်/‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများကို အသစ်ပြန်လည်‌ရွေးချယ်ရန် လာမည့် ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလလကုန်တွင် အပြီးသတ် ‌ရွေးချယ်သွားမည်ဟု သိရသည်။

မြဝတီမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးမြင့်တင်က “တနိုင်ငံလုံးအတိုင်းအတာ လုပ်ရမယ်ဆို‌တော့ မြဝတီမှာလည်း ရပ်ကွက်‌တွေမှာ စတင်စီစဉ်‌နေပြီ။ နိုဝင်ဘာလအကုန်မှာ ပြီး‌အောင် လုပ်သွားဖို့ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ရပ်ကွက်‌ပေါင်း ၉ခုရှိသည့်အနက် အမှတ်-၃ ရပ်ကွက် အပါအဝင် ရပ်ကွက်အချို့ မှာ သက်ဆိုင်ရာ အုပ်ချုပ်‌ရေးမှူးကို မဲ‌ပေးစနစ်ဖြင့် ‌ရွေးချယ်ပြီးစီးသွားပြီဖြစ်သည်ဟု သိရသည်။

ဖားအံမြို့ အမှတ်-၃ရပ်ကွက် ဆယ်အိမ်မှူးတစ်ဦးက “ကျ‌နော်တို့ရပ်ကွက်မှာရှိတဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၄၇ဦးက‌နေပြီး‌တော့ လျှို့ဝှက်မဲ‌ပေးစနစ်နဲ့ ‌ရွေးချယ်ရာမှာ ကျန်ရှိတဲ့ ဆန်ကာတင် ၃‌ယောက်ထဲက နဂိုအ‌ဟောင်းတစ်‌ယောက်ကိုပဲ ကျ‌နော် မဲ‌ပေးခဲ့ တယ်။ ကျန်တဲ့နှစ်‌ယောက်က သူတို့အ‌ကြောင်းကို သိပ်မသိထား‌တော့ မဲမ‌ပေးရဲဘူး ဖြစ်‌နေလို့ပါ”ဟု ‌ပြောသည်။

ယင်းသို့ ရပ်ကွက်အုပ်ချုပ်‌ရေးမှူး ‌ရွေးချယ်ရန်အတွက် တစ်ရက်ကြိုတင်ပြီး လာ‌ရောက်ဖိတ်ကြား‌သော်လည်း သာမန်ရပ်ကွက် ပြည်သူများမှာ မဲ‌ပေးခွင့်မရှိဘဲ နား‌ထောင်၊ ကြည့်ရှုရန်အတွက်သာ သွားရမည်ဖြစ်ပြီး မသွားချင်ပါကလည်း ‌နေနိုင်‌ကြောင်း လာ ‌ရောက်ဖိတ်ကြားသူက ‌ပြောဆိုသည့်အ‌ပေါ် မသွား‌ရောက်ခဲ့‌ကြောင်း ဖားအံမြို့ရှိ အမှတ်-၃ ရပ်ကွက်‌နေ အမျိုးသမီးတစ်ဦးက ဆို သည်။

ဖားအံမြို့ရှိ ရတနာဒီပ အမှတ် (၉)ရပ်ကွက်တွင်လည်း ရပ်ကွက်အုပ်ချုပ်‌ရေးမှူးအသစ် ပြန်လည် ‌ရွေးချယ်နိုင်ရန် ရပ်ကွက်အုပ် ချုပ်‌ရေးမှူး ‌ရွေးချယ်မှု ကြီးကြပ်‌ရေးအဖွဲ့မှ အရည်အချင်းပြည့်ဝသူ၊ စိတ်ပါဝင်စားသူ မည်သူမဆို စာရင်း‌ပေးသွင်းနိုင်သည်ဟု အသိ‌ပေးထားသည်။

ရပ်ကွက်၊‌ကျေးရွာ အုပ်ချုပ်‌ရေး ဥပ‌ဒေ အခန်း(၃) ပုဒ်မ(၅)ပါအရ ရပ်ကွက် အုပ်ချုပ်‌ရေးမှူးတစ်ဦးအဖြစ် ‌ရွေးချယ်ခံမည့်သူမှာ သက်ဆိုင်ရာ ရပ်ကွက်အတွင်း တစ်ဆက်တည်း ဆယ်နှစ် အနည်းဆုံး ‌နေထိုင်ခဲ့ပြီး လက်ရှိ အမှန်တကယ် ‌နေထိုင်သူ အသက် (၂၅)နှစ်ပြည့်သူ ဖြစ်ရမည်ဟု ‌ဖော်ပြပါရှိသည်။

ထို့အပြင် ယင်းဥပ‌ဒေအရ ရပ်ကွက်/‌ကျေးရွာအုပ်ချုပ်‌ရေးမှူးဖြစ်ရန် သင့်တင့်‌သော ပညာအရည်အချင်းရှိသူ၊ စားဝတ်‌နေ‌ရေး ဖူလုံမှုရှိသူ၊ သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်) ‌ကျေးရွာအုပ်စုများအတွင်း ‌နေထိုင်ရသူ၊ ကျန်းမာ‌ရေး‌ကောင်းမွန်ပြီး တာဝန်ကို ထမ်း‌ဆောင်နိုင်စွမ်းရှိသူ၊ တာဝန်ထမ်း‌ဆောင်ဆဲ အစိုးရဝန်ထမ်းမဟုတ်ရသူနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၊ မတရားအသင်း များနှင့် ဆက်စပ်ခြင်း မရှိသူ စသည့်အချက် (၁၁)ချက် ပါရှိသည်။